Перейти к содержимому

မန္တလေးမှာ တခောတ်ဆန်းလာတဲ့ ဇိမ်ခံလက်ဖက်ရည်ဆိုင် (Luxury Teashop) ယဉ်ကျေးမှု

Mandalay In-depth News

0:00 / 0:00

မန္တလေးမှာ တခောတ်ဆန်းလာတဲ့ ဇိမ်ခံလက်ဖက်ရည်ဆိုင် (Luxury Teashop) ယဉ်ကျေးမှု

61 251 просмотр · 6 лет назад
Mandalay In-depth News
2,37 тыс. подписчиков
61 251 просмотр · 6 лет назад
မန္တလေးမှာ တခောတ်ဆန်းလာတဲ့ ဇိမ်ခံလက်ဖက်ရည်ဆိုင် (Luxury Teashop) ယဉ်ကျေးမှု ရိုက်ကူး-ကိန်းခ၊ ထုတ်လုပ် - ကိုတီဂျေ မန္တလေးမြို့ရဲ့ လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှုက ဒီနှစ်ပိုင်းအတွင်း သိသိသာသာ ပြောင်းလဲလာပြီး အဆောက်အဦးကြီးတွေမှာ ခမ်းခမ်းနားနား ဖွင့်လှစ်ရောင်းချတဲ့ ဇိမ်ခံလက်ဖက်ရည်ဆိုင် (Luxury Teashop) အသွင် ဖြစ်လာပါတယ်။ လက်ဖက်ရည်ဆိုင်ဆိုပေမယ့် အဲကွန်းခန်းတွေ၊ အစည်းအဝေးခန်းတွေ၊ ကြိမ်ကုလားထိုင်တွေ၊ စတီးကုလားထိုင်တွေနဲ့အတူ အဆောက်အဦးကြီးတွေမှာ ဖွင့်လှစ်ရောင်းချလာကြပြီး ခုံပုလေးတွေနဲ့ လမ်းဘေးတဲလေးတွေမှာ ရောင်းချတဲ့ မည်ကာမတ္တ လက်ဖက်ရည်ဆိုင်မျိုး မဟုတ်တော့ပါဘူး။ ဒီနှစ်ပိုင်းအတွင်း မန္တလေးမှာ ဓါတ်လှေကားပါတဲ့ အဆောက်အဦးကို လက်ဖက်ရည်ဆိုင်အဖြစ် ဖွင့်လှစ်ရောင်းချတာတွေအထိ ရှိလာပါတယ်။ တချို့လက်ဖက်ရည်ဆိုင်တွေမှာတော့ အခမဲ့တိုက်တဲ့ ရေနွေးကြမ်းတောင်မှ အိမ်တိုင်း မသုံးနိုင်တဲ့ လက်ဖက်ခြောက်တွေ သုံးပြီး စားသုံးသူကို ဆွဲဆောင်ကြပါတယ်။ ဆိုင်ကယ်တွေ၊ ကားတွေ ရပ်နားဖို့ နေရာကျယ်ကျယ်ဝန်းဝန်းရှိသလို စားသောက်ဆိုင်လေးတွေမှာတောင် မရနိုင်သေးတဲ့ ဝန်ဆောင်မှု၊ သန့်ရှင်းသပ်ရပ်မှု၊ အရသာရှိမှုတို့နဲ့အတူ တကယ်ကို အဆင့်မြင့်မြင့် ရှိလာလာပါတယ်။ အဲ့ဒီလို အဆောက်အဦး ခမ်းနားတာ၊ နေရာအကွက်အကွင်းကောင်းတာနဲ့ ဝန်ဆောင်မှုတွေကြောင့်ပဲ တချို့ဆိုင်တွေမှာတော့ လက်ဖက်ရည်တစ်ခွက်ရဲ့ ဈေးနှုန်းက ဘီယာတစ်ခွက်ထက် ဈေးပိုကြီးနေတတ်တာမျိုးလည်း ရှိပါတယ်။ မန္တလေးမြို့ရဲ့ ပြောင်းလဲလာတဲ့ လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှုအကြောင်း Mandalay In-depth News ပရိတ်သတ်တွေအတွက် ရိုက်ကူးတင်ဆက်ထားပါတယ်။ #လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှု #Luxury_Teashop_Mandalay #Mandalay_Indepth_News . . မႏၲေလးမွာ တေခာတ္ဆန္းလာတဲ့ ဇိမ္ခံလက္ဖက္ရည္ဆိုင္ (Luxury Teashop) ယဥ္ေက်းမႈ ႐ိုက္ကူး-ကိန္းခ၊ ထုတ္လုပ္ - ကိုတီေဂ် မႏၲေလးၿမိဳ႔ရဲ႕ လက္ဖက္ရည္ဆိုင္ယဥ္ေက်းမႈက ဒီႏွစ္ပိုင္းအတြင္း သိသိသာသာ ေျပာင္းလဲလာၿပီး အေဆာက္အဦးႀကီးေတြမွာ ခမ္းခမ္းနားနား ဖြင့္လွစ္ေရာင္းခ်တဲ့ ဇိမ္ခံလက္ဖက္ရည္ဆိုင္ (Luxury Teashop) အသြင္ ျဖစ္လာပါတယ္။ လက္ဖက္ရည္ဆိုင္ဆိုေပမယ့္ အဲကြန္းခန္းေတြ၊ အစည္းအေ၀းခန္းေတြ၊ ႀကိမ္ကုလားထိုင္ေတြ၊ စတီးကုလားထိုင္ေတြနဲ႔အတူ အေဆာက္အဦးႀကီးေတြမွာ ဖြင့္လွစ္ေရာင္းခ်လာၾကၿပီး ခံုပုေလးေတြနဲ႔ လမ္းေဘးတဲေလးေတြမွာ ေရာင္းခ်တဲ့ မည္ကာမတၱ လက္ဖက္ရည္ဆိုင္မ်ိဳး မဟုတ္ေတာ့ပါဘူး။ ဒီႏွစ္ပိုင္းအတြင္း မႏၲေလးမွာ ဓါတ္ေလွကားပါတဲ့ အေဆာက္အဦးကို လက္ဖက္ရည္ဆိုင္အျဖစ္ ဖြင့္လွစ္ေရာင္းခ်တာေတြအထိ ရွိလာပါတယ္။ တခ်ိဳ႔လက္ဖက္ရည္ဆိုင္ေတြမွာေတာ့ အခမဲ့တိုက္တဲ့ ေရေႏြးၾကမ္းေတာင္မွ အိမ္တိုင္း မသံုးနိဳင္တဲ့ လက္ဖက္ေျခာက္ေတြ သံုးၿပီး စားသံုးသူကို ဆြဲေဆာင္ၾကပါတယ္။ ဆိုင္ကယ္ေတြ၊ ကားေတြ ရပ္နားဖို႔ ေနရာက်ယ္က်ယ္၀န္း၀န္းရွိသလို စားေသာက္ဆိုင္ေလးေတြမွာေတာင္ မရနိဳင္ေသးတဲ့ ၀န္ေဆာင္မႈ၊ သန္႔ရွင္းသပ္ရပ္မႈ၊ အရသာရွိမႈတို႔နဲ႔အတူ တကယ္ကို အဆင့္ျမင့္ျမင့္ ရွိလာလာပါတယ္။ အဲ့ဒီလို အေဆာက္အဦး ခမ္းနားတာ၊ ေနရာအကြက္အကြင္းေကာင္းတာနဲ႔ ၀န္ေဆာင္မႈေတြေၾကာင့္ပဲ တခ်ိဳ႔ဆိုင္ေတြမွာေတာ့ လက္ဖက္ရည္တစ္ခြက္ရဲ႔ ေစ်းႏွဳန္းက ဘီယာတစ္ခြက္ထက္ ေစ်းပိုႀကီးေနတတ္တာမ်ိဳးလည္း ရွိပါတယ္။ မႏၲေလးၿမိဳ႕ရဲ႕ ေျပာင္းလဲလာတဲ့ လက္ဖက္ရည္ဆိုင္ ယဥ္ေက်းမႈအေၾကာင္း Mandalay In-depth News ပရိတ္သတ္ေတြအတြက္ ႐ိုက္ကူးတင္ဆက္ထားပါတယ္။ #လက္ဖက္ရည္ဆိုင္ယဥ္ေက်းမႈ #Luxury_Teashop_Mandalay #Mandalay_Indepth_News