Перейти к содержимому

မြန်မာမုန့် ခရီးစဉ် (၂) - အပိုင်း ၄

taste window

0:00 / 0:00

မြန်မာမုန့် ခရီးစဉ် (၂) - အပိုင်း ၄

8 653 просмотра · 2 года назад
taste window
117 тыс. подписчиков
8 653 просмотра · 2 года назад
ဒီတစ်ပတ် မြန်မာမုန့် ခရီးစဉ်(၂) အစီအစဉ်မှာတော့ ကလေးရော၊ လူကြီးပါ ကြိုက်နှစ်သက်ကြပြီး ဘုရားပွဲဈေး တော်တော်များများမှာလည်း မပါမဖြစ် အမြဲနေရာယူထားတဲ့ မုန့်သိုင်းခြုံ လုပ်နည်းလေးကို သွားရောက်လေ့လာခဲ့ပုံများနဲ့ အိမ်မှာ အလွယ်တကူလုပ်စားနိုင်မယ့် နည်းလေးကို ပြန်လည် တင်ဆက်ပေးလိုက်ပါတယ်။ ချိုချို၊ ဆိမ့်ဆိမ့်လေးနဲ့ စားလို့ကောင်းတဲ့ မုန့်သိုင်းခြုံလေးကို လိုက်လုပ်စားကြည့်ရအောင်နော်။ မုန့်သိုင်းခြုံ ပါဝင်ပစ္စည်းများ ဂျုံမှုန့် - ၃၀၀ ဂရမ် ရေ - ၆၀၀ မီလီလီတာ (လိုအပ်သလိုထည့်ပါ) ဆား - အနည်းငယ် အုန်းသီးဖတ် - ၄၀၀ ဂရမ် (ခြစ်ပြီးသား) သကြား - ၁၆၀ ဂရမ် ကြက်ဥ - ၃ လုံး (ခလောက်ထားပါ) ဆီ - အနည်းငယ် ပြုလုပ်နည်း ဇလုံတစ်လုံးထဲ ဂျုံမှုန့်ကို ထည့်ပါ။ ပြီးလျှင် ရေကို အနည်းငယ်စီ ထည့်ပြီး မွှေပါ။ မုန့်နှစ် မပျစ်မကျဲ အနေအထား ရောက်တဲ့ထိ ရေထည့်ပြီး မွှေပါ။ ဆားထည့်ပါ။ ပြီးလျှင် ဒယ်အိုးတစ်လုံးထဲ ခြစ်ထားတဲ့ အုန်းသီးဖတ်နှင့် သကြားကို ထည့်ပြီး မီးအေးအေးနဲ့ သကြားအရည်ပျော်တဲ့အထိ မွှေပါ။ ပြီးလျှင် ပန်းကန်လုံးထဲ ထည့်ပြီး အအေးခံထားပါ။ ပြီးလျှင် မုန့်လုပ်မယ့် ဒယ်ပြားကို အပူပေးပါ။ ပြီးလျှင် မုန့်နှစ် ၁ ဇွန်း စာ ခပ်ပြီး ဒယ်ပြားပေါ်မှာ အဝိုင်းပုံစံ ဖြန့်ပါ။ ကြက်ဥ အနည်းငယ်ကို ဖြန့်ပြီး ထည့်ပါ။ ပြီးလျှင် မုန့်ဘေးပတ်ပတ်လည်ကို ဆီအနည်းငယ် သုတ်ပါ။ ပြီးလျှင် မုန့်သားကို တစ်ဖက်လှန်ပါ။ ပြီးလျှင် အုန်းသီးဖတ်လေးတွေကို ထည့်ပါ။ ပြီးလျှင် မုန့်ကို ကိုယ်လိုချင်တဲ့ ပုံ ခေါက်ပြီး ခန ထားပါ။ အရောင်အနည်းငယ်သန်းလာရင် ဆယ်ပြီး ပန်းကန်ထဲထည့်ပါ။ ပြီးလျှင်တော့ အရသာရှိတဲ့ မုန့်သိုင်းခြုံလေး ရပါပြီ။ #Taste_Window_Food_Magazine #Half_Potato_Food_Television #MAMA #InstantNoodles #TinTinOo #မုန့်သိုင်းခြုံ #မြန်မာမုန့်ခရီးစဉ်(၂) #မုန့်လုပ်နည်းများ