စစ်တပ်အငိုက်မိခဲ့ပြန်တဲ့ မောတောင်မြို့သိမ်းတိုက်ပွဲ | People's Spring
People's Spring
0:00 / 0:00
စစ်တပ်အငိုက်မိခဲ့ပြန်တဲ့ မောတောင်မြို့သိမ်းတိုက်ပွဲ | People's Spring
174 401 просмотр · 11 месяцев назад
People's Spring
705 тыс. подписчиков
174 401 просмотр · 11 месяцев назад
စစ်တပ်အငိုက်မိခဲ့ပြန်တဲ့ မောတောင်မြို့သိမ်းတိုက်ပွဲ
နေ့သစ်/People's Spring
စစ်တပ်ကရွေးကောက်ပွဲကျင်းပခါနီးဆုံးရှုံးနယ်မြေတွေ ပြန်လည်ထိုးစစ်ဆင်ပြီးတော့ နယ်မြေအချို့ ပြန်ထိန်းချုပ်နိုင်တာကြောင့် ပွဲပြီးပြီ စစ်တပ်က နိုင်ပြီလို့ ကြွေးကြော်နေကြချိန်မှာပဲKNU/KNLA ဦးဆောင်တဲ့ မဟာမိတ်တပ်တွေကမြန်မာ-ထိုင်းနယ်စပ်က မောတောင်မြို့ကို သိမ်းပိုက်လိုက်တဲ့အကြောင်းဒီတစ်ပါတ်ပြောပြပါတယ်။
စစ်တပ်က မြဝတီ၊သက်န်းညီနောင် နဲ့ အာရှအဝေးပြေးလမ်းမကို တန်ပြန်ထိုးစစ်ဆင်ပြီး ဆုံးရှုံထားတဲ့ နယ်မြေတွေကို ပြန်သိမ်းနိုင်ချိန် မှာ KNU/KNLA ကလည်း တနင်္သာရီတိုင်း မှာ ထိုးစစ်ဆင်ပြီး နယ်စပ်မြို ကိုပြန်သိမ်းပိုက်လိုက်တာပါ။
စစ်တပ်က မြဝတီ ၊သက်န်းညီနောင် ၊လေးကေ့ကော်ဒေသက စခန်းတွေကို ပြန်ထိန်းချုပ်ပြီး KK Park မှာ ကျားဖြန့် နှိမ်နင်းရေးခေါင်းစဉ်နဲ့ဇာတ်ကားရိုက်နေစဉ် မှာ KNU နဲ့ ပူးပေါင်းတပ်တွေရဲ့ မောတောင်မြို့သိမ်း တိုက်ကွက်ကို စစ်တပ်အငိုက်မိခဲ့ပါတယ် ။
ဒါကြောင့် စစ်တပ်အတွက် သူကြေညာထားတဲ့ရွေးကောက်ပွဲတစ်လကျော်သာလိုတော့ချိန်မှာ နယ်စပ်ကအရေးပါတဲ့ မြိုတစ်မြို့ လက်လွှတ်ဆုံးရှံးလိုက်ရတာမို့ အထိနာသွားပါတယ် ။
မြန်မာ-ထိုင်းနယ်စပ်က အရေးပါတဲ့မြိုဖြစ်တဲ့ မောတောင်မြို့ကို KNU/KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက ၄ ရက်တည်းနဲ့သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။
မောတောင်နယ်စပ်လမ်းကြောင်း ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်တပ်က ထိုးစစ်ဆင်တာအပါအဝင် တနင်္သာရီတိုင်းအတွင်းမှာ စစ်အင်အားဖြည့်တင်း စစ်ရေးလှုပ်ရှားမှုတွေလုပ်နေချိန်မှာ တော်လှန်ရေးတပ်တွေက လျှပ်တပျက် ထိုးစစ်ဆင်ပြီးမြို့ သိမ်းပိုက်ခဲ့တာပါ။
KNLA တပ်မဟာ(၄) ပူးပေါင်းတပ်တွေဟာ အခုနှစ်နွေရာသီက စပြီး ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်းအပါအဝင် မြန်မာ-ထိုင်းနယ်စပ်က စစ်ကောင်စီစခန်းတွေ ကို ဆက်တိုက် သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
