Перейти к содержимому

မြဝတီတိုက်ပွဲနှင့် ကရင်စစ်မျက်နှာ ရီဗျူး (ရုပ်/သံ)

The Irrawaddy News

0:00 / 0:00

မြဝတီတိုက်ပွဲနှင့် ကရင်စစ်မျက်နှာ ရီဗျူး (ရုပ်/သံ)

529 292 просмотра · 2 года назад
The Irrawaddy News
1,64 млн подписчиков
529 292 просмотра · 2 года назад
၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဖြစ်ပွားခဲ့သော လေးကေ့ကော်ဒေသ တိုက်ပွဲများဖြင့် ကရင်စစ်မျက်နှာကို လူအများ ရင်းနှီးခဲ့ကြ၏။ နွေဦးတော်လှန်ရေးတွင် ပါဝင်လာကြသည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် PDF များအပြင် လူမျိုးအသီးသီး၊ အဖွဲ့အစည်းအသီးသီးသည် ထိုင်းနယ်စပ်ရှိ ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေများတွင် အခြေပြု ဖွဲ့စည်းလေ့ကျင့် လှုပ်ရှားလာကြရာ ကရင်စစ်မျက်နှာသည် အင်သစ်အားသစ်များဖြင့် မြိုင်ဆိုင်လာခဲ့၏။ ၂၀၂၃ နှစ်ကုန်ပိုင်းနှင့် ၂၀၂၄ နှစ်ဆန်းပိုင်း ရောက်လာသည့်အခါ ကရင်စစ်မျက်နှာ၊ ကော်သူလေး စစ်မျက်နှာတွင် စစ်ရေး၊ နိုင်ငံရေး ပြောင်းလဲမှုများကို ထင်ထင်ရှားရှား တွေ့နေရပြီဖြစ်၏။ KNU ဗဟိုဌာနချုပ်ရှိရာ တပ်မဟာ ၇ ဘားအံခရိုင်မှအပ ကျန် တပ်မဟာ ခြောက်ခု၏ နယ်မြေများတွင် ကရင်စစ်ရေး လှုပ်ရှားမှုများကို တွေ့ရ၏။ ကရင်စစ်မျက်နှာ၏ မြို့သိမ်း၊ နယ်မြေ သိမ်းတိုက်ပွဲများကို ဖာပွန်နှင့် မြဝတီ နယ်မြေနှစ်ခုတွင် တွေ့ရ၏။ ဖာပွန်နှင့် မြဝတီ၊ ကော့ကရိတ် ကျသွားခြင်းသည် ဒေါနတောင် အရှေ့ခြမ်းကို KNU စိုးမိုးမှု ပိုအားကောင်းစေသည်။ ဤသို့သော အခြေအနေတွင် ဧပြီလဆန်း၌ စစ်တပ်၏ ဒုချုပ်၊ ကစထမှူးတို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) တိုင်းသို့ ရောက်လာပြီး တန်ပြန် ထိုးစစ်အတွက် ပြင်ဆင်သည်။ တပ်များကို လေကြောင်းဖြင့် မော်လမြိုင်သို့ ပေးပို့ပြီး ဧပြီလ ၉ ရက်မှစ၍ မော်လမြိုင်၊ သထုံ၊ ဘားအံမှတဆင့် မော်တော်ယာဉ်များဖြင့် ချီတက်စေသည်။ ဤထိုးစစ်သည် စစ်တပ်အတွက် လောင်းကြေးထပ်လိုက်သည့်၊ သူ့အတွက် အတိမ်းအစောင်း မခံနိုင်သည့်၊ အမှားမခံနိုင်သည့် ထိုးစစ်တရပ်ဟု ဆိုရပါမည်။ --------------------- စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://bit.ly/3btQYpR