Перейти к содержимому

Beautiful Gospel Song (Khumi)

ချင်းတို့ဌာနီ - Chin Dou Hta Ni

0:00 / 0:00

Beautiful Gospel Song (Khumi)

1 026 просмотров · 3 мес. назад
ချင်းတို့ဌာနီ - Chin Dou Hta Ni
11,5 тыс. подписчиков
1 026 просмотров · 3 мес. назад
ဒီသီချင်းကို တစ်ချိန်တုန်းက ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ အင်္ဂလီကန်အသင်းတော်မှာ အမှုတော်ဆောင်ခဲ့သူ၊ လက်ရှိ မြန်မာလုသရင်အသင်းတော်ရဲ့ ဘီရှော့ ဒေါက်တာ အန္ဒြူးမန်းလုံက ရေးစပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီသီချင်းရေးစပ်ခဲ့ပုံက အဲတုန်းက အသင်းသူ/သားများဟာ ဘုရားအတွက် ဆပ်ကပ်ပါဝင်မှုတွေ အားနည်းသွားတဲ့ အခိုက်အတန့်လို့ ပြောပါတယ်။ ဒါ့ကြောင့် ယင်းအချိန်တုန်းက စစ်တွေ သာသနာပိုင်နယ် Bishop ကြီး ဗနဗထောင်ဝှေ့ (၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၁၀ ရက်နေ့မှာ ခရစ်တော်၌ အိပ်ပျော်) က အသင်းသူ/သားများအတွက် ခွန်အား ရရှိစေမည့် သီချင်းတစ်ပုဒ်လောက် ရေးစပ်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ ဒါနဲ့ အားလုံးအတွက် ဝိဉာဉ်ခွန်အား ပြန်လည် ရယူနိုင်ဖို့အတွက် အမှုတော်ဆောင် ဆရာအန္ဒြူးမန်းလုံ (လက်ရှိ မြန်မာလုသရင် အသင်းတော်က ဘီရှောဒေါက်တာ အန္ဒြူးမန်းလုံ) က ဒီသီချင်းကို ခူမီးဘာသာစကားနဲ့ ရေးစပ် ခဲ့တာ ဖြစ်ပါတယ်။ ဒီသီချင်းကို ရေးစပ်ခဲ့တာ နှစ်ပေါင်းများစွာ ကြာညောင်းခဲ့ပြီဖြစ်ပေမယ့် ခုထက်ထိ အားလုံးရဲ့ ရင်ထဲမှာ နှစ်သက် စွဲလန်းစွာ ကျန်ရစ်ခဲ့တဲ့ သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ဒါကို တဖန် နားဆင် ခံစားနိုင်ဖို့ တယောဗားရှင်းနှင့် ဖန်တီး တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျား...။