ဝတ်မှုန် - ခင်မောင်တိုး // Wutt Hmone - Khin Maung Toe
Music Book MM
0:00 / 0:00
ဝတ်မှုန် - ခင်မောင်တိုး // Wutt Hmone - Khin Maung Toe
16 243 362 просмотра · 5 лет назад
Music Book MM
150 тыс. подписчиков
16 243 362 просмотра · 5 лет назад
Song Name - Wutt Hmone // ဝတ်မှုန်
Artist - Khin Maung Toe // ခင်မောင်တိုး
Composer - Ko Maung Maung // ကိုမောင်မောင်
Lyric :
တေးသွားချို သီကာကျူးတဲ့ ကျေးငှက်ကို လှမ်းလို့ကြည့်ကာ
ပန်းကလေးက ပြောလိုက်တယ် လောကရဲ့ အလှအပဟာ
တို့ပွင့်မှ ပြည့်စုံတာတဲ့
ပန်းချစ်သူပျားကပြုံးတယ်
တောက်ပတဲ့အဆင်းလဲရှိတယ် လိုက်ဖက်မဲ့ မွှေးရနံ့နဲ့ဆို
ဝတ်မှုန်ရယ် နင်နဲ့နှိုင်းရင် ရှုံးကြမှာဘဲ
ရင်ထဲရှိ ရှိသမျှ ပြောပြရရင် တကယ်လှတယ်
မြင်သူတကာငေး ငေးလောက်အောင် လှရက်လို့
ချူလိုသူတွေ လက်ထဲမှာ အလှမပျက်အောင် ဆုတောင်းမယ်
ပန်းကလေးရယ် သင်းပျံ့ကာအမြဲမွှေးစေချင်တယ်
မိုးကောင်းကင် ကြည်ပြာအောက်မှာ ကောင်းခြင်းတွေ
ပေါင်းစုစည်းကာ သူ့ထက်ပိုကဲ လှသူ ရှိတော့ဖြင့် ရှိလိမ့်မယ်
အေးမြတဲ့ အပြုံးပိုင်ရှင်ရယ်
တောင်းဆုတွေ ပြည့်ဝခဲ့သူ နှုးညံ့တဲ့ နှလုံးသားနဲ့အတူ
စွဲမက်ဖွယ် စကားနဲ့ဆင့်ကာ တုယှဉ်ပြိုင် လာလို့နှိုင်းရင်
ရှုံးကြမှာဘဲ
ရင်ထဲရှိ ရှိသမျှ ပြောပြရရင် တကယ်လှတယ်
မြင်သူတကာငေး ငေးလောက်အောင် လှရက်လို့
ချူလိုသူတွေ လက်ထဲမှာ အလှမပျက်အောင်
ဆုတောင်းတယ် မိန်းကလေးရယ်
ပန်းကလေးလိုလှတဲ့ ချစ်သူရယ် ......
*************************************************
သီချင်းအသစ်တင်တိုင်းသိနိုင်ရန် Subscribe လုပ်ပြီး
ဘေးကခေါင်းလောင်းလေးကို နှိပ်ထားပေးပါ ❤️