Перейти к содержимому

စစ်ကောင်စီ တပ်တွင်းအခြေအနေ ဘယ်လိုရှိလဲ

RFA လွတ်လပ်တဲ့အာရှအသံ

0:00 / 0:00

စစ်ကောင်စီ တပ်တွင်းအခြေအနေ ဘယ်လိုရှိလဲ

779 738 просмотров · 2 года назад
RFA လွတ်လပ်တဲ့အာရှအသံ
3,05 млн подписчиков
779 738 просмотров · 2 года назад
RFA စကားဝိုင်း စစ်ကောင်စီ တပ်တွင်းအခြေအနေ ဘယ်လိုရှိလဲ ~~~ ■ တပ်တွင်းနေထိုင်တဲ့ စစ်သည်တွေ၊ မိသားစုတွေအနေနဲ့ စစ်ရေးသတိအမြဲရှိပြီး ဖြစ်လာနိုင်တာတွေအတွက် ကြိုတင်ပြင်ဆင်ထားဖို့လိုတယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့တဲ့ မေလ ၁၁ ရက်နေ့က ရှမ်းပြည်နယ် ကျိုင်းတုံတပ်နယ် စစ်တပ်မိသားစုတွေနဲ့ တွေ့ဆုံချိန်မှာ သတိပေးခဲ့ပါတယ်။ စစ် ခေါင်းဆောင်ရဲ့ မိန့်ခွန်းထဲမှာ စစ်ရေးအတွက် အမြဲအသင့်ဖြစ်နေဖို့ အကြိမ်ကြိမ်ထည့်ပြောခဲ့တာ တွေ့ရပါတယ်။ ဒီလိုအကြိမ်ကြိမ်သတိပေးရလောက်အောင် စစ်တပ်ဟာ ဘယ်လိုအခြေအနေကို ရောက်နေပြီလဲ၊ စစ်သားတွေ စစ်တပ်ကို ဘာကြောင့် အလုံးအရင်းနဲ့ စွန့်ခွာနေကြသလဲ၊ တပ်တွင်းမကျေနပ်မှုတွေ ဘယ်လောက်များနေပြီလဲ ဆိုတာတွေကို ဒီတစ်ပတ် ဆွေးနွေးကြမှာဖြစ်ပါတယ်။ ပါဝင်ဆွေးနွေးမဲ့သူတွေကတော့ CDM တပ်မတော်အရာရှိတွေဖြစ်ကြတဲ့ ဗိုလ်ကြီးထက်မြက်၊ ဗိုလ်ကြီး ဘုဏ်းသိုက်၊ ဗိုလ်ကြီး နေဦးနဲ့ မုံရွာတက္ကသိုလ်ကျောင်းသားသမဂ္ဂက မြေပြင်သပိတ်ဦးဆောင်သူ မချောစုဟန်တို့ ဖြစ်ပါတယ်။ RFA ဝိုင်းတော်သူ မခက်မာ စီစဉ်တင်ဆက်ထားပါတယ်။ ____________ Subscribe ▶ http://bit.ly/2ajgBxf မိုဘိုင်းအက်ပ် ▶ https://smarturl.it/RFAburmeseapp ဝဘ်ဆိုက် ▶ https://www.rfa.org/burmese ဖေ့စ်ဘွတ်ခ် ▶   / rfaburmese   တွစ်တာ ▶   / rfaburmese   အင်စတာဂရမ် ▶  / rfaburmese   တယ်လီဂရမ် ▶https://t.me/rfaburmeseofficial (လွတ်လပ်တဲ့အာရှအသံရဲ့ တာဝန်နဲ့ရည်ရွယ်ချက်ဟာ သက်ဆိုင်ရာအစိုးရတွေရဲ့ ပိတ်ပင်ဟန့်တားမှုတွေကြောင့် သတင်းလွတ်လပ်ခွင့်မရှိတဲ့ အာရှနိုင်ငံတွေအတွက် တိကျမှန်ကန်တဲ့ သတင်းအချက်အလက်တွေ ထုတ်လွှင့်ပေးဖို့ ဖြစ်ပါတယ်။)