Перейти к содержимому

မြပန်းခွေ ဘိလပ်ပြန်သန်း မြန်မာ ဂန္တဝင် မူရင်း အင်္ဂလိပ် သီချင်း A1 Bilat Pyan Than Myanmar Song

Antique collectors Haven

0:00 / 0:00

မြပန်းခွေ ဘိလပ်ပြန်သန်း မြန်မာ ဂန္တဝင် မူရင်း အင်္ဂလိပ် သီချင်း A1 Bilat Pyan Than Myanmar Song

46 397 просмотров · 5 лет назад
Antique collectors Haven
5,29 тыс. подписчиков
46 397 просмотров · 5 лет назад
ဆရာကြီး အလင်္ကာကျော်စွာ စောင်းဦးဘသန်း၏ “ဖက်ခွက်စားရှင်းတမ်း”တွင် ရှေးခေတ် ဘိုးတော် ဗဒုံမင်းလက်ထက်တွင် သောက်စားမူးရစ်ကာ အစားအစာများကို ဖက်ခွက်တွင်းထဲ့၍ စားသောက်တတ်သည့် သဘင်ပညာရှင်များကိုအစွဲပြု၍ ဖက်ခွက်စားဟု နှိမ့်ချခေါ်ဆိုခဲ့ကြောင်း မှတ်သားရပါသည်။ သို့သော် ဒုတိယကမ္ဘာစစ်ကြိုကာလမှစ၍ အနုပညာလောကသို့ ဝါသနာပါသူ တက္ကသိုလ်ကျောင်းသား ပညာတတ်များ တစတစဝင်ရောက်လာခဲ့ကာ အနုပညာလောကအား ဂုဏ်မြှင့်ခဲ့ကြ၏။ ဤအထဲတွင် ထိုခေတ်က ရှားပါးအမျိုးသမီး တက္ကသိုလ် ဘွဲ့ရ ပညာတတ် အဆိုတော် မသန်းဧလည်း အပါအဝင်ဖြစ်သည်။ ခရစ်ယာန် (Baptist) နှစ်ချင်းမိသားစုမှ ဆင်းသက်လာသူ အင်္ဂလိပ် မက်သဒစ် ကျောင်းထွက် ခေတ်ဆန်သော Miss Dora (ခေါ်)မသန်းဧကလေးသည် ငယ်စဉ်ကပင် ဂျပ်ဆင်ဘုရားကျောင်းတွင် ဓမ္မသီချင်းများ သီဆိုခဲ့ပါသည်။ ထိုသို့ သီဆိုရင်း ခက်ခဲသော အင်္ဂလိပ်အဆိုတွင် အမြင့်ဆုံး Soprano သံကို သီဆိုနိုင်ခဲ့၏။ “C” သံအမြင့်နှင့် အလတ်ကြားရှိ သံရှည်ဆွဲဆိုရသော ထို Soprano အသံကို တော်ရုံ အသံရှိသူများပင် ဆိုရန်မတတ်နိုင်ချေ။ သေချာစွာ လေ့ကျင့်ထားသူမှသာ ဆွဲငင်စဉ် အသံမယိုင်ပဲ တည်ငြိမ်ကျွမ်းကျင်စွာ သီဆိုနိုင်သည်။ ဤသို့အဆိုတွင် ကျွမ်းကျင်လှသောသူမအား ရန်ကုန်တက္ကသိုလ် အဆောက်အဦးအသစ်အတွက် အင်္ဂလိပ်ဘုရင်ခံမှ ဂျူဗလီရုံ(Jubilee Hall)တွင် ကျင်းပသော ရန်ပုံငွေပွဲတွင် ထိပ်တန်း ရန်ကုန်တူရိယာဝိုင်း (Rangoon Orchestral Society) နှင့် တက်ရောက်သီဆိုရန် ရွေးချယ်ခြင်းခံခဲ့ရ၏။ ထိုသို့ရွေးချယ်ခြင်းခံရလောက်အောင်ပင် မသန်းဧသည် ခက်ခဲသော Soprano အင်္ဂလိပ်သံ ဝဲဝဲလေးကို လိုလျှင်လိုသလို လှည့်ပတ်၍ လိမ္မာပါးနပ်စွာ မြန်မာမှုပြုသီဆိုနိုင်ခဲ့သည်ဟု ပြောစမှတ်ရှိပါသည်။ ထို့နောက်တွင်မူ ရန်ကုန်ဂီတလောက အသိုင်းအဝိုင်းတွင် မသန်းဧသည် မပါမဖြစ်သော ဂုဏ်ထူးဆောင် အဆိုတော်တစ်ယောက်ဖြစ်လာ၏။ ထို့အပြင် ပညာအရာတွင်လည်း ပါရမီခံရှိသော သူမသည် အသက် ၁၆နှစ်နှင့် ထိုစဉ်က ရန်ကုန်တက္ကသိုလ်လက်အောက်ရှိ ဂျက်ဆင်ကောလိပ်တွင် အင်္ဂလိပ်ဘာသာအပြင်၊ အိန္ဒိယသမိုင်းသာမက၊ အတွေးအခေါ် ဘာသာရပ်များကိုပါ တွဲ၍ တပြိုင်နက် ဆည်းပူးခဲ့ပြီး ငယ်ရွယ်စဉ် အသက် ၂၀ အရွယ်နှင့် ဘီအေဘွဲ့ကို လက်ခံရရှိခဲ့၏။ ဤသို့ ပညာအရာတွင်မက အနုပညာတွင်လည်း မြန်မာ့မဟာဂီတအပြင် အနောက်တိုင်း ဂန္တဝင်တေးသွားများပါ လွန်စွာထူးချွန်သော သူမအား အကိုကြီးဖြစ်သူ (တွန်မီ)သောင်းတင်မှတဆင့် ရိုးတိုက်(Rowe & Co.)ရှိ ဂီတဖက်ဆိုင်ရာ မန်နေဂျာမှ ဆက်သွယ်ကာ အခွင့်ထူးတစ်ရပ်အား ကမ်းလှမ်းခဲ့သည်။ ထိုအခွင့်ထူးမှာ သူမအား ထိုကုမ္ပဏီရှိ အခြားအဆိုတော်များကဲ့သို့ ဓါတ်ပြား တစ်ချပ်ရောင်းသည့် အပေါ်တွင်မှ အမြတ်အစွန်းထုတ်မပေးပဲ တစ်ခါတည်း ငွေများများ ပုဒ်ပြတ်ပေးကာ ဌားရမ်းမည်ဖြစ်သည်။ ထိုအခွင့်ထူးကြောင့်ပင် သူမသည် ကိုလံဘီယာ (ယခု ဆိုနီကုမ္ပဏီ)တွင် ရွှေတိုင်ညွန့်ရေး “မြဝတ်မှုံ” ဓါတ်ပြားအား ၁၉၃၈ ဇွန်လတွင် စတင်သွင်းယူခဲ့သည်။ ဤဓါတ်ပြားတွင် သီချင်းရေးဆရာ ရွှေတိုင်ညွန့်ကသူမ၏ ခုန်ဆွဆွ ပင်ကိုသံကလေးများဖြင့်ကိုက်အောင် သွက်လက်မြူးကြွသော ခေတ်မှီ အနောက်တိုင်းသံစဉ်တေးသွားကိုမှီး၍ ရေးပေးရာ ပွဲဦးထွက်ဓါတ်ပြားနှင့်ပင် ရွှေတိုက်စာရင်း ပေါက်ခဲ့၏။ ထိုသို့ အင်္ဂလိပ်အရင်းရှင် ကိုလံဘီယာကုမ္ပဏီတွင် အောင်မြင်လာသည်ကို သိရသော မသန်းဧ အကို၏ ကျောင်းနေဖက် သူငယ်ချင်း ကိုညီပု (မြန်မာပိုင် မြန်မာအဆွေ အေဝမ်းပိုင်ရှင်)က မိမိတို့ ဓါတ်ပြားကုမ္ပဏီတွင်လည်း ဓါတ်ပြားသွင်းပေးရန် ခွင့်ပန်လေသည်။ ထို့ကြောင့် မသန်းဧသည် အေဝမ်းကုမ္ပဏီတွင် “မြပန်းခွေ” ဓါတ်ပြားကို ၁၉၃၈ စက်တင်ဘာလတွင် သွင်းခဲ့၏။ ထူးခြားမှုတစ်ရပ်မှာ အေဝမ်း ကုမ္ပဏီထုတ်သူမ၏ ဒုတိယဓါတ်ပြားဖြစ်သည်။ ဤ”ကျောင်းပိတ်ရက်” ဓါတ်ပြားတွင်မူ မေရှင်၏ အဆိုနှင့် သူမ၏ပြောင်မြောက်သော စန္ဒယားလက်သံကို ကြားရသဖြင့် သူမသည် အဆိုတွင်သာမက စန္ဒယားတွင်လည်း အထုံပါရမီအခံရှိသူဖြစ်ကြောင်း ထင်ရှားပါသည်။ ထို့နောက်တွင်မူ သူမသည် တဖက်တွင် ဆရာအတတ်သင်ကျောင်း(TTC)တွင် ဆရာမအဖြစ် အလုပ်ကိုင်ရင်း တစ်ဖက်မှလည်း ကိုလံဘီယာနှင့် အေဝမ်းကုမ္ပဏီအကြား အချိန်ပိုင်း ကူညီပေးခဲ့၏။ ၁၉၄၀ နှောင်းပိုင်း ဒုတိယကမ္ဘာစစ်ရိပ်များ အာရှသို့ ခြုံလွှမ်းလာချိန်တွင် မြန်မာအဆွေထုတ် ဒဂုန်မဂ္ဂဇင်းပင်တိုင် ဒဂုန်တာရာအား သူမဇာတ်ရုပ်ဖြင့်ကိုက်အောင် “မြူခိုးမြှင် အကွက်ဆင်” ဝတ္ထုကို ရေးသားစေကာ သူမ၏ ဒုတိယအနုပညာခြေလှမ်းအဖြစ် အေဝမ်းရုပ်ရှင် ကုမ္ပဏီမှ ရိုက်ကူးရန်ပြင်ဆင်နေစဉ် စစ်ကြီးကူးစက်လာကာ သူမ၏ အနုပညာခြေလှမ်း တစ်ခမ်းသိမ်းခဲ့ရလေသည်။ ဝမ်းနည်းစရာ ကောင်းသည်မှာ စစ်ပြီးခေတ် သည်မှာဖက်တွင် သူမသည် နိုင်ငံရေး၊ပညာရေး၊ ပရဟိတလုပ်ငန်းများဖြင့်သာ အချိန်ကုန်လွန်ခဲ့သဖြင့် သူမ၏ရုပ်ရှင်ဇာတ်ကား တစ်ကားမျှ မရိုက်ကူးခဲ့ရပေ။ ထို့ကြောင့် ဤဆောင်းပါးတွင် စစ်ကြိုခေတ်က အေဝမ်းထုတ် သူမ၏ အနောက်တိုင်းဟန် အတီးရော အဆိုပါမြူးကြွစွာတီးထားသော သီချင်ရေးဆရာ စန်းတော်တာ၏ “မြပန်းခွေ” သီချင်းအား မူရင်း ၁၉၃၅ အမေရိကန် ဟောလိဝုဒ်ရုပ်ရှင်တွင် ကလေးသရုပ်ဆောင် Bobby Breen သီဆိုခဲ့သော “Rainbow on the River” အနောက်တိုင်းတေးသွားနှင့် ပူးတွဲတင်ဆက်လိုက်ရပါသည်။ ထိုသီချင်းသည် အနောက်တိုင်း မွေးစားသံစဉ် ဖြစ်လင့်ကစား သီချင်းရေးဆရာ၏ ကျွမ်းကျင်ပါးနပ်မှုကြောင့် ယဉ်ကျေးသိမ်မွေ့စွာ မြန်မာ့ဂီတဥယျာဉ်နန်းတွင် ပွင့်လန်းဆန်းခဲ့ရသည်။ ယခု ဂီတထံတျာ အနုပညာအသံပြခန်းရှိ ထိုဓါတ်ပြားမူရင်း အနောက်တိုင်းရုပ်ရှင်နှင့် မြန်မာသံယှဉ်တွဲခံစားနိုင်စေရန်အလို့ဌာ မျှဝေလိုက်ရခြင်းဖြစ်ပါသည်။