DMG Interview || ထိုးစစ်တွေကြားက နေပြည်တော်–ရခိုင် ငြိမ်းချမ်းရေးလမ်း ဘယ်ဆီ ဦးတည်မလဲ
DMG Arakan News
0:00 / 0:00
DMG Interview || ထိုးစစ်တွေကြားက နေပြည်တော်–ရခိုင် ငြိမ်းချမ်းရေးလမ်း ဘယ်ဆီ ဦးတည်မလဲ
3 135 просмотров · 6 часов назад
DMG Arakan News
76,1 тыс. подписчиков
3 135 просмотров · 6 часов назад
ဒီကနေ့ ရခိုင်စစ်ရေးအခြေအနေဟာ စစ်တပ်ရဲ့ နယ်မြေပြန်ထိန်းချုပ်ရေးနဲ့ အာရက္ခတပ်တော်ရဲ့ လက်ကျန် မြို့သိမ်းတိုက်ပွဲတွေနဲ့အတူ အမြင့်ဆုံးအချိန်ရောက်ရှိနေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။
နှစ်ဖက်စလုံး တင်းမာနေတဲ့အနေအထားမှာ မစ္စတာ ဆာဆာကာဝါက တွေ့ဆုံဆွေးနွေးရေးလမ်း ကြောင်းတရပ်ဖြစ်လာဖို့ ကြိုးပမ်းနေတယ်ဆိုတဲ့ ထုတ်ပြောထားပါတယ်။
တဖက်မှာလည်း စစ်အုပ်စုက ငြိမ်းချမ်းရေးဆွေးနွေးမှုတွေလုပ်မယ်ဆိုပြီး အာသီသပြင်းပြပြနေပေမယ့် မြေပြင်မှာ ထိုးစစ်တွေတိုးမြှင့်လုပ်နေပါတယ်။
လက်ရှိမှာလည်း စစ်တပ်နဲ့ အပြင်းအထန်လုပ်တိုက်ခိုက်နေကြတဲ့ KIA၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသာများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ကို ဆွေးနွေးဖို့အတွက် စက်တင်ဘာစောပိုင်းမှာ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။
စစ်တပ်နဲ့ AA တို့ကြား တွေ့ဆုံမှုဖြစ်လာနိုင်ရေး ဆာဆာကာဝါကြိုးပမ်းမှု၊ KIA အပါအဝင် တော်လှန်ရေးတပ်တွေရဲ့ နေပြည်တော် ငြိမ်းချမ်းရေး၊ စစ်တပ်ရဲ့ ထိုးစစ်နဲ့ ငြိမ်းချမ်းရေးစိန်ခေါ်ချက် စတာတွေနဲ့ပတ်သက်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးနဲ့ DMG က ရှုထောင့် မျိုးစုံကနေ မေးမြန်းဆွေးနွေးထားတာကို တင်ဆက်ပေးလိုက်ပါတယ်။
#DMG #DMGInterview #ရခိုင် #ရခိုင်ပြည် #အာရက္ခတပ်တော် #AA #မြန်မာ့နိုင်ငံရေး #ငြိမ်းချမ်းရေး #နေပြည်တော် #ရခိုင်စစ်ရေး #စစ်ရေးအခြေအနေ #ဆာဆာကာဝါ #KIA #CNF #ABSDF #MyanmarPolitics #Rakhine #Arakan #PeaceTalks #Myanmar