Перейти к содержимому

မြို့ပြ/ တောင်ပေါ် သစ်သီးဝလံစျေးကွက် ကွာခြားမှု အခြေအနေ။

Unique Life In Myanmar 🇲🇲

0:00 / 0:00

မြို့ပြ/ တောင်ပေါ် သစ်သီးဝလံစျေးကွက် ကွာခြားမှု အခြေအနေ။

1 723 просмотра · 23 часа назад
Unique Life In Myanmar 🇲🇲
75,3 тыс. подписчиков
1 723 просмотра · 23 часа назад
ဤရိုက်ကူးတင်ဆက်မှုတွင် လူနေထူထပ်သည့် ရန်ကုန်မြို့နှင့် သစ်သီးအများဆုံးထွက်ရှိသည့် ရှမ်းပြည်တောင်ပိုင်း ဒေသများရှိ ရာသီအလိုက်အများဆုံး အကြိုက်တွေ့ဝယ်ယူကြသည့် သစ်သီးဝလံများ ကုန်တိုက်စျေးနှုန်း၊ ရပ်ကွက်စျေးနှုန်း ၊ ကျေးလက်ဒေသ တိုက်ရိုက်ခြံထွက်စျေးနှုန်းအပါအဝင် အသင့်စား စိတ်ကြိုက်ပြင်ဆင်ရောင်းချပေးသည့် စေတနာအပြည့်နှင့် ရောင်းချပေးနေသော လမ်းဘေးဆိုင်ငယ်များ စျေးနှုန်းများကို ယှဥ်တွဲဖော်ပြထားပါသည်။ ပြည်ပမှ တင်သွင်းသည့် သစ်သီဝလံများ ဝယ်ယူစားသုံးသည်ထက် ပြည်တွင်းထွက် သစ်သီးဝလံများ ပိုမို အားပေးဝယ်ယူကြသင့်သည့်အချက်များမှာ..... ပြည်ပသွင်းကုန် သစ်သီးဝလံများသည် အဝေးတင်ခံဖို့ အရသာမပြည့်သေးသည့် အနုသီးများ ခူးဆွတ်ရပြီး ပိုးသတ်ဆေးနှင့် ရေရှည်အထားခံဖို့ ဓါတုဆေးရည်မျိုးစုံ အသုံးပြုကြရသည်မို့ ကျန်းမာရေးရှုထောင့်မှ ကြည့်လျှင် စိုးရိမ်စရာဖြစ်ပါသည်။ ပြည်တွင်းထွက် သစ်သီးဝလံများသည် စိုက်ခင်းမှ ပွဲစား၊ ပွဲရုံနှင့် စျေးရုံကြီးများရှိရာ မြန်မာပြည်အနှံ့ နေရာများ အများဆုံး ၃ - ၅ ရက်ခရီးသာ အချိန်လိုအပ်သည်မို့ အရင့်ထိထားပြီး အမှည့်မှန်သည့် သစ်သီးမျိုးစုံကို အရသာအမှန် စားသုံးနိုင်ပါမည်။ သို့ဖြစ်၍ ဓါတုဆေးရည်နှင့် ပိုးသတ်ဆေးမျိုးစုံ သုံးထားသည့် ပြည်ပသွင်းကုန် သစ်သီးဝလံများကိုစားသုံးမှုထက် အားသာသည့်အချက်ပင်ဖြစ်ကြောင်း knowledge sharing အနေဖြင့် စီစဥ်တင်ဆက်လိုက်ရပါသည် ခင်ဗျာ။ #fruit #prices #local #productivity #myanmar #yangon