နိုဝင်ဘာမှာ ၁၄ ရက်မှာသိမ်းပိုက်လိုက်တဲ့ မောတောင်နယ်စပ်ကုန်သွယ်ရေးမြို့ဟာ မူလက KNU မြိတ်-ထားဝယ်ခရိုင် တနင်္သာရီမြို့နယ်ရဲ့ ဌာနချုပ် အခြေစိုက်ရာဖြစ်ပါတယ်။ ၁၉၉၂ ခုနှစ်ဝန်းကျင်မှာ စစ်တပ်ရဲ့ ထိုးစစ်ကြောင့်လက်လွှတ်ခဲ့ရတာလို့ KNU မြိတ်ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောပါတယ်။
နှစ်ပေါင်း ၃၃ နှစ်လောက် ဆုံးရှုံးထားရတဲ့ မောတောင်ကို ပြန်ရဖို့ KNU/KNLA တပ်မဟာ(၄) ပူးပေါင်းတပ်တွေဟာ သုံးလလောက် ပိတ်ဆို့ ဖြတ်တောက်ခဲ့ပါတယ် ။မြို့သိမ်းတိုက်ပွဲကိုတော့ နိုဝင်ဘာ ၁၁ရက်မှာ စတင်ခဲ့တာပါ။ ထိုးစစ်မစခင်ကတည်းကကြိုသတင်းရခဲ့တဲ့ စစ်တပ်ဟာ နိုဝင်ဘာ ၁၀ရက် ညကတည်းက လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့လို့ ထောင်ချီတဲ့မောတောင်ဒေသခံတွေ ထိုင်းဘက်ခြမ်းကို ထွက်ပြေးခဲ့ရပါတယ်။
နိုဝင်ဘာ ၁၁ရက်ကစလို့ တိုက်ပွဲကာလတလျှောက်လုံး စစ်တပ်က လေကြောင်းပစ်ကူ ပေးတိုက်ခိုက်ခဲ့ပေမယ့် မောတောင်စခန်းက စစ်ကောင်စီတွေဟာ ထုံးစံအတိုင်း ထိုင်းဘက်ကို ထွက်ပြေးခဲ့ကြတာပါ။
တိုက်ပွဲ ၄ရက်မြောက်နေ့ဖြစ်တဲ့ နိုဝင်ဘာ ၁၄ရက်မနက်အစောမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထွက်ပြေးသွားလို့ အင်အား ၁၀၀လောက်ရှိတဲ့ စစ်တပ်ရဲ့ ခလရ-၂၂၄အခြေစိုက်တဲ့ မောတောင်မြို့က နယ်စပ်ဗျူဟာစခန်းကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ မောတောင်မြို့မှာ စစ်တပ်က ဒီဗျူဟာစခန်းပဲ ရှိတာမို့ စခန်းကို သိမ်းပိုက်ထိန်းချုပ်လိုက်တာနဲ့ မြို့ကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ် ။
မြို့သိမ်းတိုက်ပွဲကို KNLA ၊BPLA၊ FFD ၊KNDO နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ပူးပေါင်းစစ်တင်ခဲ့တာပါ။
တိုက်ပွဲအတွင်း စစ်သုံ့ပန်း(၄၀)ကျော် ဖမ်းဆီးရမိခဲ့ပါတယ် ။ဒါအပြင် ၁၂၀ မမ လက်နက်ကြီး ၂လက်၊ ကျည် ၁၈၇ တောင့်၊ .5 စက်သေနတ် ၁လက် ၊ ၆၀ မမ ၃လက်၊ RPG ၂လက်၊ ငါးကြင်းမြီး ၁လက်၊လက်နက်ငယ် ၃၆လက်နဲ့ အခြားလက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) နဲ့ Force for Federal Democracy(FFD) တို့ကထုတ်ပြန်ပါတယ်။
တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ထိုးစစ်ကို မခံနိုင်တာကြောင့် စစ်သားအများစုဟာထိုင်းနိုင်ငံထဲကိုထွက်ပြေးကြပါတယ် ။ဒါပေမယ့် ထွက်မပြေးနိုင်တဲ့ ၊ပိတ်မိတဲ့ စစ်သား ၄၀ ကျော်ကိုတော့ဖမ်းဆီးနိုင်ခဲ့တာပါ။
ထိုင်းနိုင်ငံထဲကို ထွက်ပြေးသွားတဲ့ စစ်သားတွေထဲမှာ အရာရှိ သုံးဦးက ဒဏ်ရာနဲ့ ရထားလို့ ထိုင်းအာဏာပိုင်တွေက ဆေးရုံတင်ပေးထားတယ်လို့ လည်းစုံစမ်းသိရပါတယ်။
"စစ်ကောင်စီရဲ့ ရွေးကောက်ပွဲနီးကာမ တနင်္သာရီတိုင်းမှာ မောတောင်မြို့ကိုသိမ်းပြီး ရှမ်းမြောက်မှာလည်း စစ်ရေးပြန်လှုပ်ရှားလာတော့ လူထုအတွက်တော့မျှော်လင့်စရာဖြစ်လာပြီ"လို့ ရန်ကုန်မြို့ခံတယောက်က မှတ်ချက်ပြုပါတယ်။
မောတောင်မြိုဟာထိုင်း-မြန်မာနယ်စပ် ထိုင်းနိုင်ငံ၊ ပရာကျွတ်ကရီခမ်ခရိုင်က ဆင်ခွန်းမြိုနဲ့ ထိစပ်နေတဲ့ ကုန်သွယ်ရေးမြို့ဖြစ်ပါတယ်။ မောတောင်ကုန်သွယ်ရေးစခန်းကို ၂၀၁၃ မေလမှာ စတင်ဖွင့် လှစ်ခဲ့တာပါ။ လက်ရှိမှာတော့ တိုက်ပွဲတွေကြောင့် ကုန်သွယ်ရေးစခန်းပိတ်ထားပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်မှာ စစ်တပ်စိုးမိုးထားတဲ့ ဒီဒေသကို KNU ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်ပြီး ၂၀၂၄ ခုနှစ်မှာ မောတောင်နဲ့ ရေဖြူကြား လမ်းမတလျှောက်ကိုတော်လှန်ရေးတပ်တွေက ထိန်းချုပ်နိုင်ခဲ့ပါတယ်။
ဒါကြောင့် ၂၀၂၄ နှစ်ကုန်ပိုင်းမှာ စစ်တပ်ကဆုံးရှုံးနယ်မြေတွေပြန်ရဖို့ တန်ပြန်ထိုးစစ်ဆင်တယ်။ ဒါပေမဲ့ စစ်တပ်ထိုးစစ်က တိုးမပေါက်ခဲ့ပါဘူး။
KNU ဗဟိုပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကလည်း"ခက်ခဲကြမ်းတမ်းတဲ့လမ်းခရီးတွေနဲ့ကြုံရပေမဲ့လို တလှမ်းချင်းဆက်ပြီးအာဏာရှင်စနစ်တွေကျဆုံးရေးအတွက်တစိုက်မတ်မတ်ဆက်လက်လုပ်ဆောင်သွားမယ်ဆိုတာ ပြည်သူတွေကိုထပ်မံအသိပေးချင်ပါတယ်" လို မောတောင်မြို့ပြီးနောက် ပြည်သူတွေပေါ်သတင်းစကား ပါးပါတယ်။
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
/ subscribe
𝗬𝗼𝘂𝗧𝘂𝗯𝗲 - / @peoplespring
𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 - / ludunwayoo
𝗪𝗲𝗯𝘀𝗶𝘁𝗲 - https://www.ludunwayoo.com/
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - https://t.me/peoplespring
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #psalm23