Перейти к содержимому

ရခိုင်သို့ဝင်ရောက်လာတဲ့ ရန်နိုင်အောင်စစ်ဆင်ရေးဆိုတာ...

Wisdom Burmese

0:00 / 0:00

ရခိုင်သို့ဝင်ရောက်လာတဲ့ ရန်နိုင်အောင်စစ်ဆင်ရေးဆိုတာ...

18 893 просмотра · 1 мес. назад
Wisdom Burmese
1,93 тыс. подписчиков
18 893 просмотра · 1 мес. назад
ဒီရက်ပိုင်း လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ပုဏ္ဏားကျွန်း တိုက်ပွဲအဖြစ် ပျံ့နှံ့နေတဲ့ ဒရုန်း ဗီဒီယို ဖိုင်တစ်ခုမှာ AA အဖွဲ့ဝင် လူငယ်တစ်ဦး ကောင်းကင်ကို မော့ကြည့်စဉ်မှာပဲ ပေါက်ကွဲမှု ဖြစ်ပွားပြီး အသက်ဆုံးရှုံးသွားခဲ့တဲ့ မြင်ကွင်းကို တွေ့မြင်ခဲ့ကြရပါတယ်။ ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့မှာ စတင်ခဲ့တာကြောင့် အင်တာနက် အသုံးပြုသူတွေ က ၄၉၂၆ စစ်ဆင်ရေး လို့ သတ်မှတ်ထားကြပြီး၊ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ ရန်နိုင်အောင် စစ်ဆင်ရေး လို့ အမည်ပေးထားတဲ့ စစ်တပ်ရဲ့ ကြည်း၊ ရေ၊ လေ ပူးပေါင်း အထွေထွေ ထိုးစစ်ကြီးဟာ အခုဆိုရင် အရှိန်အဟုန်မြှင့် ဖြစ်ပွားနေပြီ ဖြစ်ပါတယ်။ AA အနေနဲ့ ရခိုင်ပြည်နယ်မှာ မြို့နယ် ၁၄ မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝတို့ကို ထိန်းချုပ်ထားပြီး စစ်ပွဲကို ထိန်းချုပ်နယ်မြေ ပြင်ပရောက်အောင် နည်းဗျူဟာ ခင်းခဲ့ပေမဲ့၊ အခုအခါ မှာတော့ စစ်တပ်ဟာ ရခိုင်ပြည်နယ်အတွင်းက AA ထိန်းချုပ်ဒေသတွေကို အကြီးစား ထိုးစစ် ပြန်လည် ဆင်နွှဲလာတာ ဖြစ်ပါတယ်။ ဒီ ဗီဒီယိုမှာတော့ - အောင်ဇေယျ စစ်ဆင်ရေးရဲ့ သင်ခန်းစာများနှင့် ၄၉၂၆ စစ်ဆင်ရေး စတင် လာမှု၊ ပုဏ္ဏားကျွန်း၊ ဂွ နှင့် ရခိုင်တောင်ပိုင်း စစ်မျက်နှာ အခြေအနေတွေ၊ AA ကြုံတွေ့နေရတဲ့ လူသူနှင့် ခဲယမ်း ပြတ်လပ်မှု စိန်ခေါ်မှုတွေကို အသေးစိတ် သုံးသပ် တင်ဆက်ပေးသွားပါမယ်။ #rakhinenews #ရခိုင်သတင်း