Перейти к содержимому

GYM နဲ့ Diet လုပ်သူတွေအတွက် ကြက်ရင်ပုံကို ဆီမပါဘဲ နူးနူးအိအိဖြစ်အောင် သုပ်စားနည်း

Cook for K1

0:00 / 0:00

GYM နဲ့ Diet လုပ်သူတွေအတွက် ကြက်ရင်ပုံကို ဆီမပါဘဲ နူးနူးအိအိဖြစ်အောင် သုပ်စားနည်း

2 031 просмотр · 1 месяц назад
Cook for K1
462 тыс. подписчиков
2 031 просмотр · 1 месяц назад
🛒 လိုအပ်သော ပါဝင်ပစ္စည်းများ ကြက်ရင်ပုံသား - အနေတော် ဂျင်း - ၄ ပြား နံနံပင်အမြစ် - အနည်းငယ် ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက် (ပြုတ်ရန်နှင့် ထောင်းရန်) ကြက်သွန်ဖြူ - အနည်းငယ် နံနံပင် နှင့် ရှမ်းနံနံ - နုတ်နုတ်စဉ်းပြီးသား သံပရာသီး - ၃ လုံး သကြား - ၁ ဇွန်း ငါးငံပြာရည် - ၁ ဇွန်း ဟင်းသီးဟင်းရွက်မှုန့်၊ ဆား၊ ငရုတ်ကောင်းမှုန့် - အနည်းငယ် ဘိတ်ကင်းပေါင်ဒါ၊ ကော်မှုန့် - အသားနှပ်ရန် 👩‍🍳 ချက်ပြုတ်ပုံအဆင့်ဆင့် အဆင့် (၁) အသားနှပ်ခြင်း (ကြက်ရင်ပုံသား နူးညံ့စေရန်) ရေခဲသေတ္တာထဲမှ လတ်လတ်ဆတ်ဆတ် ထုတ်ထားသော ကြက်ရင်ပုံသားကို ပါးပါးလှီးပေးပါ။ ကြက်သားကို နူးညံ့အိစက်သွားစေရန် ဘိတ်ကင်းပေါင်ဒါ၊ ဟင်းသီးဟင်းရွက်မှုန့်၊ ဆား နှင့် ကော်မှုန့် တို့ဖြင့် သေချာနယ်ပြီး ခဏနှပ်ထားပေးပါ။ နှပ်ထားတဲ့အခါ ရေခဲသေတ္တာ အအေးခန်းထဲ ထည့်ထားပေးပါ။ အဆင့် (၂) ကြက်သားပြုတ်ခြင်း အိုးထဲတွင် ရေထည့်ပြီး ဆူအောင်တည်ပါ။ ရေဆူလာလျှင် ဂျင်း ၄ ပြား၊ နံနံပင်အမြစ် နှင့် ဆားအနည်းငယ် ထည့်ပါ။ ရေပွက်ပွက်ဆူလာပါက မီးခဏပိတ်လိုက်ပြီး နှပ်ထားသော ကြက်သားများကို တစ်ပြားချင်းစီ ခွာထည့်ပေးပါ။ ပြီးရင် မီးကိုပိတ် အိုးအဖုံးပိတ်ပြီး ၈ မိနစ် ခန့် ထားပေးပါ။ ၈ မိနစ်ပြည့်လျှင် အသားများကို တစ်ချက်မွှေပေးပြီး မီးပြန်ဖွင့်ပါ။ မီးအားအေးအေး ဖြင့် ၁၀ မိနစ် ခန့် ဆက်တည်ထားပေးပါ။ မီးဖွင့်ထားတုန်း ဗိုက်မနာစေဖို့အတွက် ငရုတ်သီးစိမ်းများကိုပါ အတူတူထည့်ပြုတ်ပေးရပါ။ ၁၀ မိနစ်ပြည့်ပါက ပြုတ်ထားသော ငရုတ်သီးစိမ်းများနှင့် ကြက်သားများကို ရေနွေးထဲမှ ဆယ်ယူပြီး အအေးခံထားပါ။ (ကြက်သားပြုတ်ရည်ကို သွန်မပစ်ပါနှင့်) အဆင့် (၃) အသုပ်ဆော့စ်စပ်ခြင်း ကြက်သွန်ဖြူနှင့် ပြုတ်ထားတဲ့ ငရုတ်သီးစိမ်းကို ညက်နေအောင် ကြိတ်ထား(သို့မဟုတ်) ထောင်းထားပါ။ နံနံပင် နှင့် ရှမ်းနံနံ တွေကို နုတ်နုတ်စဉ်းထားပါ။ ဇလုံတစ်ခုထဲတွင် နုတ်နုတ်စဉ်းထားသော နံနံပင်နဲ့ ရှမ်းနံနံ။ ထောင်းထားသော ကြက်သွန်ဖြူနဲ့ ငရုတ်သီးစိမ်း။ သကြား ထမင်းစားဇွန်း ၁ ဇွန်း၊ ငါးငံပြာရည် ထမင်းစားဇွန်း ၁ ဇွန်း၊ ဟင်းရွက်မှုန့် အနည်းငယ်၊ ကြက်သားပြုတ်ရည် အနည်းငယ်၊ သံပရာသီး ၃ လုံးညှစ်ရည်၊ ငရုတ်ကောင်းမှုန့် အနည်းငယ် နှင့် တို့ကို ထည့်ပြီး သမအောင် သေချာမွှေပေးပါ။ အဆင့် (၄) အပြီးသတ်သုပ်ခြင်း ပြုတ်ထားသော ကြက်သားများထဲသို့ စပ်ထားသည့် အသုပ်ဆော့စ်ရည်များ လောင်းထည့်ပါ။ အားလုံးအသားထဲ အရသာစိမ့်ဝင်သွားအောင် သေချာအထက်အောက် နယ်ဖတ် (မွှေ) ပေးပြီးလျှင် ချဉ်ချဉ်စပ်စပ်နှင့် စားလို့ အရမ်းကောင်းသော ကြက်ရင်ပုံသုပ် လေးကို သုံးဆောင်နိုင်ပါပြီ။Cookfork1 ၏ အခြားသော လူမှုကွန်ယက်တွေဖြစ်တဲ့ ဖေ့စ်ဘုတ်။ အင်စတာဂရမ်။တစ်တော့ မှာလည်း မတူညီသော တင်ဆက်မှုများဖြင့် တင်ပေးထားပါတယ်ခင်ဗျာ။