စိတ်နှလုံးအကြွင်းမဲ့ချစ်ပါ - ဆရာမ နန့်မိုးမိုးလွင် Nant Moe Moe Lwin -POFA Daily Prayer Meeting
PRAY ONE FOR ANOTHER POFA
0:00 / 0:00
စိတ်နှလုံးအကြွင်းမဲ့ချစ်ပါ - ဆရာမ နန့်မိုးမိုးလွင် Nant Moe Moe Lwin -POFA Daily Prayer Meeting
21 просмотр · 22 ч назад
PRAY ONE FOR ANOTHER POFA
89 подписчиков
21 просмотр · 22 ч назад
၅မိနစ်ဒေသနာအာရုံဦးမှာ ဝိဉာဉ်ခွန်အားရယူရာ
စိတ်နှလုံးအကြွင်းမဲ့ချစ်ပါ
ဓမ္မရာဇဝင်တတိယစောင်၁၁:၁-၁၃
ဓမ္မရာဇဝင်တတိယစောင် ၃:၁၄၊ ၈:၂၅
သုတ္တံကျမ်း ၂၁:၁၇
ဆရာမ နန့်မိုးမိုးလွင် Nant Moe Moe Lwin
October 9, 2026, Friday @ 9:00 AM Myanmar Time
October 8, 2026, Thursday @ 7:30 PM Pacific Standard Time
ဓမ္မရာဇဝင်တတိယစောင်၁၁:၁-၁၃
၁ ရှောလမုန်မင်းကြီးသည် ဖာရောဘုရင်၏သမီးမှတပါး၊ ဣသရေလအမျိုးသားမဟုတ်သော မောဘအမျိုး၊ အမ္မုန်အမျိုး၊ ဧဒုံအမျိုး၊ ဇိဒုန်အမျိုး၊ ဟိတ္တိအမျိုးသား မိန်းမအများတို့ကို ချစ်တတ်၏။ ၂ ထာဝရဘုရားက၊ သင်တို့သည် တပါးအမျိုးသားတို့နှင့်စုံဘက်ခြင်းကိုမပြုရ။ အကယ်စင်စစ် သူတို့သည် မိမိတို့ဘုရားများနောက်သို့ သင်တို့၏ စိတ်နှလုံးကို လွဲစေကြလိမ့်မည်ဟု ဣသရေလအမျိုးသားတို့အား မိန့်တော်မူသော်လည်း၊ ရှောလမုန်သည် တပါးအမျိုးသား မိန်းမတို့ကို တပ်မက်သောစိတ်ရှိ၏။ ၃ မင်းသမီးဖြစ်သော ခင်ပွန်းခုနစ်ရာ၊ မောင်းမမိဿံသုံးရာရှိ၍၊ သူတို့သည် စိတ်နှလုံးတော်ကို လွဲစေကြ၏။ ၄ ရှောလမုန်သည် အသက်ကြီးသောအခါ၊ မိန်းမများတို့သည် စိတ်နှလုံးတော်ကို အခြားတပါးသောဘုရား နောက်သို့ လွဲစေသဖြင့်၊ စိတ်နှလုံးတော်သည် ခမည်းတော် ဒါဝိဒ်၏စိတ်နှလုံးကဲ့သို့ မိမိဘုရားသခင် ထာဝရဘုရားရှေ့တော်၌ စုံလင်ခြင်းမရှိ။ ၅ ဇိဒုန်နတ်သမီး အာရှတရက်၊ ရွံရှာဘွယ်သော အမ္မုန်ဘုရား မိလကုံနောက်သို့လိုက်၍၊ ၆ ခမည်းတော်ဒါဝိဒ်ကဲ့သို့ ထာဝရဘုရား၌ လုံးလုံးမဆည်းကပ်၊ ရှေ့တော်၌ ဒုစရိုက်ကိုပြုလေ၏။ ၇ ထိုအခါ ရှောလမုန်သည် ရွံရှာဘွယ်သောမောဘဘုရား ခေမုရှနှင့် ရွံရှာဘွယ်သော အမ္မုန်ဘုရားမောလုတ်အဘို့၊ ယေရုရှလင်မြို့ ရှေ့တော်၌ရှိသော တောင်ပေါ်တွင် ကုန်းတို့ကို တည်လေ၏။ ၈ မိမိတို့ဘုရားအား နံ့သာပေါင်းကိုမီးရှို့၍၊ ယဇ်ပူဇော်သော တပါးအမျိုးသား ခင်ပွန်းအပေါင်းတို့အဘို့ ထိုသို့ပြု၏။ ၉ အခြားတပါးသော ဘုရားနောက်သို့ မလိုက်ရမည်အကြောင်း ပညတ်တော်မူသောဘုရား၊နှစ်ကြိမ် ထင်ရှားတော်မူသော ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရားထံတော်မှ၊ ၁၀ ရှောလမုန်သည် စိတ်နှလုံးလွှဲသွား၍၊ မှာထားတော်မူသောစကားကို နားမထောင်သောကြောင့်၊ ထာဝရဘုရား အမျက်ထွက်တော်မူလျက်၊ ၁၁ သင်သည် ဤသို့ပြု၍ ငါဖွဲ့သောပဋိညာဉ်နှင့် ငါမှာထားသောတရားကို မစောင့်ဘဲနေသောကြောင့်၊ နိုင်ငံတော်ကို သင့်လက်မှ ငါဆက်ဆက်နှုတ်၍ သင့်ကျွန်အားပေးမည်။ ၁၂ သို့ရာတွင် သင့်အဘ ဒါဝိဒ်၏မျက်နှာကိုထောက်၍၊ သင့်လက်ထက်၌ ငါသည်းခံဦးမည်။ သင်၏သားလက်မှ နိုင်ငံတော်ကို နှုတ်မည်။ ၁၃ သို့သော်လည်း တနိုင်ငံလုံးကိုမနှုတ်။ ငါ့ကျွန်ဒါဝိဒ်နှင့် ငါရွေးကောက်သော ယေရုရှလင်မြို့ကိုထောက်၍၊ သင့်သားအား ခရိုင်တခရိုင်ကို ငါပေးမည်ဟု ရှောလမုန်အား မိန့်တော်မူ၏။
ဓမ္မရာဇဝင်တတိယစောင်
၃:၁၄ သင့်အဘ ဒါဝိဒ်ကျင့်သည်အတိုင်း ငါ့လမ်းသို့လိုက်၍ ငါစီရင်ချက်ပညတ်တရားတို့ကို စောင့်ရှောက်လျှင်၊ တာရှည်သော အသက်ကိုလည်း ငါပေးမည်ဟု မိန့်တော်မူ၏။
၈:၂၅ အို ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်က၊ သင်သည် ငါ့ရှေ့မှာကျင့်သကဲ့သို့ သင်၏သားမြေးတို့သည် ငါ့ရှေ့မှာ ကျင့်လိုသောငှါ၊ မိမိတို့သွားရာလမ်းကို သတိပြုလျှင်၊ ငါ့မျက်မှောက်၌ ဣသရေလနိုင်ငံ၏ ရာဇပလ္လင်ပေါ်မှာထိုင်ရသော သင်၏အမျိုး မင်းရိုးမပြတ်ရဟု ကိုယ်တော်ကျွန် အကျွန်ုပ်အဘ ဒါဝိဒ်၌ထားတော်မူသော ဂတိတော်ကို ယခုစောင့်တော်မူပါ။
သုတ္တံကျမ်း ၂၁:၁၇
ကာမဂုဏ်၌ မွေ့လျော်သောသူသည် ဆင်းရဲခြင်းသို့ ရောက်လိမ့်မည်။ စပျစ်ရည်နှင့်ဆီကို ကြိုက်သောသူသည်လည်း ငွေကိုမရတတ်ရ။
Chairperson: Hkawn Nu
Prayer Person: Sayarma Daw Marlar Thein
PRAY ONE FOR ANOTHER
"အချင်းချင်းတို့အဖို့ ဆုတောင်းကြလော့"
နေ့စဥ်ဆုတောင်းအစည်းအဝေးမှ ဖိတ်ခေါ်ပါတယ်။
ဆရာမ နန့်မိုးမိုးလွင်၏ ဒေသနာတော်များ Nant Moe Moe Lwin's Sermons
#MoeMoeLwinPOFA
ဆက်စပ်ဒေသနာတော် ခေါင်းစဉ်များ Related Titles
#HeartPOFA #စိတ်နှလုံးPOFA #နှလုံးသားPOFA #PartsOfBodyPOFA
#LovePOFA #ချစ်ခြင်းPOFA #မေတ္တာPOFA #ချစ်ခြင်းမေတ္တာPOFA #ချစ်မေတ္တာPOFA
အခြေပြုကျမ်းညွှန်းများနှင့်ဆက်စပ်သောဒေသနာများ
#1Kings11POFA #၃ရာ၁၁POFA
#1Kings3POFA #၃ရာ၃POFA
#1Kings8POFA #၃ရာ၈POFA
#Proverbs21POFA #သုတ္တံ၂၁POFA
အခြားသူများရဲ့ဒေသနာတော်များ Other's Sermons
#DailySermonsPOFA
နေ့စဉ်အစီအစဉ်များအားလုံး Daily Programs
#PrayOneForAnotherPOFA