နေ့စဉ်ခွန်အား ၂၀၂၆ ခုနှစ် | စက်တင်ဘာလ ၁ ရက်
နေ့စဥ်ခွန်အား - Our Daily Bread Myanmar
0:00 / 0:00
နေ့စဉ်ခွန်အား ၂၀၂၆ ခုနှစ် | စက်တင်ဘာလ ၁ ရက်
3 387 просмотров · 2 мес. назад
နေ့စဥ်ခွန်အား - Our Daily Bread Myanmar
13,2 тыс. подписчиков
3 387 просмотров · 2 мес. назад
ခရစ်တော်၌ ကြီးထွားရန် အတူတကွစုရုံးခြင်း
https://myanmar-odb.org/2026/09/01/ga...
ယနေ့ဖတ်ရန်ကျမ်းချက်
တမန်တော်ဝတ္ထု ၂:၁-၆၊ ၃၆-၃၇
https://odb-ministries.org/bible/mm/r...
/ myanmar.odb / ourdailybreadmyanmar
ထင်ဟပ်ဖော်ပြချက်
ခရစ်တော်၌ ကြီးထွားရန် အတူတကွစုရုံးခြင်း
ဓမ္မသစ်ကျမ်း၌ ပင်တေကုတ္တေပွဲနေ့ဟုလူသိများသည့် (တမန်တော်ဝတ္ထု ၂း၁)၊ သီတင်းပတ် ခုနစ်သီတင်း ရေတွက်ပြီး နောက်တစ်ရက်၌ ပွဲခံခြင်းသည် (ဝတ်ပြုရာကျမ်း ၂၃း၁၅-၂၂)၊ သူ့လူမျိုးတော်တို့ဆင်နွဲရန် ဘုရားသခင်မိန့်ကြားထားသည့် (ဝတ်ပြုရာကျမ်း ၂၃)ထာဝရဘုရား၏ပွဲတော် ခုနစ်ခုအနက် တစ်ခု ဖြစ်သည်။ ထိုပွဲသည် နွေဦးရာသီ ကောက်ရိတ်သိမ်းပွဲဖြစ်ပြီး၊ အဓိကပွဲတော်ကြီး သုံးခုအနက် တစ်ခု ဖြစ်သည်။ ထိုပွဲ၌ ဝတ်ပြုကိုးကွယ်သူတို့သည် ပူဇော်သက္ကာများကို ပူဇော်ရန် ယေရုရှလင်ဗိမာန်တော်သို့ လာရောက်ရမည်ဖြစ်သည်(တရားဟောရာကျမ်း ၁၆း၁-၁၆)။ ဓမ္မသစ်ကျမ်းတွင် ပင်တေကုတ္တေပွဲတော်ကို သခင်ယေရှုသေဆုံးသည့် ပသခါပွဲနေ့အပြီး ရက်ပေါင်း ငါးဆယ်မြောက်နေ့တွင် ကျင်းပကြသည်(ရှင်ယောဟန်ခရစ်ဝင် ၁၈း၂၈)။ ထိုနေ့ကို သခင်ခရစ်တော်အား ယုံကြည်သူအပေါင်းတို့အထဲတွင် ကိန်းဝပ်ရန် ဘုရားသခင်က သန့်ရှင်းသောဝိညာဥ်တော်ကို ပေးသောနေ့ - အသင်းတော်မွေးဖွားသောနေ့အဖြစ် လူတို့သိမှတ်ကြသည် (ရောမဩဝါဒစာ ၈း၁၅-၁၆)။ ကနဦးအသင်းတော်၏ အလေ့အထများကို အတုယူပြီး၊ ယနေ့ ဘုရားသခင်၏လူတို့သည် အတူတကွ မိတ်သဟာယဖွဲ့ခြင်း၊ ဝမ်းမြောက်စွာဝပ်ပြုကိုးကွယ်ခြင်း၊ စိတ်အားထက်သန်စွာ သမ္မာကျမ်းစာကိုလေ့လာခြင်း၊ တစ်ဦးနှင့်တစ်ဦး ချစ်ကြင်နာစွာ ဂရုပြုစောင်မခြင်း၊ သခင်ယေရှုကို မယုံကြည်သော ကမ္ဘာလောကတွင် သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် ကြွေးကြော်ကြေညာခြင်းတို့ကို လုပ်ဆောင်လျက် အသင်းတော်အသိုင်းအဝိုင်းအဖြစ် ဆက်လက်ရှင်သန်ရပေမည် (တမန်ဝောာ်ဝတ္ထု ၂း၄၂-၄၈)။
စာရေးသူ K.T. Sim