Перейти к содержимому

🥊 UFC အထိချိတ်ဆက်ခဲ့တဲ့ WLC | LFC အတွက် အတွေ့အကြုံတွေဝေမျှခဲ့တဲ့ ဦးဇေသီဟနှင့် တွေ့ဆုံခြင်း

House of Warriors - H.O.W и ещё 2

0:00 / 0:00

🥊 UFC အထိချိတ်ဆက်ခဲ့တဲ့ WLC | LFC အတွက် အတွေ့အကြုံတွေဝေမျှခဲ့တဲ့ ဦးဇေသီဟနှင့် တွေ့ဆုံခြင်း

1 647 просмотров · 2 часа назад
House of Warriors - H.O.W и ещё 2
1 647 просмотров · 2 часа назад
တစ်ချိန်က မြန်မာ့ရိုးရာလက်ဝှေ့ရဲ့ လက်သီးသံတွေကို ကမ္ဘာ့ပရိသတ်တွေဆီ အရောက်ပို့ဆောင်ပေးနိုင်ခဲ့တဲ့ ကြိုးဝိုင်းတစ်ခု ရှိခဲ့ပါတယ်။ World Lethwei Championship (WLC) ဟာ မြန်မာ့ရိုးရာလက်ဝှေ့ကို UFC Fight Pass နဲ့ ညှိနှိုင်းနိုင်ခဲ့ထဲ့ အနေအထားတွေ ကနေတစ်ဆင့် နိုင်ငံတကာပရိသတ်တွေရှေ့အထိ ရောက်ရှိစေခဲ့တဲ့ အောင်မြင်မှုခြေရာတွေကို ချန်ရစ်နိုင်ခဲ့ပါတယ်။ ဒီနေ့မှာတော့ WLC ရဲ့ ပွဲစဉ်တွေ ရပ်နားသွားခဲ့ပေမယ့် အဲ့ဒီခေတ်က ဖန်တီးခဲ့တဲ့ အောင်မြင်မှုတွေ၊ ကျော်ဖြတ်ခဲ့ရတဲ့ စိန်ခေါ်မှုတွေနဲ့ ဖြတ်သန်းမှုအတွေ့အကြုံတွေကတော့ နောင်လာမယ့် မြန်မာ့ရိုးရာလက်ဝှေ့ပွဲတွေအတွက် ပြန်လည်လေ့လာစရာ ခြေရာတွေ ဖြစ်နေဆဲပါပဲ။ ဒါဆို အတိတ်က WLC ရဲ့ အတွေ့အကြုံတွေကနေ ရှေ့ဆက်ပေါ်ထွက်လာမယ့် Lethwei Fighting Championship (LFC) လို ပြိုင်ပွဲတွေအတွက် ဘယ်လိုသင်ခန်းစာတွေ ရယူနိုင်မလဲ။ WLC ကို စတင်တည်ထောင်ခဲ့ချိန်ကနေ နိုင်ငံတကာစင်မြင့်ဆီ လှမ်းခဲ့တဲ့ အောင်မြင်မှုတွေ၊ ကြုံတွေ့ခဲ့ရတဲ့ စိန်ခေါ်မှုတွေနဲ့ အတွေ့အကြုံတွေအကြောင်းကို WLC တည်ထောင်သူ ဦးဇေသီဟ နဲ့ ဆရာ နန္ဒဝန်ငြိမ်းချမ်း တို့က အတိတ်ရဲ့ ကြိုးဝိုင်းပုံရိပ်တွေကို ပြန်လည်ဖော်ထုတ်ရင်း House of Warriors (H.O.W) ရဲ့ ရိုးရာလက်ဝှေ့စကားဝိုင်း အပိုင်းသစ် မှာ ဆွေးနွေးသုံးသပ်ထားပါတယ်။ #HouseOfWarriors #HOWMM #CombatSports #Lethwei #WLC #LFC #ရိုးရာလက်ဝှေ့ 🔔​ Follow Us & Watch More YouTube:    / @houseofwarriormm   Facebook:   / houseofwarriormm   Instagram :   / h.o.w.mm   TikTok:   / house.of.warrior