သို့ ချစ်သော ပူတာအို | Dear Putao - A Travel Story
Thiha, the Traveller
0:00 / 0:00
သို့ ချစ်သော ပူတာအို | Dear Putao - A Travel Story
46 604 просмотра · 3 года назад
Thiha, the Traveller
62,4 тыс. подписчиков
46 604 просмотра · 3 года назад
ကချင်ပြည်နယ် မြောက်ပိုင်းက ပူတာအိုမြို့လေးဟာ အလည်ရောက်ဖို့ ခက်ခဲတဲ့မြို့တစ်မြို့ပါ။ ရေခဲတောင်ပတ်လည်ဝိုင်းရံနေတဲ့ လွင်ပြင်ဒေသမို့ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၁၄၈၀ ခန့်သာရှိပေမယ့် အေးမြသာယာတဲ့ ရာသီဥတုရှိပြီး ရဝမ်၊ ဂျိန်းဖောကချင်၊ လီဆူ၊ ရှမ်း လူမျိုးတွေ နေထိုင်ကြပါတယ်။ ပူတာအိုမြို့လေးဟာ ဆိတ်ငြိမ်အေးချမ်းလွန်းပြီး ရိုးသားဖြူစင်တဲ့ဒေသခံတွေရှိတဲ့အရပ်ပါ။ ဒီမြို့လေးကို ရေခဲတောင်တက်ရင်း ရောက်လာကြသူများပါတယ်။ ပူတာအိုမှာ တကယ်တော့ ရေခဲတောင်တက်တာအပြင် အခြားသော စိတ်ဝင်စားဘွယ်နေရာလေးတွေလည်း ရှိပါသေးတယ်။ ဒီနေရာတွေအကြောင်းကို ဒီဗီဒီယိုကနေ တင်ဆက်ထားပါတယ်ခင်ဗျာ...
အားလုံးပဲ အစဉ်ကျန်းမာဘေးကင်းလို့ စိတ်ရွှင်လန်းကြပါစေ...
သီဟလုလင် (Thiha, the Traveller)