Перейти к содержимому

မန္တလေးမှာအရမ်းကိုနာမည်ကြီးနေတဲ့ဝက်စတူးထမင်းစားမယ်

Moody Foodie

0:00 / 0:00

မန္တလေးမှာအရမ်းကိုနာမည်ကြီးနေတဲ့ဝက်စတူးထမင်းစားမယ်

4 300 просмотров · 2 месяца назад
Moody Foodie
5,94 тыс. подписчиков
4 300 просмотров · 2 месяца назад
မန္တလေးမှာအရမ်းကိုဟော့နေတဲ့ ဝက်စတူးထမင်းစားကြမယ် ✨ ဒီရက်ပိုင်း Tiktok မှာ အပေါ်ဆွဲဆွဲအောက်ဆွဲဆွဲသူ့ပဲမြင်နေရလို့သွားခဲ့တယ်။ အရင်ဆိုင်တွေတုန်းကဝေးနေတော့မရောက်ဖြစ်ခဲ့ဘူး ခုအိမ်နားမှာ ဆိုင်အသစ်ကြီးလာဖွင့်ထားတာ ဆိုင်အပြင်ကဝက်စတူးပန်းကန်ကြီးနဲ့တင် လူကိုဆွဲဆောင်နိုင်တယ် ။ ဝက်စတူးရဲ့ texture က လုံးဝကိုနူးညံ့အိစက်နေတယ် စားလိုက်တာနဲ့ကို မွှေးမွှေးအိအိလေးနဲ့ထမင်းပူပူလေးနဲ့လိုက်ဖက်ပြီး ပါးစပ်ထဲမှာကိုအရည်ပျော်သွားတာမျိုး။ သုံးနာရီကျော်အောင်ချက်ထားတဲ့ ဝက်စတူးရဲ့အနံ့နဲ့အရသာကကျေနပ်စရာကောင်းတယ်။ ဝက်စတူးထမင်း တစ်ပွဲ - ၁၀၀၀၀ ကို ကြက်ပေါင်အပိုထည့်ရင် ၅၀၀၀ ထပ်ပေးရတယ်။ အသားတွေပါတာများပြီး ထမင်း ၊ အချဉ် ၊ ငရုတ်သီးထောင်းတွေကကိုယ့်စိတ်ကြိုက် refill လုပ်နိုင်တာမို့ စျေးနဲ့ပေးရတာတန်တယ်လို့ခံစားရပါတယ်။ အမဲသားလွှာလေးတွေနဲ့ထမင်းလေးကလည်းတစ်ပွဲတစ်သောင်းပါပဲ။ ထမင်းတစ်ပွဲမှာ ကိုယ်ရွေးချယ်ထားတဲ့အသား ၊ ကြက်ဉပြုတ်နဲ့ ထိုင်ဝမ်မုန်ညှင်းလေးတွေပါတယ်။ ဂေါ်ဖီချဉ် နဲ့ ငရုတ်သီးထောင်းချဉ်စပ်လေးကလည်းအရမ်းလိုက်ဖက်တယ်။ ဆိုင်အပေါ်ထပ်လေးကလင်းချင်းပြီးကျယ်ဝန်းလို့ထိုင်ရတာအဆင်ပြေတယ် ဆူတာတော့တော်တော်လေးဆူတယ်။ မီနူးလေးတွေရွေးချယ်စရာများပြီး စိတ်ဝင်စားစရာကောင်းပါတယ်။ အအေးတွေကတော့အရသာလိုသေးတယ် အအေးအရသာအဆင်မပြေဘူး။ ကြိုက်မကြိုက်သိရအောင် တစ်ခေါက်လောက်တော့ သွားပြီးတော့ try လို့ရအောင် sharing လုပ်ပေးလိုက်ပါတယ်။ မနက် 9 နာရီကနေ ညနေ 6 နာရီထိရပါတယ်။ ဆိုင်လိပ်စာ - Mr ဝက်စတူး 57 x 39 လမ်းထောင့် ၊ မန္တလေး ။ #moodyfoodie #မန္တလေးစားစရာ #Mrဝက်စတူး #foodtour #ဝက်စတူးထမင်း #youtubemyanmar #foodvlog #mandalay #foodblogger #myanmar #trend