"ကင်းမြှီးကောက်ကြော်၊ မိကျောင်းသား မာလာအကင် နဲ့ ပုစွန်အရှင်သုပ်"
BurmaRoo
0:00 / 0:00
"ကင်းမြှီးကောက်ကြော်၊ မိကျောင်းသား မာလာအကင် နဲ့ ပုစွန်အရှင်သုပ်"
54 890 просмотров · 4 мес. назад
BurmaRoo
77,1 тыс. подписчиков
54 890 просмотров · 4 мес. назад
"ကင်းမြှီးကောက်ကြော်၊ မိကျောင်းသား မာလာအကင် နဲ့ ပုစွန်အရှင်သုပ်"
- - - - - - - 🦂 🐊 - - - - - - - -
🍽️ အဆိပ်ပြင်းပါတယ်ဆိုတဲ့ ကင်းမြှီးကောက်ကို ဆီပူပူထဲ နှစ်ကြော်ထားတဲ့ ကြွပ်ကြွပ်ယွယွ အရသာက ဘာနဲ့တူမလဲ??? ကိုယ်တိုင်ဝယ်စားလည်း မရွေးတတ်ပဲ ဝယ်စားရင် တိုက်ဆွေး နှစ်တစ်ရာ ကင်းမြှီးကောက်အိုကြီးနဲ့ မိသွားနိုင်တဲ့ အကွက်တွေလည်းရှိပါတယ်။
🍽️ ဩစီက မိကျောင်းစတိတ်၊ မိကျောင်းကင်၊ မိကျောင်းကော်ပြန့်၊ မိကျောင်းသား ဘာဂါတို့နဲ့ လုံးဝမတူ အရသာကွဲထွက်နေတဲ့ မိကျောင်းသားကို မာလာအရသာနဲ့ နယ်ထားတဲ့ မိကျောင်း တုတ်ထိုးကင်။ တော်တော့်ကို ထူးထူးခြားခြားကောင်းတဲ့ အရသာပါပဲ။
🍽️ အတွေ့အကြုံလိုချင်လို့ အံကြိတ်ပြီး တီးထုတ်ခဲ့ရတဲ့ ပုဇွန်ဆိတ်အရှင်တွေကို ထိုင်းဟင်းခတ် အမွှေးအကြိုင်တွေ ချဉ်ငံစပ် သုပ်ထားတဲ့ Dancing Shrimp ခေါ် ကခုန်နေသော ပုစွန်များရဲ့ ပုစွန်သုပ်။
🍽️ အကောင်လိုက်ကြီးမြင်ပြီး အကောင်ကလည်း ကြီးနေတော့ ကိုယ်တိုင်မတီးထုတ်ခဲ့ပေမယ့် ဗီဒီယိုရအောင်ရိုက်ခဲ့တဲ့ ကင်းမွန်အရှင်ကို အချဉ်နဲ့တို့စားနေတဲ့ အမျိုးသမီး။
🍽️ မြန်မာပြည်သား စားဖိုမှူးကင်ပေးတဲ့ ပုဇွန်အကောင် ခပ်လတ်လတ်ထဲက ပျစ်ခဲအီဆိမ့်နေတဲ့ ပုစွန်ဆီများ။
🍽️ ဥတွေအပြည့်နဲ့ ကင်းမွန်အကောင်လိုက်ကို စပ်ထော်နေတဲ့ အချဉ်ရည် ဆမ်းပေးထားတဲ့ ဟဲဗီးဂွတ်တဲ့ လျှာဖျားက အရသာ။
🍽️ ငါးအကောင်လိုက်ကို ဆားကြမ်းတွေအုံပြီး မီးသွေးမီးရဲရဲနဲ့ မွှေးနေအောင်ကင်ထားတဲ့ ဆားအုံးငါးကင်ရဲ့ စျေးကွက်။
🔥 ဒါတွေအပြင် ထိုင်းနိုင်ငံ၊ ဘန်ကောက်ရွာကြီးက နာမည်ကြီး ဂျော့ဖဲညစျေးရဲ့ ချောင်ကြိုချောင်ကြား လျှောက်စပ်စုကြရင်း ကျနော်တို့ရဲ့ အာလူးများ ဝေဝေဆာဆာနဲ့ ဒီအပတ်အတွက် တင်ဆက်လိုက်ပါပြီ 🔥
✨ ကဲ အစဉ်အလာမပျက် BurmaRoo နဲ့ အတူတူ
သင်္ဘောသီးထောင်းတို့မြေက ညစျေးတစ်ခုကို အတူတူ ပေါက်ကရတွေလုပ်ရင်း ခံစားကြပါစို့ဗျာ ✨
ဆက်တိုက်တင်ဆက်မယ့်
ပိုမိုကောင်းမွန်လာမယ့် Vlogs များကို လက်မလွတ်ပဲ ကြည့်ရှု့အားပေးရင်း BurmaRoo မိသားစုဝင်တွေ အဖြစ် ရင်းရင်းနှီးနှီး အမြဲနေသွားကြဖို့
ကျနော်တို့ရဲ့ YouTube, Facebook နဲ့ TikTok အကောင့်များကို Follow, Like နဲ့ Subscribe လုပ်ထားကြဖို့လည်း မမေ့ကြပါနဲ့ဦး ခင်ဗျာ။
BurmaRoo 🦚 🦘
#BurmaRoo #JoddFairs #ThailandStreetFood #ExoticMeats #ExoticFood #ExoticEats #BangkokNightMarket #ScorpionFried #LiveShrimpSlad #DancingShrimp #CrocsMalaGrill #CrocodileMeat #FoodVlog #MyanmarVlogger #Thailand #TravelVlog