ဆိတ်သားလုံးကြော် မွှေးမွှေးလေး
Ei San's homemade Inspiration
0:00 / 0:00
ဆိတ်သားလုံးကြော် မွှေးမွှေးလေး
23 369 просмотров · 6 лет назад
Ei San's homemade Inspiration
60,6 тыс. подписчиков
23 369 просмотров · 6 лет назад
ဆိတ်သားလုံးကြော် မွှေးမွှေးလေး
ဒီလိုမျိုး ဆိတ်သားလုံးကြော်မွှေးမွှေးလေးစားဖူးလား။ တကယ်ကိုဆွေမျိုးမေ့အောင်ကို မွှေးပြီး စားလို့ အလွန်ကောင်းတဲ့ ဆိတ်သားလုံးကြော်လေးပါ။ ဆိတ်သားလုံးကြော်လေးကို ပျဥ်းတော်သိမ်းရွက်၊ ငရုတ်သီးခြောက်ကြော်၊ ဂျင်း၊ ကြက်သွန်ဖြူအနံ့တွေနဲ့ အရမ်းကိုမွှေးနေတာပါပဲ။ ဒါမျိုး ဆိတ်သားလုံးကြော်မွှေးမွှေးလေးကို လုပ်စားချင်ရင် Video လေးကိုကြည့်ကြည့်နော်။
ပါဝင်သောပစ္စည်းများ
၁။ တောက်တောက်စဥ်းထားသော ဆိတ်သား - ၂၀ ကျပ်သား
၂။ ကြက်သွန်ဖြူ - ၇ မွှာ
၃။ ဂျင်း - လက်၂ ဆစ်စာ
၄။ နုတ်နုတ်စဥ်းထားသော ကြက်သွန်နီ - ထမင်းစားဇွန်း ၄ ဇွန်းစာ
၅။ ကြက်ဥ - ၁ လုံး
၆။ ဆား - လက်ဖက်ရည်ဇွန်း တဝက်
၇။ သကြား (သို့) အချိုမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
၈။ မဆလာ - လက်ဖက်ရည်ဇွန်း တဝက်
၉။ ဇီယာမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
၁၀။ ဆနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
၁၁။ အရောင်တင်အစပ်မှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၁၂။ ပေါင်မုန့်ခြောက် (မုန့်ကြွပ်မှုန့်) - ထမင်းစားဇွန်း ၄ ဇွန်း
၁၃။ ပြောင်းဖူးကော်မှုန့် (သို့) အကြော်မှုန့် - ထမင်းစားဇွန်း ၄ဇွန်း
၁၄။ ကြော်ရန်အတွက် Goody ဟင်းသီးဟင်းရွက်ဆီ
၁၅။ ပျဥ်းတော်သိမ်းရွက် - အရွက် ၂၀
၁၆။ ငရုတ်သီးခြောက် - ၇ တောင့်
၁၇။ Goody နေကြာဆီ - ထမင်းစားဇွန်း ၃ ဇွန်း
(၁ ခွက် = 240 ml = ထမင်းစားဇွန်း ၁၆ ဇွန်း)
(လက်ဖက်ရည်ဇွန်း ၁ ဇွန်း = 1 teaspoon = 5 ml)
(ထမင်းစားဇွန်း ၁ ဇွန်း = 1 tablespoon = 15 ml)