Перейти к содержимому

တော်သလင်းလပြည့်ဂရုဓမ္မအခါတော်နေ့ #တရားတော် ဓမ္မစကြာတရားတော် #မေတ္တာသုတ် ခင်မွန်းကြီးဆယ်ပါးကန်တော့

Dhamma star 99

0:00 / 0:00

တော်သလင်းလပြည့်ဂရုဓမ္မအခါတော်နေ့ #တရားတော် ဓမ္မစကြာတရားတော် #မေတ္တာသုတ် ခင်မွန်းကြီးဆယ်ပါးကန်တော့

3 683 просмотра · 9 дней назад
Dhamma star 99
11,6 тыс. подписчиков
3 683 просмотра · 9 дней назад
🌕 တော်သလင်းလပြည့် ဂရုဓမ္မအခါတော်နေ့မြတ်တွင် ၇ ရက်သားသမီးများအတွက် ဆုတောင်းမေတ္တာ တော်သလင်းလပြည့် ဂရုဓမ္မအခါတော်နေ့မြတ်မှစ၍ ၇ ရက်သားသမီးအပေါင်းတို့သည် ကောင်းမှုကုသိုလ်များကို ပြုနိုင်ကြပါစေ၊ ပြုသမျှကောင်းမှုကုသိုလ်တို့၏ အကျိုးကျေးဇူးများကို အပြည့်အဝ ခံစားရရှိကြပါစေ။ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ၊ ဘေးရန်အန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ၊ အတိုက်အခိုက် အနှောင့်အယှက်အပေါင်းမှ ကင်းလွတ်ကြပါစေ၊ အဆင်မပြေမှုအပေါင်းတို့ ပြေလည်ပြီး ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝကြပါစေ။ စီးပွားဥစ္စာများ တိုးတက်ကြပါစေ၊ အလုပ်အကိုင်များ အဆင်ပြေကြပါစေ၊ မိသားစုများ အေးချမ်းသာယာကြပါစေ၊ ချစ်ခြင်းမေတ္တာနှင့် စည်းလုံးညီညွတ်မှုတို့ဖြင့် ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်နိုင်ကြပါစေ။ ယနေ့ပြုလုပ်ကြသော ဒါန၊ သီလ၊ ဘာဝနာနှင့် တရားနာယူခြင်းစသော ကုသိုလ်ကောင်းမှုအစုစုတို့ကြောင့် အပါယ်ဘေးမှ ကင်းဝေး၍ လူ့ဘဝ၊ နတ်ဘဝတို့တွင် ကောင်းကျိုးချမ်းသာများ ရရှိကြပါစေ။ မြတ်စွာဘုရားရှင်၏ အဆုံးအမတော်မြတ်နှင့်အညီ ကိုယ်ကျင့်တရားကောင်းမွန်၍ သတိ၊ သမာဓိ၊ ပညာတိုးပွားကြပါစေ။ ၇ ရက်သားသမီးအပေါင်းတို့၏ ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာ၍ ဘဝတစ်လျှောက် ကောင်းခြင်းမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံကြပါစေ။ အမျှ အမျှ အမျှ — အားလုံးရကြပါစေ။ သာဓု… သာဓု… သာဓု… 🙏 #ပရိတ်ကြီး #dhamma #buddha #မနက်တိုင်းဖွင့် #တရားတော်များ #buddhatayarchannel #dhammakatha #ညတိုင်းဖွင့် #myanmar