ရင်ဘတ်အောင့်တာ ဘာကြောင့်လဲ (အပိုင်း ၁) You Tube
Doc Htat
0:00 / 0:00
ရင်ဘတ်အောင့်တာ ဘာကြောင့်လဲ (အပိုင်း ၁) You Tube
188 789 просмотров · 6 лет назад
Doc Htat
1,02 млн подписчиков
188 789 просмотров · 6 лет назад
ရင်ဘတ်အောင့်တာ ဘာကြောင့်လဲ (အပိုင်း ၁)
.
.
.
.
ရင်ဘတ်အောင့်တာဟာ လူတော်တော်များများ ဖြစ်ဖူးကြမှာပါ။
ရင်ဘတ်အောင့်တာကို အမျိုးအစား ၂ မျိုးခွဲခြားနိုင်ပါတယ်။
၁- နှလုံးကြောင့် ရင်ဘတ်အောင့်ခြင်း
၂- တခြားရောဂါကြောင့် ရင်ဘတ်အောင့်ခြင်း တို့ဖြစ်ပါတယ်။
.
.
.
.
.
အပိုင်း (၁) မှာ နှလုံးကြောင့် ရင်ဘတ်အောင့်ခြင်း လက္ခဏာများကို ဖော်ပြပေးလိုက်ပါတယ်။
.
.
၁- ဖိထားသလို၊ ပြည့်နေသလို၊ ပူနေသလို၊ ကျပ်နေသလို ခံစားရတယ်။
၂- ကျိတ်ထားသလို ချေထားသလို၊ စွဲစုတ်ထားသလို နာပြီးတော့ ကျော၊ လည်ပင်း၊ မေရိုး နဲ့ ပုခုံးတွေထိ အောင့်တယ်။
၃- မိနစ်အနည်းငယ်ကြာတဲ့အထိ အောင့်တယ်။ လှုပ်လှုပ်ရှားရှား ဆိုပိုဆိုးပြီး ပေါ်လိုက် ပျောက်လိုက်၊ အောင့်တာပြင်းလိုက်၊ ပျော့သွားလိုက် ဖြစ်နေမယ်။
၄- အသက်ရှူမဝဖြစ်တတ်တယ်။
၅- ချွေးစီးပြန်တယ်။
၆- နုံးနေမယ်။ အားပျော့နေမယ်။
၇- ပျို့မယ်။ အန်မယ်။
.
.
ဒီဗီဒီယိုလေးကိုကြည့်ပြီး အကျိုးကျေးဇူးရရှိတယ်ဆိုရင်တော့ Like & Share လုပ်ဖို့မမေ့ပါနဲ့။ ကျန်းမာရေး ဗဟုသုတကို တခြားလူကို မျှဝေတာ ကုသိုလ်များစွာရပါတယ်။
.
.
.
ရင်ဘတ်အောင့်ခြင်းမှကင်းဝေးကြပါစေ။
Youtube မှာလည်း Subscribe လုပ်ဖို့ အောက်က Link ကိုနှိပ်ပြီး ဝင်ရောက် Subscribe လုပ်နိုင်ပါတယ်။
.
.
https://www.youtube.com/channel/UCrsW...