Перейти к содержимому

khit Thit Afternoon News | 27 September 2026

Khit Thit Media

0:00 / 0:00

khit Thit Afternoon News | 27 September 2026

333 092 просмотра · 1 день назад
Khit Thit Media
3,29 млн подписчиков
333 092 просмотра · 1 день назад
Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၇ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၂၇ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ -ပြည်တွင်းမှာ အထည်ချုပ်စက်ရုံတွေ ပိတ်သိမ်းပြီး အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်နေမှု ပြည်ပထွက်ပြေးတိမ်းရှောင်သူတွေရဲ့ မဟုတ်မမှန် သတင်းဖြန့်ဝေ သွေးထိုးလှုံ့ဆော်မှုကြောင့်လို့ အပြစ်တင်ပြီး ယင်းအခြေအနေကို သိရှိနားလည်ကြရန် လိုအပ်ကြောင်း စစ်တပ်လက်အောက်ခံ အလုပ်သမားဝန်ကြီး ကြံ့ဖွတ် ခင်မောင်စိုးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ မကွေးတိုင်း၊ ချောက်မြို့နယ်၊ စလေမြို့တောင်ဘက်အထွက် ဥယျာဉ်ကျေးရွာ အနီးရှိ ခလရ ၄၁၆ တပ် ရင်း ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၇ ဦးသေဆုံးပြီး လက်နက် ၂ လက် သိမ်း ဆည်းရရှိခဲ့ကြောင်း မကွေးခရိုင် ပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့၊ တပ်ခွဲ - ၄ တာဝန်ခံက ရန်ကုန်ခေတ် သစ်ကို ပြောပါတယ်။ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အတွင်း သေနတ်အတုနဲ့ အုပ်စုဖွဲ့မုဒိန်းကျင့်မှု ၁၁ မှုနဲ့ လုယက်ဓားပြတိုက်မှု ၅၁ မှု ကျူးလွန်ထားသူ ၄ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး ပျူစောထီးအဖွဲ့ထဲ ဝင်ရောက်သွားသူနဲ့ လွတ်မြောက်သူအချို့ရှိနေတယ်လို့ မြင်းခြံခရိုင် ပကဖ ဆီကနေ သိရပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဟော်မုဇ်ရေလက်ကြားကို ၇ ရက်အတွင်း ပြန်ဖွင့်ပြီး စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးမှုတွေ စတင်ဖို့ အီရန်ဘက်က နောက်ဆုံးတင်ပြလာတဲ့ အဆိုပြုချက်ကို ပယ်ချလိုက်တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။