ဆံစလည်ဝဲကိုယ့်ချစ်သည်း ဟင်္သာတထွန်းရင် (စာသား စာတမ်းထိုး) (၁၆၃၀)
သီချင်းကောင်းကင် သီချင်းမိုးတိမ်
0:00 / 0:00
ဆံစလည်ဝဲကိုယ့်ချစ်သည်း ဟင်္သာတထွန်းရင် (စာသား စာတမ်းထိုး) (၁၆၃၀)
586 просмотров · 1 год назад
သီချင်းကောင်းကင် သီချင်းမိုးတိမ်
151 тыс. подписчиков
586 просмотров · 1 год назад
ဆံစလည်ဝဲကိုယ့်ချစ်သည်း (စာသား စာတမ်းထိုး)
တေးပြုစာဆို/တေးသံရှင် ဟင်္သာတထွန်းရင်
• ဆံစလည်ဝဲကိုယ့်ချစ်သည်း ဟင်္သာတထွန်းရင် (စာ...
Myanmar Music (Lyric Closed Captions) Collection
ပန်းချီဓါတ်ပုံ Created by Ko Sein Mya
Lyric Typing by Mr. KH Lee
Closed Captions added by Dr. Khin Haw
ဆံစလေး..တိုတို.. မြန်မာဟန် တပတ်လျှိုမထုံး..
ပခုံးထက် ရစ်ဝဲဝဲနဲ့ တွဲလဲ..ကြက်တောင် ချည်နှောင်တာ တမျိုး..နဲ့ရယ်
နဂိုနေ ကေသာ အလှကို တမင်ဖြတ်ကာ ပြုပြင်ကြသေး...တယ်
ဆံစလည်ဝဲ ကိုယ့်ချစ်သည်းရယ် ကိုယ်ချစ်သည်း...ရယ်..
ဝတ်စားဆင်ယင်မှုတွင်... အဆန်း..ဆိုသမျှ အမျိုးမျိုးထွင်..
မို့မို့ပါးပြင်ဝယ်.. သနပ်ခါး ပါးကွက်ကြား ခပ်ပါးပါး..လေး လိမ်းကာခြယ်
မြင်ရသူ နှုတ်ဖျား....ကကွယ်..
တယ်..လှပါလားရယ်လို့ တဖွဖွ ပြောလောက်အောင်ကွယ်
ဆံစလည်ဝဲ ကိုယ့်ချစ်သည်းမယ်
ပန်း..မပန်ပါပဲ..အလှတွင်အယဉ်ဆင့် အသွင် တင့် လှပါတယ်..
ဆံစလေး..တိုတို.. မြန်မာဟန် တပတ်လျှိုမထုံး..
ပခုံးထက် ရစ်ဝဲဝဲနဲ့ တွဲလဲ..ကြက်တောင် ချည်နှောင်တာ တမျိုး..နဲ့ရယ်
နဂိုနေ ကေသာ အလှကို တမင်ဖြတ်ကာ ပြုပြင်ကြသေး...တယ်
ဆံစလည်ဝဲ ကိုယ့်ချစ်သည်းရယ် ကိုယ်ချစ်သည်း...ရယ်..
ဝတ်စားဆင်ယင်မှုတွင်... အဆန်း..ဆိုသမျှ အမျိုးမျိုးထွင်
မို့မို့ပါးပြင်ဝယ်.. သနပ်ခါး ပါးကွက်ကြား ခပ်ပါးပါး..လေး လိမ်းကာခြယ်
မြင်ရသူ နှုတ်ဖျား....ကကွယ်..
တယ်..လှပါလားရယ်လို့ တဖွဖွ ပြောလောက်အောင်ကွယ်
ဆံစလည်ဝဲ ကိုယ့်ချစ်သည်းမယ်
ပန်း..မပန်ပါပဲ..အလှတွင်အယဉ်ဆင့် အသွင် တင့် လှပါတယ်..
ကလေး..ဘဝအရွယ် ငယ်ငယ်တုန်း...မယ်..
ကလေးဘဝအရွယ်... ဪ...ငယ်ငယ်တုန်း...မယ်..
ရှေးဆန်ဆန်..ဘီးဆံပတ်ထုံး..မှ အမြင့်မြတ်ဆုံး...တဲ့ကွယ်..
ဆံလျဉ်ဆံတောက်ကလေးနဲ့ မှကွယ် ယဉ်ကျေးသိမ်မွေ့တယ်..လို့
လူကြီးသူမဆိုစကား..ပြေး..၍ပင် ကြားယောင် မြင်ယောင်..တယ်...

ချစ်သည်းတို့ လှပဖို့ရန် ဆံကေသာဖြတ်တဲ့သဘော..
အပြစ်မပြောလိုဘူးကွယ်.. တခုတော့ရှိပါလေတယ်...
မြန်မာ့မူ..မြန်မာ့ဟန် မြန်မာ့ အသွင်အပြင်...
ဆံလျဉ်ဆံတောက်တွေ.. မကွယ်ပျောက်စေချင်...
အစဉ်သာ ထိန်းသိမ်းဖို့ရယ်
မိန်းကလေးတို့ တာဝန်မဟုတ်လားကွယ်..
ဆံစလည်ဝဲ ကိုယ့်ချစ်သည်းရယ်
ကိုယ့်ချစ် သည်း...ရယ်..
ချစ်သည်းတို့ လှပဖို့ရန် ဆံကေသာဖြတ်တဲ့သဘော..
အပြစ်မပြောလိုဘူးကွယ်.. တခုတော့ရှိပါလေတယ်...
မြန်မာ့မူ..မြန်မာ့ဟန် မြန်မာ့ အသွင်အပြင်...
ဆံလျဉ်ဆံတောက်တွေ.. မကွယ်ပျောက်စေချင်...
အစဉ်သာ ထိန်းသိမ်းဖို့ရယ်
မိန်းကလေးတို့ တာဝန်မဟုတ်လားကွယ်..
ဆံစလည်ဝဲ ကိုယ့်ချစ် သည်း...ရယ်.. ။