Перейти к содержимому

တနင်္သာရီသတင်းမှတ်တမ်း(၂၀၂၆ စက်တင်ဘာ ၂၆ - အောက်တိုဘာ ၂)

Dawei Watch TV

0:00 / 0:00

တနင်္သာရီသတင်းမှတ်တမ်း(၂၀၂၆ စက်တင်ဘာ ၂၆ - အောက်တိုဘာ ၂)

7 281 просмотр · 4 дня назад
Dawei Watch TV
115 тыс. подписчиков
7 281 просмотр · 4 дня назад
Dawei Watch အယ်ဒီတာ ရွေးချယ်ထားတဲ့ ဒီတစ်ပတ် ‘တနင်္သာရီသတင်းမှတ်တမ်း’ မှာတော့ ရေကြီးတောင်ပြိုမှုတွေကြောင့် ရပ်ကွက် ကျေးရွာ ၁၀၀ ကျော် ထိခိုက်ပျက်စီးပြီး လူ ၄၀ ထက်မနည်း သေဆုံးခဲ့ရတဲ့ ထားဝယ်ဒေသ ကပ်ဘေးအခြေအနေ၊ ရွာ ၅၀ ကျော်က လူသောင်းချီ ပြောင်းရွှေ့နေရတဲ့ တနင်္သာရီရေဘေး၊ ကပ်ဘေးဒဏ် ခံနေရချိန် တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာပါ ထပ်မံခံရတဲ့ အခြေအနေ စတဲ့ သတင်းတွေကို စုစည်းတင်ဆက်ထားပါတယ်။ နှစ် ၃၀ အတွင်း အဆိုးဝါးဆုံးကပ်ဘေးဒဏ်ခံလိုက်ရတဲ့ ထားဝယ်ဒေသ 00:00 မိတ်ဆက်အဖွင့် 00:34 မိုးရေချိန်စံချိန်သစ်နဲ့ ရေကြီး၊ တောင်ပြို၊ လူတွေသေခဲ့တဲ့ ကပ်ဘေး 05:36 ရိက္ခာနဲ့ သောက်ရေ အရေးတကြီးလိုနေတဲ့ ကပ်ဘေးသင့်ဒေသတွေ 07:23 လူသောင်းချီ ရေဘေးရှောင်ရပြန်တဲ့ တနင်္သာရီ 08:49 ကပ်ဘေးသင့်နေချိန် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ထားဝယ် Dawei Watch ရဲ့ သတင်းအစီအစဉ်တွေကို လာမယ့် သီတင်းပတ်တွေမှာလည်း ဆက်လက်စောင့်မျှော် အားပေးကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။ အားလုံးပဲ ဘေးကင်းကြပါစေ။ #DaweiWatch Dawei Watch သတင်းဌာနကို ၂၀၁၂ ခုနှစ် မေလတွင် ထားဝယ်မြို့ အခြေစိုက် စတင် တည်ထောင်ခဲ့သည်။ Dawei Watch သည် ကနဦးတွင် တစ်နိုင်ငံလုံးခြုံထုတ်ဝေသည့် နေ့စဉ် သတင်းစာများ၊ အပတ်စဉ်များကို အဓိကအားဖြင့် တနင်္သာရီတိုင်း နှင့် မွန်ပြည်နယ်အတွင်းမှ သတင်းများကို ဝန်ဆောင်မှုပေးလျက်ရှိသည်။ ယင်းအပြင် ထူးခြားမှုအလိုက် ထိုင်းရောက်မြန်မာ ရွှေ့ပြောင်းလုပ်သားများ သတင်းကိုလည်း တင်ဆက်သည်။