Перейти к содержимому

ယနေ့အတွက် သတင်းများ | 28-10-2026

KBZTai News

0:00 / 0:00

ယနေ့အတွက် သတင်းများ | 28-10-2026

50 просмотров · 5 ч назад
KBZTai News
7,08 тыс. подписчиков
50 просмотров · 5 ч назад
❏ တောင်ကြီးမြို့နယ်၌ အမျိုးသမီး ၂ ဦး ပစ်သတ်ခံရမှုအား ခွင့်ပြုချက်ရမှ ပြောနိုင်မည်ဟု စခန်းမှူး ပြော . ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့နယ်၊ ကောင်းမှုစဉ်ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ မိန်းကလေးငယ် ၂ ဦး သေနတ်နဲ့ ပစ်သတ်ခံရတဲ့ အမှုနဲ့ ပတ်သက်ပြီးတော့ ခွင့်ပြုချက်ရမှသာ ပြောနိုင်မယ်လို့ တောင်ကြီးနယ်မြေရဲစခန်းရဲ့ စခန်းမှူးက ပြောဆိုခဲ့တာပါ။ ❏ ရွေးချယ်ခံထားရသည့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးအသစ်များအား နောက်ကြောင်းရာဇဝင် စိစစ်နေ . တောင်ကြီးမြို့နယ်အတွင်းက အသစ်ရွေးချယ်ခံထားရတဲ့ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအသစ်တွေကို နောက်ကြောင်းရာဇဝင် စိစစ်မှုတွေ ပြုလုပ်နေပြီး အခု နိုဝင်ဘာလအတွင်းမှာ အတည်ပြု ခန့်ထားဖို့ ရှိတယ်လို့ သိရပါတယ်။ . ❏ တောင်ကြီးတန်ဆောင်တိုင် တေးသီချင်းပြိုင်ပွဲတွင် တေးသံရှင် စိုင်းဟိန်းကိုကို က ပထမဆု ရရှိ . တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲ/ပိတ်ပွဲအခမ်းအနားမှာ အသုံးပြုမယ့်် တေးသီချင်းပြိုင်ပွဲအတွက် နောက်ဆုံးအဆင့် အပြီးသတ်ရွေးချယ်မှုကို ဒီကနေ့ အောက်တိုဘာလ ၂၈ ရက်က ပြုလုပ်ရာမှာ တေးသံရှင် စိုင်းဟိန်းကိုကို က ပထမဆု ရရှိခဲ့တယ်လို့ သိရပါတယ်။ . #KBZTai #Shan #Broadcasting #News