ဒေါ်မာမာအေးက မောင်နှမတွေကို မိခင်ကြီးလို စောင့်ရှောက်ပေးခဲ့တဲ့အကြောင်းပြောပြသူ ညီမရင်း ဒေါ်အေးအေး
Mercury Variety
0:00 / 0:00
ဒေါ်မာမာအေးက မောင်နှမတွေကို မိခင်ကြီးလို စောင့်ရှောက်ပေးခဲ့တဲ့အကြောင်းပြောပြသူ ညီမရင်း ဒေါ်အေးအေး
15 509 просмотров · 2 года назад
Mercury Variety
158 тыс. подписчиков
15 509 просмотров · 2 года назад
မောင်လေးနဲ့ ညီမလေးကို မိခင်ကြီးလို စောင့်ရှောက်ခဲ့ပြီး ညီမဖြစ်သူက သားဦးလေးမွေးချိန်မှာ မွေးခန်းထဲထိ လိုက်ပေးခဲ့သူ ဒေါ်မာမာအေးရဲ့အကြောင်းကို ပြောပြတဲ့ ဒေါ်မာမာအေးရဲ့ ညီမအငယ်ဆုံး ဒေါ်အေးအေး
-------------------
ဒေါ်အေးအေး ဟာ ဒေါ်မာမာအေးရဲ့ ညီမရင်းဖြစ်ပါတယ်။ ဒေါ်မာမာအေး ဟာ မောင်လေးနဲ့ ညီမလေးတို့အပေါ်မှာ မိခင်ကြီးလိုစောင့်ရှောက်ခဲ့တဲ့အစ်မကြီးဖြစ်ပြီး စိတ်ကလည်း အရမ်းကို မာလွန်းတဲ့သူဖြစ်တယ်လို့ သိရှိရပါတယ်။ ညီမဖြစ်သူ ဒေါ်အေးအေးက သားဦးဖြစ်သူကို မွေးဖွားချိန်မှာ ဒေါ်မာမာအေးက မွေးခန်းထဲထိတောင် လိုက်ပေးခဲ့တာလို့ ဒေါ်အေးအေးက အမှတ်တရ ပြောပြပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ မနေ့တုန်းက ရက်လည်ပြည့်ခဲ့ပြီး ဒေါ်အေးအေးရဲ့သားအကြီးဆုံးက အမေရိကန်ပြည်ထောင်စုမှာ ဒေါ်မာမာအေးနဲ့အတူ ရှိနေတဲ့အတွက် မနေ့တုန်းကပဲ ရက်လည်ဆွမ်းကျွေးပြီးသွားခဲ့ပြီလို့ ဒေါ်အေးအေးက အသိပေးပါတယ်။ ရက်လည်ဆွမ်းကျွေးကို မလာခင်မှာ ဒေါ်အေးအေးက ဘုန်းကြီး ၅ ပါးကို အရုဏ်ဆွမ်းကပ်ပြီး သူနဲ့ သူမိသားစု ဒေါ်မာမာအေးအတွက် အလှူပြုခဲ့ပြီးပြီဖြစ်ပါတယ်။ ဒေါ်မာမာအေးက မှန်မှန်ကန်ကန်နေတတ်တဲ့သူဖြစ်ပြီး မောင်နှမတွေကို စကားနဲ့သာ ဆုံးမလေ့ရှိပေမယ့် မောင်နှမတွေက ဒေါ်မာမာအေးကို ကြောက်ကြရကြောင်း ဒေါ်အေးအေးက အမှတ်တရ ပြောပြပါတယ်။ အစ်မဖြစ်သူ ဒေါ်မာမာအေးနဲ့ အသက် ၈ နှစ်ကွာပြီး သူ့ရဲ့အစ်မဖြစ်သူဟာ နောက်ဆုံးအချိန်အတွက် သေသေချာချာပြင်ဆင်ပြီးမှ ဘဝကိုစွန့်ခွာသွားခဲ့တာဖြစ်တယ်လို့လည်း ဒေါ်အေးအေးက အသိပေးပါတယ်။ ဒေါ်အေးအေးက သူ့ရဲ့အစ်မ ဒေါ်မာမာအေးဟာ ဘာစီးပွားရေးကိုမှ မလုပ်ခဲ့ဘဲ အနုပညာတစ်ခုတည်းကို ဖက်တွယ်ပြီး ဘဝကို ရပ်တည်သွားခဲ့သူဖြစ်တယ်လို့လည်း ရင်ဖွင့်ပါတယ်။ မောင်လေးနဲ့ ညီမလေးကို မိခင်ကြီးလို စောင့်ရှောက်ခဲ့ပြီး ညီမဖြစ်သူက သားဦးလေးမွေးချိန်မှာ မွေးခန်းထဲထိ လိုက်ပေးခဲ့သူ ဒေါ်မာမာအေးနဲ့ ညီမအငယ်ဆုံး ဒေါ်အေးအေးတို့ရဲ့အကြားက မမေ့နိုင်စရာ အမှတ်တရတွေကို Mercury Variety ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။
#MercuryVariety #MV #MercuryExclusiveInterview #ExclusiveInterview #MercuryLifeStory #LifeStory #ဒေါ်အေးအေး #DawAyeAye #ဒေါ်မာမာအေး #DawMarMarAye #ညီအစ်မ #ချစ်ခြင်းတရား #အမှတ်တရ #ဘဝဖြတ်သန်းမှု #Yangon #Myanmar