လှပတဲ့ရှု့ခင်း၊ခက်ခဲတဲ့လမ်း ရှမ်းပြည်(အရှေ့ပိုင်း)မှာစပြီးနင်းတဲ့နေ့(DAY-7)
Shein Zar Cyclist
0:00 / 0:00
လှပတဲ့ရှု့ခင်း၊ခက်ခဲတဲ့လမ်း ရှမ်းပြည်(အရှေ့ပိုင်း)မှာစပြီးနင်းတဲ့နေ့(DAY-7)
18 263 просмотра · 3 месяца назад
Shein Zar Cyclist
45,7 тыс. подписчиков
18 263 просмотра · 3 месяца назад
👉ရန်ကုန် မှ တာချီလိတ်👈 စက်ဘီးနင်းခရီးစဉ် (DAY-7)
ခရီးစဉ်ရဲ့(၇)ရက်မြောက်နေ့ကိုရောက်လာပါပြီ...ပိုပြီးခက်ခဲလာသလို ခရီးစဉ်အောင်မြင်ဖို့ကလဲနီးကပ်လာပါပြီ..
မနက်စောစော (၆)နာရီလောက် 'ကွန်ဟိန်းမြို့'ကနေစထွက်ခဲ့ပြီး လှပအေးချမ်းတဲ့'ကာလိမြို့'လေးမှာမနက်စာစားဖြစ်ခဲ့ပါတယ်...အချိန်အတော်ကြာလက်ဖက်ရည်ဆိုင်ထိုင်ဖြစ်ခဲ့ပြီး နင်းရတာနည်းနည်းပျင်းလာတဲ့စိတ်လေးကိုခဏအနားပေးဖြစ်ခဲ့ပါတယ်...
ရှမ်းပြည်တောင်ပိုင်းနဲ့ရှမ်းပြည်အရှေ့ပိုင်းဆက်သွယ်ထားတဲ့ တာကော်တံတား ကြီးကိုဖြတ်လာတာနဲ့ လမ်းတွေကကျဉ်းသွားသလို အကွေ့အကောက်တွေများလာတယ် အတက်အဆင်းတွေကြမ်းလာတယ်၊လမ်းပျက်နေတဲ့အပိုင်းလေးတွေပိုများလာပါတယ်...ဒီနေ့ကတော့ နည်းနည်းသတိထားနင်းရမယ့်လမ်းပိုင်းတွေပါလာခဲ့ပါပြီ...
မိုးရာသီမှာ မြေသားပြိုမှုတွေကြုံရတဲ့လမ်းတွေဖြစ်ပေမယ့် ကျွန်တော်သွားတဲ့နွေရာသီမှာတော့ ဒီအခက်အခဲတွေမကြုံခဲ့ရပါဘူး ...ဒါပေမယ့် ရေကုန်ရေခမ်းဂီယာအကုန်သုံးပြီး နင်းတက်ခဲ့ရတဲ့တောင်အတက်လမ်းတွေရှိသလို တချို့နေရာတွေက တွန်းတက်ဖို့တောင်အားစိုက်ခဲ့ရတဲ့နေရာတွေနဲ့ကြုံခဲ့ရပါတယ်...
ပင်ပန်းသလောက် မြင်ရတဲ့မြင်ကွင်းတွေရင်သက်ရှု့မောစရာပါပဲ ...အရင်ရက်တွေထပ်ပိုပူတယ်လို့ခံစားရပြီး ရေတော်တော်လေးသောက်ဖြစ်ခဲ့တဲ့နေ့လေးပါ
ထမင်းဆိုင်တွေနည်းသွားတယ် ရွာလေးတွေကအလှမ်းဝေးသွားတယ်...လမ်းတလျှောက် ပုစဉ်းရင်ကွဲတွေရဲ့အော်သံကို နားထောင်ပြီး တနေကုန်ဖြတ်သန်းခဲ့ရတာကတော့အမှတ်တရပါပဲ...
ဒီ Vlog လေးတွေကို ကြည့်ရှု့တဲ့သူတွေ ကျွန်တော်နဲ့အတူလိုက်ပါ နေသလိုခံစားချက်မျိုးဖြစ်အောင်ရိုက်ကူးပေးထားပါတယ်...
------------------------------
အော် ..နောက်ထပ်သတင်းစကားလေးပေးချင်တာက စက်ဘီးစီးရင်း
သီချင်းနားထောင်တက်တဲ့သူတွေအတွက် "ဂီတဆိုတာထက် ပိုတဲ့... Yours" 🎧
ကျွန်တော့်လို မြန်မာပြည်အနှံ့ စက်ဘီးစီးရင်း လမ်းခရီးတစ်လျှောက် အားအင်အပြည့်နဲ့ တက်ကြွနေဖို့ဆိုရင် Yours က အကောင်းဆုံးအဖော်ပါပဲ။ စံချိန်မီ အဆင့်မြင့် Local App တစ်ခုဖြစ်တဲ့အပြင်...အားကစားသမားတွေအတွက်
စက်ဘီးစီးတာပဲဖြစ်ဖြစ်၊ Workout လုပ်တာပဲဖြစ်ဖြစ် ပြေးတာပဲဖြစ်ဖြစ် အားတက်စေမယ့် သီချင်း Playlists တွေအပြင်
သင့်ရဲ့ Mood အလိုက် ရွေးချယ်နိုင်မယ့် Multi-playlists တွေ။
ပြည်တွင်း/ပြည်ပ သီချင်းတွေ၊ Shorts၊ Video Clips နှင့် CRBT Library တွေ အစုံလဲ ပါတယ်
ဒီတော့ကာ
အောက်က Link ကနေ ဒေါင်းလုဒ်ဆွဲပြီး ကျွန်တော့်ရဲ့ Redeem Code ကိုသုံးကာ (၁) လစာ Free အသုံးပြုလိုက်ပါ။
🔗 Download Link: https://play.google.com/store/apps/de...
🎟️ Redeem Code: [YM-SHEINZAR]
နောက်ထပ် Vlog အသစ်တွေကြည့်ရှု့နိုင်ဖို့အတွက် Channel လေးကိုလဲ Like & Subscribe လေးလုပ်ထားပေးခဲ့ကြပါအုံးနော်။
/ @sheinzarcyclist
လေးစားစွာဖြင့်
Shein Zar Cyclist
#sheinzarcyclist #cyclingtravelvlog #cyclinginmyanmar #cyclingvlog
#cyclingvlogger #cyclistmyanmar #cyclingtrip #travel #travelvlogger #cyclingknowledge #cyclingvloggermyanmar #cyclingtravelblog #cyclingblogger#sheinzarcyclist cyclistmyanmar #cyclistvlogger #ရန်ကုန်တာချီလိတ်စက်ဘီးစီးခရီးစဉ်