(PART 41) မင်းကတော်ရင်ဖုံး ကြယ်သီးတံထိုးနည်းနှင့် ရင်ကပ်ပန်းထိုးနည်း
T T N Macrame & Flowerbutton
0:00 / 0:00
(PART 41) မင်းကတော်ရင်ဖုံး ကြယ်သီးတံထိုးနည်းနှင့် ရင်ကပ်ပန်းထိုးနည်း
3 469 просмотров · 3 года назад
T T N Macrame & Flowerbutton
9,48 тыс. подписчиков
3 469 просмотров · 3 года назад
မင်းကတော်ရင်ဖုံး သို့မဟုတ် အဘွားကြီးရင်ဖုံးမှာ တပ်တဲ့ ပုဇဥ်းခေါင်းသီးနဲ့ စံပါယ်ပွင့် ထိုးနည်း
ပန်းကြယ်သီး စသင်တဲ့အခါ ပထမဦးဆုံးသင်ရတဲ့ အရာ ၂ ခုပါ။ ဒီနှစ်မျိုး ကျွမ်းကျွမ်းကျင်ကျင် တတ်ရင်ကိုပဲ ပန်းကြယ်သီးနဲ့ အကျီ်ချုပ်ဝတ်ဖို့နဲ့ အပ်ထည်လက်ခံဖို့ အဆင်ပြေနေပါပြီရှင့်
မင်းကတော် ရင်ဖုံးက ၁၉၀၀ ခုနှစ် လွတ်လပ်ရေးမရခင် ခေတ်စားခဲ့တဲ့ ရင်ဖုံးပါ။ အာ့ခေတ်က ရွှေ ငွေ စိန်စတဲ့ ရတနာနဲ့ ကြယ်သီးကွင်းလုပ်ပြီး ဝတ်ခဲ့သလို ပုဇဥ်းခေါင်းသီးနဲ့လဲ ဝတ်ခဲ့ကြပါတယ်။
အခုမင်မင်ထိုးပြတဲ့ ဒီဇိုင်းက ၁၉၈၇ နောက်ပိုင်း မြန်မာအမျိုးသမီးအကျီ်တွေမှာ ထိုးဝတ်လာတဲ့ ဒီဇိုင်းလေးပါ။ ကြယ်သီးတံ ၄ ခုနဲ့ ရင်ဖုံးထိပ်ဒေါင့်မှာပဲ ပန်းထိုးတဲ့ပုံစံပါ။ ပန်းက သိပ်အများကြီးမဟုတ်ပဲ သေးသေးနဲ့နည်းနည်းပါပဲ။ ၁၈၉၅ ခုနှစ်လောက်မှသာ ရင်ဖုံးထောင့်က ပန်းအခက်အလက်တွေနဲ့ ထိုးဝတ်လာကြတာပါ။
အဘွားကြီးရင်ဖုံးရဲ့ ကြယ်သီးတံက အတော်လေး သေးရပါတယ်။ ပန်းပွင့် ပန်းခက်လေးတွေဆို ပါတယ်ဆိုရုံလေးပါ။ အခုထိုးပြပေးတဲ့ ပန်းကတောင် နည်းနည်းကြီးနေပါသေးတယ်။ မင်မင့်အဖွားဆို ကြယ်သီးတံ ကြီးရင် လုံးဝမကြိုက်ပါဘူး။ အဘွားအကျီ်က ကြယ်သီးတံဆိုဒ်ကို ထိုးပြပေးထါးပါတယ်။
အဘွားကြီးအကျီ်ရဲ့ကြယ်သီးတံထိုးဖို့ ကြိုးက စောင်းသားပိတ်စ လက်မဝက်ကို အရင်ကလက်နဲ့ အပြင်ကနေ အပ်စောင်းချုပ်ပါတယ်။ မင်မင်ကတော့ အချိန်သိပ်မပေးနိုင်လို့ စက်နဲ့ပဲ ချုပ်လိုက်တယ်။ ကြိုးလှန်တဲ့အခါ အတော်ကြာလို့ စိတ်ရှည်ရပါတယ်။
စံပယ်ပွင့်ကတော့ အခုမှ စထိုးကျင့်မဲ့သူတွေအတွက် အခြေခံပါ။ ပန်းပွင့်ပဲ ထိုးပြထားပါတယ်။ ကျန်တဲ့အဖူးအခက်က ကိုယ့်စိတ်ကူးနဲ့ကိုယ် ဖန်တီးလို့ ရပါတယ်။
ပုဇဥ်းသီးကို အဖွားခေတ်ကဆိုတော့ လက်နဲ့ထိုးပြထားတယ်။ ဇာဂနာလေးနဲ့ လုံးဝကျစ်သွားတဲ့အထိ ထိုးရမှာပါနော်။ မင်မင့် video တိုင်း ပုဇဥ်းခေါင်းထိုးနည်း ခဏခဏ ထည့်ပေးတယ်ဆိုတာက ပုဇဥ်းခေါင်းသီးမထိုးတတ်သူများ ကြည့်မိခဲ့ရင် တစ်ခါတည်း ကြည့်လို့ရအောင် ထည့်ပေးထါးတာပါ။
အကျီ်ချုပ်ပြီး ပိတ်စနည်းနည်းပဲ ပိုတယ်ဆိုရင်လဲ ဒီနည်းက အဆင်ပြေသောပဲနော်။
မင်းကတော်ရင်ဖုံး.သို့မဟုတ် အဖွားကြီးရင်ဖုံးက တစ်ကျော့ပြန် ခေတ်စားလာတော့ ကြယ်သီးတံထိုးနည်းလာမေးတဲ့သူရယ် စံပါယ်ပန်းလေး ထိုးပြပါဆိုတဲ့သူရယ် ဒီ video တစ်ခုတည်းမှာ လေ့လာနိုင်ပါပြီ
နောက် video မှာ အကျီ်ပေါ် တပ်နည်းပြပေးမယ်နော်။
မေတ္တာဖြင့်
#TTN
#ပန်းကြယ်သီး
#ပန်းကြယ်သီးထိုးနည်း
#flowerbutton
#မေတ္တာဖြင့်ပညာဒါနပြုပါသည်