Перейти к содержимому

၁၃။ အပြည်ပြည်ဆိုင်ရာ ပဋိပတ္တိ တက္ကသိုလ်ဆိုတာ ဘာလဲ။

sayadaw ashinagginda

0:00 / 0:00

၁၃။ အပြည်ပြည်ဆိုင်ရာ ပဋိပတ္တိ တက္ကသိုလ်ဆိုတာ ဘာလဲ။

8 просмотров · 1 год назад
sayadaw ashinagginda
6,66 тыс. подписчиков
8 просмотров · 1 год назад
ပညတ် ပရမတ်ဆိုတာ နားမလည်ပဲနဲ့ ပေါ်ရာကို လျှောက်ရှုတာကို ဝိပဿနာလို့ ခေါ်နေတဲ့ပုဂ္ဂိုလ်တွေက ဒီ စျာန်သမာဓိတွေကို ကဲ့ရဲ့ နေကြတယ်။ ဒီ ဈာန်သမာဓိ စွမ်းအင်တွေကို ကျကျနန မသိပဲနဲ့ ၊ ဝိပဿနာမှာလာတဲ့ ခဏိကသမာဓိဆိုတာကို စာပေကျမ်းဂန်နဲ့ အညီ ကျကျနန မသိတဲ့ ပုဂ္ဂိုလ်တွေက ဝေဖန်နေကြတယ် ။ နားမလည်တဲ့လူတွေ ပြောတဲ့စကားကို မသိတဲ့လူတွေက ယုံနေကြတယ် ... ကမ္ဘာ့ပညာရှင် ဖားအောက်တောရ ဆရာတော် ဘုရားကြီး { ၂ဝ၁ဝ ဖားအောက်တောရ ၆ လ တရားစခန်း အမေးအဖြေကဏ္ဍမှ } Credit...... U Myomyat Thu ===================== 🙏🙏🙏 အာနာပါနကမ္မဋ္ဌာန်းသည် အပ္ပနာဈာန်သမာဓိရအောင် အားထုတ်ရမည့် ကမ္မဋ္ဌာန်းဖြစ်သည် 🙏🙏🙏 တေသု အာနာပါနံ ဒွိတ္တိံသာကာရော နဝသိဝထိကာတိ ဧကာဒသ အပ္ပနာကမ္မဋ္ဌာနာနိ ဟောန္တိ။ (မ၊ဋ္ဌ၊၁၊၃၀၅) အထက်ပါအဋ္ဌကထာ​၏ သတ်မှတ်ချက်အရ ဘုရားရှင်သည် မဟာသတိပဋ္ဌာနသုတ္တန်တွင် အာနာပါနပဗ္ဗကို ဟောကြားတော်မူရာဝယ် အပ္ပနာကမ္မဋ္ဌာန်းအဖြစ်နှင့် ဟောကြားတော်မူသည်ဟု မှတ်ပါ။ အပ္ပနာကမ္မဋ္ဌာန်းဟူသည် ကြည်လင်တောက်ပနေသော အာနာပါနပဋိဘာဂနိမိတ်ကို အာရုံယူ၍ ဥပစာရသမာဓိ ခေါ် ဥပစာရဈာန်ကိုလည်းကောင်း၊ (သို့) အပ္ပနာသမာဓိ ခေါ် အပ္ပနာဈာန်ကိုလည်းကောင်း၊ ရှေးဦးစွာ ရအောင် အားထုတ်ပြီးပါမှ ထိုဥပစာရသမာဓိ (သို့) အပ္ပနာဈာန်သမာဓိကို ဝိပဿနာ​၏ အခြေပါဒက ပြု၍ ဝိပဿနာသို့ကူးရန် ဟောကြားတော်မူသည်ဟု ဆိုလိုရင်းဖြစ်သည်။ ဤသတ်မှတ်ချက် အဆိုအမိန့်အရ ဤအာနာပါနကမ္မဌာန်းကို ပွားများအားထုတ်လိုသော သူတော်ကောင်းပုဂ္ဂိုလ်များသည် ဝိပသာနာသို့ မကူးမီ (သို့) ဒိဋ္ဌိဝိသုဒ္ဓိစခန်းသို့ မကူးမီ ရှေးဦးစွာ ဥပစာရသမာဓိဈာန် (သို့) အပ္ပနာသမာဓိဈာန်ကို ရအောင် အားထုတ်ရမည်ဟု ကြိုတင် မှတ်သားထားပါ။ "သမာဓိံ ဘိက္ခဝေ ဘာဝေထ၊ သမာဓိဟော ဘိက္ခဝေ ဘိက္ခု ယထာဘူတံ ပဇာနာတိ" သမာဓိကို ပွားများကြကုန်လော၊ သမာဓိရှိသောသူသည် မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိ​၏။ ကမ္ဘာ့ပညာရှင် ဖားအောက်တောရ ဆရာတော် ဘုရားကြီး Ref:- နိဗ္ဗာနဂါမိနိပဋိပဒါ - ပထမတွဲ၊ နှာ ၂၆၀၊ နှာ ၁၈၇ Credit...... Dhamma Tarani ================ စျာန်၏ အာနုဘော် ဗြဟ္မာပြည်ဆိုတာ မိန်းမလည်းမရှိ၊ ယောက်ျားလည်းမရှိတော့ လင်မယားချင်းရန်ဖြစ်ရတဲ့ပြဿနာတွေ ရော ရှိဦးမလား?မရှိတော့ဘူး။ သားရေး သမီးရေးအတွက်ပူပန်ရတဲ့ ဒုက္ခတွေလည်းမရှိတော့ဘူး။ ဘယ့်နှယ် တုန်း၊ ဒကာ/မကြီးတွေမကောင်းဘူးလား? လင်မယားချင်းရန်မဖြစ်ချင်ဘူး၊ သား သမီးတွေအတွက် ပူပန်မှူတွေ လည်း ကင်းချင်တယ်ဆိုရင်တော့ ပဝိဝေက သုခ လို့ခေါ်တဲ့ နီ၀ရဏတရား ကင်းဆိတ်ခြင်းကြောင့် ထင်ရှားဖြစ်ပေါ်လာရတဲ့ လောကီစျာန် လောကုတ္တရာ စျာန်ပီတိတွေကို ၀င်စားပြီး နေနိုင်အောင်ကျင့်ကြံကြိုးကုတ်ပွားများ အားထုတ်ကြပါ သာသနာတော်နှင့် တွေ့ခိုက်မှာသာ ရရှိနိုင်တဲ့ အခွင့်အလမ်း ဖြစ်ကြ​ေပတယ်။ ကမ္ဘာ့ပညာရှင် ဖားအောက်တောရ ဆရာတော် ဘုရားကြီး =============== ဝိပဿနာ ဆိုတာ ပစ္စုပ္ပန် ပေါ်ရာကို ရှု ရတယ်၊ အတိတ် အနာဂတ် နဲ့ ဘာမှ မဆိုင်ဘူး ဆိုတာ ရယ် ၊ ဈာန်သမာဓိ ထူထောင် လင်းရောင်ခြည် အားကောင်းမှ မြင်နိုင်တဲ့ ရုပ်တရား နာမ်တရားတွေကို ဈာန်သမာဓိ မထူထောင်လည်း ရပါတယ်ဆိုတာ ဘယ်သူတွေလည်း သာသနာဖျက်သူတွေပဲ မဟုတ်လား ... ကမ္ဘာ့ပညာရှင် ဖားအောက်တောရ ဆရာတော် ဘုရားကြီး Credit........... ဓမ္မဒါန - RE Insight ================ #ဘာဝနာဆိုတာ ဘာလဲ? =================== အဓိကုသလံ ဘာဝတေိ ဝဍျဎတေီတိ ဘာဝနာ။ ကံ ကုသိုလ်မှသည် - ဈာန် ကုသိုလ်သို့ ဈာန် ကုသိုလ်မှသည် - မဂ်ကုသိုလ်သို့ #ဖြစ်စေ - တိုးပွားစေ - ရရှိစေမှသာလျှင် သမထဘာဝနာ - ဝိပဿနာဘာဝနာလို့ ခေါ်ပါတယ်။ #ကံ ကုသိုလ်မှသည် - ဈာန်ကုသိုလ်သို့ ဈာန်ကုသိုလ်မှသည် - မဂ်ကုသိုလ်သို့ ဖြစ်စေအောင် - တစ်ဆင့်ထက်တစ်ဆင့် တိုးပွားအောင်- ရရှိအောင် တရားအားမထုတ်နိုင်ပါက သမထဘာဝနာ - ဝိပဿနာဘာဝနာလို့ မခေါ်ပါဘူး။ အရှင်အဂ္ဂိန္ဒ (မအူပင်) ============================ မြတ်စွာဘုရားဆိုလိုသော သမာဓိဆိုတာ ဘာလဲ? ရူပ ဈာန်အင်္ဂါ၊ အရူပ ဈာန်အင်္ဂါတို့၌ရှိသော ဧကဂ္ဂတာစေတသိက်သည် ​မြတ်စွာဘုရားဆိုလိုသော