DEMU စပိန်ရထားနဲ့ မော်လမြိုင် - ရန်ကုန် အိမ်ပြန်ခရီးစဉ်
The Moments with Charm
0:00 / 0:00
DEMU စပိန်ရထားနဲ့ မော်လမြိုင် - ရန်ကုန် အိမ်ပြန်ခရီးစဉ်
13 305 просмотров · 1 месяц назад
The Moments with Charm
1,37 тыс. подписчиков
13 305 просмотров · 1 месяц назад
DEMU စပိန်ရထားနဲ့ မော်လမြိုင် - ရန်ကုန် အိမ်ပြန်ခရီးစဉ်
ဘားအံမှာ လည်လ်ို့ဝပြီဆိုတော့ အိမ်ပြန်ရတော့မယ်ပေါ့၊ အဲဒီတော့ ဘားအံကနေ နံနက် ၇:၃၀ ကထွက်တဲ့ ဘားအံ - မော်လမြိုင်ကားကို ၇၀၀၀ ကျပ်နဲ့ ပေးစီးပြီး ထွက်လာခဲ့ပါတယ်။
ဘားအံကနေ မော်လမြိုင်ဘူတာရှေ့အထိ ၂နာရီခွဲဝန်းကျင်ခန့် စီးရပါတယ်။
ဘူတာရောက်တော့ ဘူတာအပေါ်ထပ်က စားသောက်ဆိုင်လေးမှာ နံနက်စာအဆာပြေစားပြီး အောက်ကိုဆင်းပြီး တအောင့်ကြာတော့ ဘူတာစင်္ကြန်ပလက်ဖောင်းကို ဝင်လို့ရပြီမို့ စစ်ဆေးရေးအတွက် တန်းစီရပါတယ်။
တရားမဝင်ကုန်ပစ္စည်းများ ၊ အနံ့အသက်ထွက်စေတဲ့ အပင် / အစားအစာများ လုံးဝသယ်လို့မရတာမို့ အချို့ဆို ကြက်မောက်သီး / ဒူးရင်းသီးတင်မက မျှစ်ပြုတ်တွေပါ ဘူတာမှာ ထားခဲ့ရတာ တွေ့ရပါတယ်။
ရထားထွက်မှာ လိုနေသေးပေမယ့်လဲ တံခါးဖွင့်ပေးလိုက်တာနဲ့ လုတက်ကြတာက မြန်မာ့ဓလေ့ထုံးစံလို ဖြစ်နေပါပြီ ၊ အေးအေးဆေးဆေးတက်လဲ ရပါတယ်။ နောက်ဆုံးလူကုန်ခါနီးမှ တက်ပေမယ့်လဲ အပေါ်ရောက်တော့ ထုံးစံအတိုင်း အတွဲမှားကြသူ / ခုံမှားကြသူများကြားက တိုးဝှေ့ပြီး သွားရတာပါပဲ။ ဘူတာမှာ တာဝန်ရှိသူတွေက မတက်ခင်ကလဲ ဘယ်အတွဲက ဘယ်မှာပြောပြပေမယ့်လဲ မကြားကြတာပဲလားမသိ၊ အပေါ်ရောက်မှ ကျိုးကကြောင်လုပ်သူတွေကြောင့် တက်လာသူတွေ အနှောင့်အယှက်လဲဖြစ်ရပါသေးတယ်။
ဒါနဲ့ ကိုယ့်အတွဲက ရထားစက်ခန်းပါတဲ့ အတွဲ၁ ဖြစ်ပြီး စက်ခန်းပါလို့ အတွဲက Private ဆန်ဆန် ခပ်ကျဉ်းကျဉ်းလေးဖြစ်နေတယ်လို့ ခံစားရပါတယ်၊ ဒီအခန်းလေးမှာ ခန့်မှန်းခြေ ၁၆ ခုံလောက်ပဲပါတာမို့ သူငယ်ချင်းအုပ်စုလိုက်တွေ သီးသီးသန့်သန့်လေးစီးချင်ရင် အတွဲ ၁ ကိုယူလို့ရပါတယ်။
အလာတုန်းကအတိုင်းပဲ အပြန်မှာလဲ ခုံက Plan မှာပြတာနဲ့ ပြောင်းပြန်ဖြစ်နေပြန်တာပါပဲ၊ Online က Seating plan ကို Express ကားခုံလ်ို အတည့်ကြည့်ဖြတ်လို့ မရတာ ၊ ပြောင်းပြန်ကြည့်မှ ကိုယ်လိုတဲ့ နေရာဖြစ်မှာ စီးကြည့်မှသိပါတယ်။
ဆိုလိုတာက Plan မှာ ညာဖက်ခြမ်းနောက်ဆုံးတန်းကို ယူထားရင် အပြင်မှာကျ ဘယ်ဘက်ခြမ်း ထိပ်ဆုံးရောက်ပြီး ရထားလားရာနဲ့ ပြောင်းပြန်ဖြစ်နေတာမို့ ရှုခင်းတွေကို ကြိုမမြင်ရလို့ စိတ်အစာမကျေဖြစ်ခဲ့ရပါတယ်။
ရထားက အတော်ငြိမ့်ပါတယ်၊ Video ထဲမှာ ရေဘူးတင်ပြထားတာ ရေတောင် သိပ်မလှုပ်ပါဘူး၊ အရုန်း အထွက် အတင် အတော်ငြိမ့်ပါတယ်၊
ရထားက အဆင်ပြေသလောက် အဆင်မပြေတာက စီးနင်းသူအချို့ရဲ့ စီးပျက်ကမ်းပျက်လုပ်မှုပါပဲ။
ဘာလဲဆိုရင် ရထားအိမ်သာထဲမှာ ရေ၊ဆပ်ပြာ၊ရေဆွဲစနစ်တွေကအစ သေချာလေးလုပ်ပေးထားပါလျက်နဲ့ တစ်ရှုးတွေနဲ့သုတ်ပြီး အမှိုက်ပုံးရှိနေတာတောင် အောက်ကိုပစ်ချထားတာပါ။ ဒါတွေကို ပြင်မှ ရေရှည်သန့်သန့်ပြန့်ပြန့်စီးရမှာပါ။
DEMU က ပုံမှန်ရထားလိုတော့ ကြားဘူတာမစိပ်ပါဘူး ၊ ရပ်နားဘူတာ နည်းတာမို့ ရန်ကုန်ကို ညနေ ၆:၀၀ နာရီအချိန်ကိုက် ပြန်ရောက်ရှိခဲ့ပါတယ်။
လမ်းခရီးတလျောက်လဲ အဆင်ပြေပြေရှိခဲ့ပါတယ်။
နောက် Vlog တွေမှာ ထပ်ဆုံကြရအောင်ပါ
#vlog #travel #myanmar #nature #hpaan #မြန်မာ #dji #scenery #themomentswithcharm #DEMU #စပိန်ရထား #train #railway #ရထား #စပိန်မ #ဘားအံ #solotrip #trip #mawlamyaing #yangon #station