Перейти к содержимому

K3C နဲ့ အမေရိကန် နိုင်ငံခြားရေးအတိုင်ပင်ခံ ဘာတွေသဘောတူခဲ့သလဲ

The Irrawaddy News

0:00 / 0:00

K3C နဲ့ အမေရိကန် နိုင်ငံခြားရေးအတိုင်ပင်ခံ ဘာတွေသဘောတူခဲ့သလဲ

49 559 просмотров · 2 г. назад
The Irrawaddy News
1,63 млн подписчиков
49 559 просмотров · 2 г. назад
K3C နဲ့ အမေရိကန် နိုင်ငံခြားရေးအတိုင်ပင်ခံ ဘာတွေသဘောတူခဲ့သလဲ (ရုပ်/သံ) ဧရာ၀တီ၊ ဧပြီ ၂၊ ၂၀၂၄ K3C လို့ခေါ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP)နဲ့ ချင်းအမျိုးသားတပ်ဦး (CNF) တို့ ဟာ အမေရိကန်နိုင်ငံခြား ရေးအတိုင်ပင်ခံ ဒဲရစ်ချောလက် နဲ့ မတ်လ ၂၈ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးမှု အခြေအနေ အသေးစိတ်ကိုတော့ K3C ဘက်ကနေ တရားဝင် ထုတ်ဖော် မပြောထားပါဘူး။ ဒါပေမဲ့ အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံ ဒဲရစ်ချောလက် (Derek Chollet) ကတော့ နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ အကူအညီလိုအပ်နေသူတွေကို အကူအညီတွေ ပေးအပ်မှုတိုးမြှင့်နိုင်ဖို့နဲ့ မြန်မာပြည်သူတွေအတွက် ပိုကောင်းတဲ့ အနာဂတ်ဖြစ်လာအောင် လုပ်နိုင်မယ့် ခြေလှမ်းတွေကို ဆွေးနွေးခဲ့ကြတယ်လို့ Twitter လို့ခေါ်တဲ့ X လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်အဖွဲ့တွေနဲ့ အမေရိကန်နိုင်ငံခြားရေး အတိုင်ပင်ခံ တို့ တွေ့ဆုံမှု ဟာ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ အကူအညီ လိုအပ်နေသူတွေကို အကူအညီတွေ ပေးအပ်မှု တိုးမြှင့်နိုင်ဖို့နဲ့ မြန်မာပြည်သူတွေအတွက် ပိုကောင်းတဲ့ အနာဂတ်ဖြစ်လာအောင် လုပ်နိုင်မယ့် ခြေလှမ်း‌တွေလို့ နိုင်ငံရေး လေ့လာသူတွေကြားမှာတော့ သုံးသပ်မှုတွေ ရှိကြပါတယ်။