ရေတပ်ရဲ့ လျှို့ဝှက်စစ်ဆင်ရေးလှေငယ်များ | ရန်သူ့ကမ်းခြေကို ဘယ်လို ချဉ်းကပ်ကြသလဲ?
Burma SannPyar TV Channel и ещё 2
0:00 / 0:00
ရေတပ်ရဲ့ လျှို့ဝှက်စစ်ဆင်ရေးလှေငယ်များ | ရန်သူ့ကမ်းခြေကို ဘယ်လို ချဉ်းကပ်ကြသလဲ?
2 409 просмотров · 5 дн. назад
Burma SannPyar TV Channel и ещё 2
2 409 просмотров · 5 дн. назад
အဝေးမှာရှိနေတဲ့ စစ်သင်္ဘောတစ်စီးကနေ ရန်သူ့ကမ်းခြေအထိ အထူးစစ်ဆင်ရေးတပ်ဖွဲ့တွေကို ဘယ်လို လျှို့ဝှက်စွာ ပို့ဆောင်ကြသလဲ။
ဒီဗီဒီယိုမှာတော့ အမေရိကန်ရေတပ်နဲ့ မရိန်းတပ်ဖွဲ့တွေ အသုံးပြုတဲ့ Combat Rubber Raiding Craft (CRRC) လို့ခေါ်တဲ့ လေထိုးရော်ဘာလှေငယ်တွေအကြောင်းကို လေ့လာတင်ဆက်ပေးထားပါတယ်။
အရွယ်အစားသေးငယ်ပြီး သယ်ယူရလွယ်ကူတဲ့ ဒီလှေငယ်တွေဟာ ရေငုပ်သင်္ဘောတွေနဲ့ စစ်သင်္ဘောကြီးတွေပေါ်ကနေ ဘယ်လို လွှတ်တင်အသုံးပြုကြသလဲ။ ရဟတ်ယာဉ်ပေါ်ကနေ ရေထဲခုန်ဆင်းတဲ့ Helocasting နည်းလမ်းက ဘယ်လို အလုပ်လုပ်သလဲ။ ဒါ့အပြင် RHIB လှေတွေကို အသုံးပြုပြီး သင်္ဘောတစ်စီးပေါ် တက်ရောက်ရှာဖွေစစ်ဆေးတဲ့ VBSS စစ်ဆင်ရေးတွေကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။
အဲဒီအပြင် လေထီးတပ်သားတွေက လေယာဉ်ကွင်းတွေကို သိမ်းပိုက်ပုံ၊ ရှေ့တန်း လက်နက်နဲ့ လောင်စာဆီဖြည့်တင်းရေးစခန်း (FARP) တွေ တည်ဆောက်ပုံတို့ကိုပါ တစ်ဆက်တည်း လေ့လာနိုင်မှာပါ။
သေးငယ်တဲ့ လှေငယ်တစ်စီးကနေ စတင်ပြီး ရေတပ်၊ မရိန်းတပ်ဖွဲ့နဲ့ လေကြောင်းတပ်ဖွဲ့တွေ ပူးပေါင်းဆောင်ရွက်တဲ့ အထူးစစ်ဆင်ရေးတွေအထိ စိတ်ဝင်စားဖွယ် တင်ဆက်ပေးထားပါတယ်။
⚠️ Disclaimer:
This video is for educational and entertainment purposes only. All video clips and images used in this video belong to their respective owners. No copyright infringement intended.
Thank you for watching Burma SannPyar TV Channel Youtube Channel.
#ဗားမားဆန်းပြားတီဗွီချန်နယ် #Burma_SannPyar_TV_Channel#CRRC #USNavy #SpecialOperations #MilitaryTechnology