Khit Thit Evening News | January 15, 2026
Khit Thit Media
0:00 / 0:00
Khit Thit Evening News | January 15, 2026
750 836 просмотров · 7 месяцев назад
Khit Thit Media
3,27 млн подписчиков
750 836 просмотров · 7 месяцев назад
Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၁၅ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇန်နဝါရီ ၁၅ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
အကြမ်းဖက် စစ်တပ်ဘက်တော်သားတွေ နဲ့ မဘသတွေ အမျိုးသားရေးအစွန်းရောက်တွေက တစ်နိုင် ငံလုံးအတိုင်းအတာနဲ့ ICJ တရားရုံးကိုရော ဂမ်ဘီယာနိုင်ငံကိုပါ ရှုတ်ချပွဲတွေ ပြုလုပ်ဖို့ စီစဉ်နေပြန် တယ်လို့ ရန်ကုန်အခြေစိုက် အမျိုးသားရေး အသိုင်းအဝိုင်းက ပြောပါတယ်။
မန္တလေးတိုင်း ၊ မြင်းခြံမြို့နယ်မှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အကြမ်းဖက် စစ်တပ်လက်အောက်ခံ ပျူစောထီး ခေါင်းဆောင် သီတာယုမွန် ရဲ့ ခင်ပွန်း ဖြစ်သူ စိန်လွင်ကို မူးယစ်ဆေးဝါးတွေနဲ့ အတူ တော်လှန်ရေးတပ်တွေက အရှင်ဖမ်းဆီးရမိထားတယ်လို့ မြင်းခြံခရိုင် PDF အမှတ် ၃ တပ်ရင်းရဲ့ ဒုတပ်ရင်းမှူး ကိုမင်းသားကြီးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
-မကွေးတိုင်း ဆိပ်ဖြူမြို့နယ်မှာ အကြမ်းဖက် စစ်တပ်ရဲ့ လက်နက်ပစ္စည်းအစိတ်အပိုင်းထုတ်လုပ်ရာ ကပစ စက်ရုံတွေအတွက် မီးလိုင်းလာပြင်တဲ့ စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက အသင့် စောင့်ပြီး မိုင်းတွေ ၊ ဒရုန်းတွေပါသုံးပြီးတော့ ကြားဖြတ်တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်က ၅ ဦးက တော့ အသီးသီး သေကုန်ကြတဲ့အပြင် ၊ စစ်တပ်ရဲ့ ကပစ ၂၂ စက်ရုံကို သွယ်တန်းထားတဲ့ မီးတိုင် ၁၀ ခုကျော်ကိုပါ တော်လှန်ရေးတပ်တွေက ဖောက်ခွဲရှင်းလင်း ခဲ့တယ်လို့ ဆိပ်ဖြူပြောက်ကျား တကိုယ် တော်ကျားဇိုး တပ်ဖွဲ့ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
အီရန်အစိုးရ ပြုတ်ကျနိုင်တယ်လို့ အမေရိကန်သမ္မတထရန့်က ပြောဆိုလိုက်ပြီး အမေရိကန်စစ်တပ်က အီရန်ကို တိုက်ခိုက်မည့် အစီအစဉ်တွေ သမ္မတဆီ တင်ပြဖို့ ပြင်ဆင်နေပြီလို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြနေကြတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။