Перейти к содержимому

ဘဝရဲ့ အဖြေကို ရှာခဲ့တဲ့ သိဒ္ဓတ္ထရဲ့ ခရီး | Siddhartha by Hermann Hesse

Kyaw Phone Podcast

0:00 / 0:00

ဘဝရဲ့ အဖြေကို ရှာခဲ့တဲ့ သိဒ္ဓတ္ထရဲ့ ခရီး | Siddhartha by Hermann Hesse

5 435 просмотров · 13 дней назад
Kyaw Phone Podcast
922 подписчика
5 435 просмотров · 13 дней назад
Hermann Hesse ရဲ့ Siddhartha ဟာ ဗုဒ္ဓဘာသာအကြောင်းရေးထားတဲ့ စာအုပ်တစ်အုပ်ပဲလား? ဒါမှမဟုတ် “ဘဝရဲ့အဓိပ္ပာယ်ကို ဘယ်လိုရှာဖွေရမလဲ?” ဆိုတဲ့ မေးခွန်းကို လူတစ်ယောက်ရဲ့ ဘဝခရီးကနေတစ်ဆင့် ပြန်မေးထားတဲ့ စာအုပ်တစ်အုပ်လား? ဒီ Book Essay မှာ Siddhartha ရဲ့ ဘဝခရီးကို လိုက်ကြည့်ရင်း အမှန်တရား၊ ဘာသာရေး၊ အသိပညာ၊ အတွေ့အကြုံ၊ ဆန္ဒ၊ ငွေကြေး၊ အချစ်၊ ဆုံးရှုံးမှုနဲ့ Wisdom တို့အကြောင်း ဆွေးနွေးထားပါတယ်။ Siddhartha က ဆရာတွေ၊ ဘာသာရေးနဲ့ စာအုပ်တွေထဲမှာ ဘဝရဲ့အဖြေကို ရှာခဲ့တယ်။ ဒါပေမယ့် နောက်ဆုံးမှာ သူတွေ့လာတာက တချို့အရာတွေဟာ သူများဆီက သင်ယူလို့မရဘဲ ကိုယ်တိုင်နေထိုင်ပြီးမှသာ သိလာနိုင်တယ်ဆိုတာပါ။ ဒီစာအုပ်က ကျွန်တော်တို့ကို မေးခွန်းတစ်ခု ပြန်မေးစေပါတယ်။ “ငါ တကယ်ရှာနေတာ ဘာလဲ?” ပြီးတော့ ပိုအရေးကြီးတာက “ငါ့ဘဝကို ငါကိုယ်တိုင် နေထိုင်နေတာလား၊ ဒါမှမဟုတ် သူများသတ်မှတ်ထားတဲ့ဘဝကိုပဲ လိုက်နေမိတာလား?” စာအုပ်ထဲက အတွေးအခေါ်တွေကို ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝ၊ အလုပ်၊ အောင်မြင်မှု၊ ဆက်ဆံရေးနဲ့ ကိုယ့်ကိုယ်ကို ရှာဖွေမှုတွေနဲ့ ချိတ်ဆက်ပြီး စဉ်းစားကြည့်တဲ့ Podcast တစ်ခုပါ။ နားထောင်ပြီးရင် ကိုယ့်ဘဝကို နည်းနည်းလေးပဲဖြစ်ဖြစ် ပြန်မေးကြည့်နိုင်ဖို့ လိုပါတယ်။ #podcast #philosophy #bookessay #siddhartha