Перейти к содержимому

ဗုဒ္ဓနည်းကျ ငြင်းပယ်ခြင်းရဲ့ ဒဿန (အပိုင်း ၃) မိုးပြာဝါဒနှင့် လက်တွေ့အသုံးချ ဗုဒ္ဓဘာသာ

MCN TV NEWS 3.0

0:00 / 0:00

ဗုဒ္ဓနည်းကျ ငြင်းပယ်ခြင်းရဲ့ ဒဿန (အပိုင်း ၃) မိုးပြာဝါဒနှင့် လက်တွေ့အသုံးချ ဗုဒ္ဓဘာသာ

28 089 просмотров · 3 г. назад
MCN TV NEWS 3.0
198 тыс. подписчиков
28 089 просмотров · 3 г. назад
အံ့ဘုန်းမြတ်၏ ဒိုင်ရာရီ မှတ်စုများအစီအစဉ်ရဲ့ - ဗုဒ္ဓနည်းကျ ငြင်းပယ်ခြင်းရဲ့ ဒဿန (အပိုင်း ၃) မှာတော့ မိုးပြာဝါဒလို့ လူသိများတဲ့ ဆရာတော် ဦးဉာဏ ထူထောင်ထားတဲ့ “ပစ္စုပ္ပန် ကမ္မဝါဒဗုဒ္ဓဘာသာ” ကို ဗီယက်နမ်ပြည်တွင်းစစ်တွေကို ရပ်စဲစေခဲ့ပြီး မျက်မှောက်ခေတ် တိုးတက်တဲ့ ဗီယက်နမ်လူ့အဖွဲ့အစည်းကို ဖြစ်ပေါ်စေခဲ့တဲ့ ဆရာတော် သစ်နတ်ဟန်း (Thich Nhat Hanh) ထူထောင်ခဲ့တဲ့ လက်တွေ့အသုံးချ ဗုဒ္ဓဘာသာ(Engaged Buddhism) နဲ့ နှိုင်းယှဉ်သုံးသပ် တင်ဆက်ပေးထားပါတယ်။ ------------- Title : Buddhist Way Of Defiance Philosophy Part 3 Ahunt Bhone Myat's Diary Notes : Season (1) Buddhist Way Of Defiance Philosophy : Episode (3) : The Comparative Analysis Of U Nyana's Burmese Practical Buddhism and Thich Nhat Hanh's Engaged Buddhism. -------------- အံ့ဘုန်းမြတ်၏ ဒိုင်ရာရီ မှတ်စုများအစီအစဉ်ရဲ့ - ဗုဒ္ဓနည်းကျ ငြင်းပယ်ခြင်းရဲ့ ဒဿန (အပိုင်း ၃) မှာတော့ မိုးပြာဝါဒလို့ လူသိများတဲ့ ဆရာတော် ဦးဉာဏ ထူထောင်ထားတဲ့ “ပစ္စုပ္ပန် ကမ္မဝါဒဗုဒ္ဓဘာသာ” ကို ဗီယက်နမ်ပြည်တွင်းစစ်တွေကို ရပ်စဲစေခဲ့ပြီး မျက်မှောက်ခေတ် တိုးတက်တဲ့ ဗီယက်နမ်လူ့အဖွဲ့အစည်းကို ဖြစ်ပေါ်စေခဲ့တဲ့ ဆရာတော် သစ်နတ်ဟန်း (Thich Nhat Hanh) ထူထောင်ခဲ့တဲ့ လက်တွေ့အသုံးချ ဗုဒ္ဓဘာသာ(Engaged Buddhism) နဲ့ နှိုင်းယှဉ်သုံးသပ် တင်ဆက်ပေးထားပါတယ်။ -------------- အံ့ဘုန်းမြတ်၏ ဒိုင်ရာရီ မှတ်စုများအစီအစဉ်ရဲ့ ရာသီ (၁) ကိုတော့ "ဗုဒ္ဓနည်းကျ ငြင်းပယ်ခြင်းရဲ့ ဒဿန" လို့ အမည်ပေးဖြစ်ပြီး မိုးပြာဂိုဏ်းလို့ လူသိများတဲ့ ပစ္စုပ္ပန် ကမ္မဝါဒဗုဒ္ဓသာသနာကို တည်ထောင်သူ ဦးဉာဏ (ဓမ္မဝိဟာရီ) နဲ့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပြီး ဘယ်တုန်းကမှ ဘယ်မှာမှ မထုတ်လွှင့်ဖြစ်သေးတဲ့ ဗုဒ္ဓနည်းကျ ငြင်းပယ်ခြင်းရဲ့ ဒဿနတွေကို မျှဝေပေးထားပါတယ်။ အပိုင်း (၁) မှာတော့ ဦးဉာဏ (ဓမ္မဝိဟာရီ) ရဲ့ အသက်တာမှာ မတူကွဲပြားတဲ့ ယုံကြည်ချက်တွေကြောင့် ဘယ်လောက်အထိ ဖိနှိပ်မှုတွေကို ရင်ဆိုင်ကြုံတွေ့ခဲ့ရလဲဆိုတာတွေကို အဓိက အာရုံစိုက်ပြီး တင်ဆက်ပေးထးပါတယ်။ -------------- ၂၀၁၆ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်နေ့မှာ ပြုလုပ်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အပြည့်အစုံကို မဖော်ပြဖြစ်ခဲ့တဲ့ မိုးပြာဂိုဏ်းလို့ လူသိများတဲ့ ပစ္စုပ္ပန် ကမ္မဝါဒဗုဒ္ဓသာသနာအား တည်ထောင်သူ ဦးဉာဏ (ဓမ္မဝိဟာရီ) အင်တာဗျူးများနှင့် ကျွန်တော်ကိုယ်တိုင် ဖြတ်သန်းခဲ့ရတဲ့ ခေတ်ပြိုင် ဗမာပြည်အတွင်းက လွတ်လပ်စွာ ကိုးကွယ်ခွင့်-ပြောဆိုခွင့်နှင့် ယုံကြည်ခွင့်ဆိုင်ရာ အခြေအနေတွေအပေါ်ကို.. ဗုဒ္ဓနည်းကျ ငြင်းပယ်ခြင်းဆိုင်ရာ ဒဿနရှု့ထောင့်တွေကနေ ရှာဖွေတူးဖော်လို့.. တွေ့ရှိခဲ့ရသမျှတွေကို.. သမိုင်းမှတ်တမ်း အလို့ငှာ.. Documentary တွေအနေနဲ့ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။