Перейти к содержимому

ကျိုက်ထီးရိုးခရီးစဉ် Part~1

Kolin the Bicycle Traveller

0:00 / 0:00

ကျိုက်ထီးရိုးခရီးစဉ် Part~1

506 просмотров · 3 мес. назад
Kolin the Bicycle Traveller
1,04 тыс. подписчиков
506 просмотров · 3 мес. назад
ဒီဗွီဒီယိုလေးက ကျွန်တော်တို့စက်ဘီးစီးငါးယောက်ရဲ့ ခရီးစဉ်မှတ်တမ်းလေးဖြစ်ပါတယ်။ နှစ်ညအိပ်သုံးရက်ခရီးစဉ်ဖြစ်တာကြောင့် အပိုင်း သုံးပိုင်းခွဲပြီးတင်လိုက်ပါတယ် Day~1 17.7.2026 ပထမနေ့ရန်ကုန်မြို့အင်းယားလမ်း American centerရှေ့စုရပ်မှစတင်စီးနင်းခဲ့ကြပြီး လမ်းတလျောက် နင်းလိုက် နားလိုက်နဲ့အေးအေးဆေးဆေးနင်းခဲ့ကြတာ နှစ်ညတာတည်းခိုမယ့် ကင်ပွန်းစခန်း​ရှိ The Eternity Resort ကိုညရှစ်နာရီလောက်မှရောက်ခဲ့ပါတယ်။ ကျွန်တော့်အတွက်တော့မဆုံတာကြာပြီဖြစ်တဲ့ညီအကိုတွေနဲ့စက်စီးစီးခရီးထွက်ပြီးChilling လုပ်ခဲ့ရတာ အမှတ်တရပါပဲ❤️❤️❤️❤️❤️ မိုးရာသီမို့ခရီးမစတင်ကတည်းက မိုးကာ အင်္ကျီအပိုတွေယူခဲ့ပေမယ့် မိုးမရွာပဲရာသီဥတုကအုံ့အုံ့မှိုင်းမှိုင်းနဲ့ အရမ်းကိုလှပတဲ့ခရီးစဉ်လေးဖြစ်ခဲ့ပါတယ်။ လမ်းတလျှောက်လှပတဲ့ရှုခင်း​တွေ စိမ်းညှို့ညှို့ သစ်ပင်အုပ်တွေလယ်ကွင်းတွေ ဖြတ်သန်းခဲ့ရာ မြို့တလျှောက်လူနေမှုဘဝတွေ သွားလာလှုပ်ရှားမှုတွေကိုလည်းခံစားခဲ့ကြပါသေးတယ်။ စစ်​တောင်းတံတားအ​ကျော်မှစပြီး မွန်ပြည်နယ်ရဲ့လှပလွန်းတဲ့​မြေမျက်နှာသွင်ပြင်အ​နေအထား​တွေကလည်း မိုးရာသီနှင့်လိုက်ဖက်ညီ​နေ​တော့ ခရီးထွက်ခဲ့တာအရမ်းကို​ကျေနပ်နှစ်သက်ခဲ့ရတဲ့ခရီးစဉ်တစ်ခုဖြစ်ခဲ့တာ​ပေါ့ဗျာ။