Перейти к содержимому

နေ့စဉ်ခွန်အား ၂၀၂၆ ခုနှစ် | စက်တင်ဘာလ ၂၂ ရက်

နေ့စဥ်ခွန်အား - Our Daily Bread Myanmar

0:00 / 0:00

နေ့စဉ်ခွန်အား ၂၀၂၆ ခုနှစ် | စက်တင်ဘာလ ၂၂ ရက်

2 334 просмотра · 11 часов назад
နေ့စဥ်ခွန်အား - Our Daily Bread Myanmar
12,9 тыс. подписчиков
2 334 просмотра · 11 часов назад
နွေးထွေး‌သောအသင်းတော် https://myanmar-odb.org/2026/09/22/th... ယနေ့ဖတ်ရန်ကျမ်းချက် တမန်တော်ဝတ္ထု ၂:၄၂-၄၇ https://odb-ministries.org/bible/mm/r...   / myanmar.odb     / ourdailybreadmyanmar   ထင်ဟပ်ဖော်ပြချက် နွေးထွေး‌သောအသင်းတော် တမန်တော်ဝတ္ထု၌ ကနဦးအသင်းတော်သည် လူမှုအသိုင်းအဝိုင်းလိုအပ်မှုကို သိမှတ်ခဲ့သည်(တမန်တော်ဝတ္ထု ၂း၄၆)။ ဒေသနာကျမ်းရေးသားသူက “လူသည် တစ်ယောက်တည်းထက် နှစ်ယောက်သာ၍ကောင်း၏။ ကြိုးစားအားထုတ်လျှင် ကောင်းသောအကျိုးကို ရတတ်၏။ တစ်ယောက်လဲလျှင် တစ်ယောက်ထူလိမ့်မည်။ တစ်ယောက်တည်းသောသူလဲလျှင်မူကား အကျိုးနည်းပြီ။ ထူသောသူမရှိ”(၄း၉-၁၀)ဟူ၍လည်း ထိုအမှန်တရားကို အတည်ပြုပြောကြားခဲ့သည်။ အင်အားဆိုသည်မှာ(လူဦးရေ) အရေအတွက်နှင့်လည်း ဆိုင်သည်။ အတူတကွရှိသည့်အခါ အင်အားပိုရှိခြင်းကြောင့် အသိုင်းအဝိုင်းသည် အရေးကြီးပါသည်။ ဘုရားသခင်၏အမှန်တရား၌ အခြေတည်သည့် မိသားစုနှင့် အသင်းတော်သည် ကျွန်ုပ်တို့ရှင်သန်ကျော်လွှားပြီး ပိုမိုတိုးတက်အောင်မြင်အောင် ပံ့ပိုးထောက်မနိုင်သည်၊ ကူညီပေးနိုင်သည်။ သခင်ယေရှုကလည်း “အကြင်အရပ်၌ လူနှစ်ဦးသုံးဦးတို့သည် ငါ၏နာမကိုထောက်၍ စည်းဝေးကြ၏။ ထိုအရပ်၌ သူတို့အလယ်မှာ ငါရှိသည်”ဟု ကျွန်ုပ်တို့ကို သတိပေးသည်(ရှင်မဿဲခရစ်ဝင် ၁၈း၂၀)။ ထိုသို့ ခရစ်တော်ကို ဗဟိုပြုသော အသိုင်းအဝိုင်းတွင် ကျွန်ုပ်တို့သည် အချင်းချင်းတို့၏ ဝန်ကို ကူညီ၍ ထမ်းရွက်နိုင်သည်(ဂလာတိဩဝါဒစာ ၆း၂)၊ အချင်းချင်းတို့အဖို့ ဆု‌တောင်းပေးနိုင်သည် (ရှင်ယာကုပ်ဩဝါဒစာ ၅း၁၆)၊ '... နှစ်ဦးနှစ်ဖက်၏ယုံကြည်ခြင်းအားဖြင့် နှစ်သိမ့်မှုကို အတူတကွခံစားနိုင်”ပေသည် (ရောမဩဝါဒစာ ၁း၁၂)။ စာရေးသူ အယ်လီဆန်ကီဒါ