Перейти к содержимому

ရတနာတို့ရဲ့ အလှတရား နိုင်ငံ့အတွက် အင်အား | (၆၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ #MyanmarGems

ppib official

0:00 / 0:00

ရတနာတို့ရဲ့ အလှတရား နိုင်ငံ့အတွက် အင်အား | (၆၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ #MyanmarGems

15 513 просмотров · 4 дн. назад
ppib official
20,7 тыс. подписчиков
15 513 просмотров · 4 дн. назад
(၆၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၉ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ခဲ့သည်။ နိုင်ငံတော်သမ္မတသည် ပြပွဲတွင် ရောင်းချရန် ခင်းကျင်းပြသထားသည့် ကျောက်စိမ်း၊ ကျောက်မျက်နှင့် ပုလဲအတွဲများ၊ ပုဂ္ဂလိက ကျောက်မျက်ရတနာအချောထည် အရောင်းပြခန်းများနှင့် ကျောက်စိမ်းရိုင်းအတွဲများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။ ယခုကျင်းပသည့် ပြပွဲတွင် ပုလဲအတွဲ ၇၀၀၊ ကျောက်မျက်အတွဲ ၁၆၀ နှင့် ကျောက်စိမ်းအတွဲ ၃,၀၇၃ တို့ကို ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များအား သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်သည်။ ထို့ပြင် ပုဂ္ဂလိက ကျောက်မျက်ရတနာအချောထည် အရောင်းပြခန်းများလည်း ဖွင့်လှစ်ရောင်းချလျက်ရှိသည်။ မြန်မာ့ကျောက်မျက်ရတနာပြပွဲများကို ၁၉၆၄ ခုနှစ်မှ စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး နိုင်ငံခြားဝင်ငွေရရှိရေးနှင့် နိုင်ငံသားများအတွက် စီးပွားရေးအကျိုးဖြစ်ထွန်းမှုများ ရရှိစေရေးတို့တွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ (၆၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို အောက်တိုဘာ ၁၇ ရက်အထိ ကျင်းပမည်ဖြစ်ပြီး၊ ပြသရောင်းချသွားမှာဖြစ်သည့် မှတ်တမ်းပုံရိပ်များကို တင်ဆက်ထားပါသည်။ #ရတနာတို့ရဲ့အလှတရားနိုင်ငံ့အတွက်အင်အား #မြန်မာ့ကျောက်မျက်ရတနာပြပွဲ #၆၁ကြိမ်မြောက်မြန်မာ့ကျောက်မျက်ရတနာပြပွဲ #နိုင်ငံတော်သမ္မတ #ဦးမင်းအောင်လှိုင် #ကျောက်စိမ်း #ကျောက်မျက် #ပုလဲ #မြန်မာ့ရတနာ #MyanmarGems #gems #myanmarjade #PPIB