Перейти к содержимому

မြင်းခြံက လက်မရွံ့အမျိုးသမီး ပျူစောထီး

The Irrawaddy News

0:00 / 0:00

မြင်းခြံက လက်မရွံ့အမျိုးသမီး ပျူစောထီး

1 907 946 просмотров · 2 г. назад
The Irrawaddy News
1,64 млн подписчиков
1 907 946 просмотров · 2 г. назад
မြင်းခြံက လက်မရွံ့အမျိုးသမီး ပျူစောထီး (ရုပ်/သံ) ဧရာဝတီ၊ ဩဂုတ် ၁၂ ၊ ၂၀၂၄ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်မှာ ပြည်သူလူထုကို ခြိမ်းခြောက်ပြီး နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ ပျူစောထီးအဖွဲ့ကို ဦးဆောင်နေသူဟာ ဒေါ်သီတာယုမွန်ဆိုတဲ့ အမျိုးသမီးဖြစ်ပါတယ်။ ဒေါ်သီတာယုမွန်ဟာ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို)က ပေးအပ်ထားတဲ့ မင်္ဂလဓမ္မမဏိဇောတဓရဘွဲ့ ရရှိထားသူ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်ဖြစ်ပြီး ပျူစောထီးခေါင်းဆောင်၊ သွေးသောက်အဖွဲ့ဝင် အဖြစ် ညှင်းပန်းနှိပ်စက်သတ်ဖြတ်တဲ့နေရာမှာ လက်မရွံ့တဲ့သူတဦးဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ မြင်းခြံမှာ ပျူ​စောထီးတပ်​တွေရဲ့စစ်ဆင်ရေးတွေ၊ စစ်ကြောင်းတွေကို သူကိုယ်တိုင် ဦးဆောင်လေ့ရှိတယ်လို့ ဆိုပါတယ်။ သူ့ရဲ့ နေအိမ်ရှေ့မှာ သာသနာ့အလံလွှင့်ထူထားသလို၊ အဲဒီအိမ်ရဲ့ ခြံဝင်းထဲမှာတော့ မြင်းခြံပြည်သူ့စစ်ဌာနေအဖွဲ့ရဲ့ ရုံးခန်းလည်းရှိနေပါတယ်။ မြင်းခြံမြို့မှာ ​ဒေါ်သီတာယုမွန်ရဲ့ ပျူ​စောထီးတပ်​တွေဟာ တန်ခိုးအထွားဆုံးဖြစ်ပြီး သူဟာ ​ဒေသခံ​တွေ​ကြောက်ရွံ့ရတဲ့ အာဏာရှင်တဦး လို့ဆိုပါတယ်။ This article is supported by the Transition Promotion Programme, Ministry of Foreign Affairs of the Czech Republic. #မြန်မာ #ဧရာဝတီ #မြင်းခြံ #ပျူ​စောထီး #​ဒေါ်သီတာယုမွန် #မြင်းခြံပြည်သူ့စစ် စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://bit.ly/3btQYpR