ထိပ်သီးဘဏ်သူဋ္ဌေးကြီးတွေကို စစ်ကောင်စီ ဘာခေါ်ပြောလဲ
Myanmar Now News
0:00 / 0:00
ထိပ်သီးဘဏ်သူဋ္ဌေးကြီးတွေကို စစ်ကောင်စီ ဘာခေါ်ပြောလဲ
147 093 просмотра · 2 года назад
Myanmar Now News
1,2 млн подписчиков
147 093 просмотра · 2 года назад
ထိပ်သီးဘဏ်သူဋ္ဌေးကြီးတွေကို စစ်ကောင်စီ ဘာခေါ်ပြောလဲ
…………
အာဏာသိမ်းပြီး သုံးနှစ်ကျော်အတွင်းမှာ စစ်ရေး၊ နိုင်ငံရေးအပြင် ဘဏ္ဍာရေးအကျပ်အတည်းကိုပါ ရင်ဆိုင်လာရတဲ့ စစ်ကောင်စီဟာ ပုဂ္ဂလိကဘဏ်တွေရဲ့ နာယကနဲ့ ဥက္ကဋ္ဌတွေကို မနေ့က နေပြည်တော်မှာ ခေါ်တွေ့ခဲ့ပါတယ်။
ထိပ်သီးဘဏ်သူဌေးကြီးတွေ ဖြစ်ကြတဲ့ ကမ္ဘောဇဘဏ် KBZ နာယက ဦးအောင်ကိုဝင်း၊ ဧရာဝတီဘဏ် AYA ဥက္ကဋ္ဌ ဦးဇော်ဇော်နဲ့ တခြားသော ပုဂ္ဂလိကဘဏ်သူဌေးတွေ အများအပြားကိုလည်း တွေ့ရပါတယ်။ နေပြည်တော်မှာ စစ်ဆေးခံနေရတဲ့ ရိုးမ(YOMA)ဘဏ်ပိုင်ရှင် သူဋ္ဌေးကြီး ဦးသိမ်းဝေ(ခ) Serge Pun ကိုတော့ အဲ့ဒီအစည်းအဝေးမှာ လုံးဝ မတွေ့ရပါဘူး။ CB ဘဏ်သူဋ္ဌေး ဦးခင်မောင်အေးလည်း အစည်းအဝေးလာတက်တာ မတွေ့ရပါဘူး။
စစ်ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး ဦးဆောင်တဲ့ အဲ့ဒီအစည်းအဝေးမှာ KBZ နာယက ဦးအောင်ကိုဝင်းကတော့ ဦးထုပ်ဆောင်းလျက် အစည်းအဝေးတက်ခဲ့တာကို တွေ့ရပါတယ်။ ဒါဟာ စစ်ဗိုလ်ချုပ်ကြီးတွေရှေ့မှာ ဦးထုပ်မချွတ်ဘဲ အစည်းအဝေးတက်တဲ့ အရပ်သားတစ်ဦးရဲ့ ရှားရှားပါးပါး ပြယုဒ်လို့ ဆိုရမှာပါ။
အဲ့ဒီ အစည်းအဝေးမှာ အတိုး အရင်း ပြန်လည်ပေးဆပ်နိုင်ခြင်းမရှိတဲ့ ချေးငွေတွေ မြင့်တက်နေမှု၊ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်လိုက်တဲ့ မြို့အသီးသီးက ဘဏ်ခွဲတွေကိစ္စအပြင် ၊ ဘဏ်လုပ်ငန်းမှာ ငွေသားလက်ကျန်နည်းပါးလာမှုတို့ကို အဓိကဆွေးနွေးခဲ့တယ်လို့ နေပြည်တော်က သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
သတင်း၊ တင်ဆက် - အောင်ခမ်း၊ အောင်ဇေ၊ မြတ်ကြီး