သမာဓိဖြစ်ပါသည်။ အရှင်အဂ္ဂိန္ဒ (မအူပင်) 30.12.2023 ===================== 🙏 ဈာန်တရား(ဈာနသမာပတ် ရှစ်ပါး)သည် အားကြီးသောမှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ဝိပဿနာဉာဏ်၊ မဂ်ဉာဏ်တို့ကို ကျေးဇူးပြုသလို အဘိညာဥ်တို့ကိုလည်း ကျေးဇူးပြုပါတယ်။ အရှင်အဂ္ဂိန္ဒ (မအူပင်) (10.1.2024) ========================== မဂ်ဖိုလ်နိဗ္ဗာန်ကိုတော့ လိုချင်တယ် ဈာန်ကိုတော့ ရအောင်အားမထုတ်ချင်ဘူးဆိုရင် ကမ္ဘာတစ်သိန်း ပါရမီဖြည့်ကျင့်ပါ။ ဓမ္မဒါန - အရှင်အဂ္ဂိန္ဒ (မအူပင်) ================== န ဟိ ပညာရဟိတာ သမာပတ်တိ ၊ သမာဓိရဟိတာ စ ဝိပဿနာ အတ်ထိ ။ ပညာ(ဝိပဿနာပညာ၊မဂ်ပညာ)ကင်းသော (ဈာန်)သမာပတ်သည်မရှိ။ ထို့အတူ သမာဓိ(ဈာန်)ကင်းသော ဝိပဿနာလည်း မရှိချေ ။ ဥပရိပဏ္ဏာသဋီကာ..၄၃၅ ။ Credit....... ရဟန်း ကျော် 🙏🙏🙏 ================ 🙏🙏🙏 ပိဋကတ်အနှစ်ချုပ် ဂါထာတော် 🙏🙏🙏 နတ်ထိ ဈာနံ အပညဿ၊ ပညာ နတ္ထိ အဈာယတော။ ယမှိ ဈာနဉ္စ ပညာစ၊ သ ဝေ နိဗ္ဗာနသန္တိကေ။ (ဓမ္မပဒ၊ ဂါထာ၊ ၃၇၂) အပညဿ=ဝိပဿနာပညာ မဂ်ပညာ မရရှိသော ​​ယောဂီအား။ ဈာနံ=သမာပတ်ဈာန်သည်။ နတ္ထိ=မရှိ။ အဈာယတော=သမာပတ်ဈာန် မရရှိသော ယောဂီအား။ ပညာ=ဝိပဿနာပညာ မဂ်ပညာသည်။ နတ္ထိ=မရှိ။ ယမှိ=အကြင်​ ယောဂီ၌။ ဈာနဉ္စ=သမာပတ်ဈာန်ကို၎င်း။ ပညာစ=ဝိဿနာပညာ မဂ်ပညာကို၎င်း။ အတ္ထိ=ရရှိအောင်ကြိုးစားပွားများအားထုတ်၏။ သ သော=ထို ယောဂီသည်။(သမာပတ်ဈာန် ဝိပဿနာပညာ မဂ်ပညာတို့ကို ရရှိအောင် ကြိုးစား ပွားများ အားထုတ်သော ထို ယောဂီသည်)။ ဝေ=စင်စစ် ဧကန် အမှန် မုချ။ နိဗ္ဗာနသန္တိကေ=နိဗ္ဗာန်နှင့် နီး၏။ (ဓမ္မပဒ၊၃၇၂) ဈာန်ကိုပယ်ရင် နိဗ္ဗာန်နှင့် ဝေးပြီး စင်စစ်ဧကန်အမှန်မုချ အဝီစိငရဲနှင့် နီး၏။ ============== ဤဓမ္မဒါန ကုသိုလ်ထူးကြောင့် အဓမ္မကွယ်ပြီး မြန်မာနိုင်ငံကြီး ကပ်ကြီးသုံးပါး ဘေးမှ အမြန်ဆုံး လွတ်မြောက်ပါစေ။ မေတ္တာများစွာဖြင့် အဂ္ဂိ​န္ဒောဝိယ ပုဂ္ဂလဝိသေသော ဇာနိတဗ္ဗော။ ဗုဒ္ဓသာသနာ ပြန့်ပွားရေး ငါ့အရေး ဉာဏ်ပညာမျက်စိ အလင်းဖွင့်ပေးသူ = အရှင်အဂ္ဂိန္ဒ (မအူပင်) သာသနာတော်နှစ် -၂၅၆၉ - ခုနှစ်၊ ၁၃၈၇ ခုနှစ်၊ တော်သလင်း လဆန်း (၁၄) ရက် ၊ သောကြာနေ့၊( 5 - 9 - 2025 )