Перейти к содержимому

ဝက်သားပြုတ်ကြော်

Cook for K1

0:00 / 0:00

ဝက်သားပြုတ်ကြော်

119 593 просмотра · 6 лет назад
Cook for K1
462 тыс. подписчиков
119 593 просмотра · 6 лет назад
တရုတ်စတိုင် ဝက်သားပြုတ်ကြော် လေးပါ။ ဝက်သားကြော်အိအိ မွှေးမွှေးလေးကို ထမင်းပူပူပေါ်မှာ ဆီနဲ့ ဆား နဲ့ နယ်ပြီး စားလို့ အလွန်ကောင်းပါတယ်။ ဝက်ပေါင်သား သို့ ဝက်သားငါးထပ်သား ကို လက်တလုံးစာအထူ နဲ့ ၁ လက်မ ပတ်လည် လေးတွေ လှီးဖြတ်ထား‌ပေးပါ။ ကြက်သွန်ဖြူ လက်တဆုပ် ကို ဓားပြားရိုက်ထားပေးပါ။ ချင်း အရည် ယူဖို့အတွက် ခြစ်ထား သို့မဟုတ် ထောင်းထားပေးပါ။ ပြီးရင် လှီးထားတဲ့အသားတွေထဲကို ချင်းရည်ညှစ်ထည့်ပေးပါ။ အရသာနှပ်ရန်အတွက် ဆား - ၁ ဇွန်း (လက်ဖက်ရည်ဇွန်း) တရုတ်မဆလာ - ၁ ဇွန်း (လက်ဖက်ရည်ဇွန်း) ငရုတ်ကောင်းမှုန့်အဖြူ - 1/4 ဇွန်း (လက်ဖက်ရည်ဇွန်း) ပဲငံပြာရည်အကြည် - ၁ ဇွန်း (စားပွဲတင်ဇွန်း) ဟင်းချက်အရက် - ၁ ဇွန်း (စားပွဲတင်ဇွန်း) (မရှိရင် မထည့်လို့လည်းရပါတယ်) ဒယ်အိုးထဲမှာဆီထည့်ပြီး သကြား - 1.5 ဇွန်း (စားပွဲတင်ဇွန်း) ထည့်ပြီး သကြားတူးတဲ့အထိ ကြော်ပေးပါ။ သကြားတွေ ညိုရောင်သန်းလာရင် ကြက်သွန်ဖြူထည့်ပါ။ ခဏလေးပဲ ကြော်ပေးပြီး ခုနက နှပ်ထားတဲ့ ဝက်သားတွေထည့်ပြီး ကြော်ပေးပါ။ အရောင်ပြောင်းပြီး မွှေးလာတဲ့အထိကြော်ပေးပါ။ ပြီးမှ ရေထည့်ပြီး အဖုံးအုပ်ပြီး မိနစ် ၄၀ လောက်တည်ထားပေးပါ။ အသားတွေ နူးအိလာပြီဆိုမှ ဆား - အနည်းငယ် ထပ်ထည့်ပြီး ဝက်သားထဲက ရေခမ်းပြီး ဆီပြန်တဲ့အထိ ပြန်ကြော်ပေးရင် မွှေးပြီးစားကောင်းတဲ့ ဝက်သားပြုတ်ကြော်လေးရပြီဖြစ်ပါတယ်ခင်ဗျာ။ ပါဝင်ပစ္စည်းများ ဝက်ပေါင်သား - ၄၀ ကျပ်သား Bonlife Sunflower Oil - ၂ ဇွန်း ချင်း (ဂျင်း) - လက်တဆစ် ကြက်သွန်ဖြူ - ၁၀ မွှာ ဆား - ၁ ဇွန်း (လက်ဖက်ရည်ဇွန်း) သကြား - ၂ ဇွန်း (စားပွဲတင်ဇွန်း) တရုတ်မဆလာ - ၁ ဇွန်း (လက်ဖက်ရည်ဇွန်း) ငရုတ်ကောင်းမှုန့်အဖြူ - 1/4 ဇွန်း (လက်ဖက်ရည်ဇွန်း) ပဲငံပြာရည်အကြည် - ၁ ဇွန်း (စားပွဲတင်ဇွန်း) ဟင်းချက်အရက် - ၁ ဇွန်း (စားပွဲတင်ဇွန်း) တို့ပဲလိုအပ်ပါတယ်။