Khit Thit Morning News | 2 October 2026
Khit Thit Media
0:00 / 0:00
Khit Thit Morning News | 2 October 2026
293 794 просмотра · 1 день назад
Khit Thit Media
3,29 млн подписчиков
293 794 просмотра · 1 день назад
Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ အောက်တိုဘာ ၂ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-ကရင်နီပြည်၊ လွိုင်ကော်မြို့ကို စစ်ကောင်စီက အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်အဖြစ် ပြောင်းရွှေ့ ဖွင့် လှစ်လိုက်တာဟာ နေပြည်တော်ကို အဓိက ကာကွယ်ဖို့ ရည်ရွယ်တာဖြစ်တယ်လို့ CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောပါတယ်။
မြန်မာနိုင်ငံအတွင်း “မြန်မာစကား မပြောရ၊ မြန်မာစာ မရေးရ” ဆိုတဲ့ သတ်မှတ်ချက်တွေ လုပ်ထားတဲ့ တရုတ်တွေကို တွေ့ရင် ဥပဒေအရ ဖြေရှင်းမှာမဟုတ်ဘဲ ကိုယ်တိုင်ဝင်ရောက် ရိုက်နှက် ဆုံးမမယ်လို့ မဘသနဲ့ အမျိုးသားရေးအစွန်းရောက် ပေါက်ဘုန်းကြီးက လူမှုကွန်ရက်ကနေတစ်ဆင့် ခြိမ်းခြောက် ပြောဆိုလိုက်ပါတယ်။
-အကြမ်းဖက် မင်းအောင်လှိုင်က စစ်ဆေးရေးဂိတ်တွေမှာ ပြည်သူတွေဆီက ငွေကြေးမတောင်းခံဖို့ ညွှန်ကြားထားပေမယ့် နိုင်ငံတစ်ဝန်းက စစ်ဆေးရေးဂိတ်တွေမှာ စစ်တပ်၊ ရဲနဲ့ ဌာနဆိုင်ရာ ဝန်ထမ်း တွေက ကုန်သည်တွေနဲ့ ပြည်သူတွေဆီက ငွေကြေးတောင်းခံတာတွေ ဆက်လက်လုပ်ဆောင် နေတယ်လို့ သိရပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နဲ့ပတ်သက်ပြီး မကြာခင် ဆုံးဖြတ်ချက်တစ်ခု ချရတော့ မှာဖြစ်ပြီး အီရန်ကို ဗုံးကြဲမလား၊ ဒါမှမဟုတ် သဘောတူညီချက်လုပ်မလားဆိုတာ ဆုံးဖြတ်ရတော့ မယ်လို့ ထရမ့်က ပြောတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်