Перейти к содержимому

September 24th Bible Study Pastor Rev.Saw Eh Yah "ထာဝရဘုရား "

MBFC BAY AREA

0:00 / 0:00

September 24th Bible Study Pastor Rev.Saw Eh Yah "ထာဝရဘုရား "

60 просмотров · 2 нед. назад
MBFC BAY AREA
596 подписчиков
60 просмотров · 2 нед. назад
ထာဝရဘုရား မိန့်တော်မူသည်ကား၊ သာသနာပလူတို့၏ဘာသာဓလေ့၌ မကျင်လည်ကြနှင့်။ သာသနာပလူတို့ ထိတ်လန့်ကြောက်တတ်သော မိုးကောင်းကင်နိမိတ်တို့မှ မထိတ်လန့် မကြောက်ကြနှင့်။ လူအမျိုးမျိုးကျင့်သော အကျင့်ဓလေ့တို့သည် အချည်းနှီးဖြစ်ကြ၏။ အဘယ်သို့နည်းဟူမူကား၊ သူတို့သည် တော၌ သစ်ပင်ကိုခုတ်လှဲ၍၊ ပုဆိန်နှင့်လုပ်တတ်သော လက်သမား၏ လက်လုပ်ရာဖြစ်သောအရာကို၊ ရွှေငွေနှင့် လှပစွာ ချယ်လှယ်ပြီးလျှင်၊ မလှုပ်ရှားစေခြင်းငှာ သံချွန်ကို တူနှင့်ရိုက်ထားကြ၏။ သူသည် စွန်ပလွံပင်ကဲ့သို့ ခိုင်မာ၍ စကားမပြောတတ်။ မိမိအလိုအလျောက်မသွားနိုင်သောကြောင့်၊ ထမ်း၍သွားရ၏။ ထိုအရာတို့ကို မကြောက်ကြနှင့်။ အန္တရာယ်ကို မပြုနိုင်။ ကျေးဇူးကိုလည်း မပြုနိုင်။ အို ထာဝရဘုရား၊ ကိုယ်တော်နှင့် အဘယ်သူမျှ မတူပါ။ ကိုယ်တော်သည် ကြီးမြတ်တော်မူ၏။ နာမတော်သည်လည်း၊ တန်ခိုးတော်အားဖြင့် ကြီးမြတ်တော်မူ၏။ အို လူအမျိုးမျိုးတို့၏ ဘုရင်၊ ကိုယ်တော်ကို ကြောက်သင့်သည် ဖြစ်၍၊ အဘယ်သူသည် မကြောက်ဘဲနေရပါမည်နည်း။ အမျိုးမျိုးသော ပညာရှိအပေါင်းတို့၌လည်းကောင်း၊ ခပ်သိမ်းသော တိုင်းနိုင်ငံတို့၌လည်းကောင်း ကိုယ်တော်နှင့် တူသောသူ တစ်စုံတစ်ယောက်မျှမရှိပါ။ သူတို့သည် တစ်လုံးတစ်ဝတည်း တိရစ္ဆာန်သဘောနှင့် မိုက်သောသဘောရှိကြ၏။ သစ်သားသော်လည်း မိုက်သောအယူကို ဆုံးမတတ်၏။ ထုလုပ်တတ်သောသူ၊ သွန်းတတ်သောသူ၏ လက်လုပ်ရာငွေပြားကို တာရှုမြို့မှလည်းကောင်း၊ ရွှေကိုလည်း ဥဖတ်မြို့မှလည်းကောင်း ဆောင်ခဲ့တတ်၏။ ပြာသောအထည်၊ မောင်းသောအထည်နှင့် ခြုံတတ်၏။ လိမ္မာသောသူ လုပ်ရာသက်သက်ဖြစ်သတည်း။ ထာဝရဘုရားမူကား၊ မှန်သောဘုရား၊ အသက်ရှင်သောဘုရား၊ နိစ္စထာဝရဘုရင်ဖြစ်တော်မူ၏။ အမျက်တော်ထွက်လျှင် မြေကြီးတုန်လှုပ်ရ၏။ လူအမျိုးမျိုးတို့သည် အမျက်တော်ကိုမခံနိုင်ကြ။ သာသနာပလူတို့အား ပြောရသောစကားဟူမူကား၊ ကောင်းကင်နှင့်မြေကြီးကို မဖန်ဆင်းသောဘုရားတို့သည် ဤကောင်းကင်အောက်၊ ဤမြေကြီးပြင်မှ ကွယ်ပျောက်ကြလိမ့်မည်။ ယေရမိ 10:2-11 သို့ဖြစ်လျှင်၊ ကောင်းကင်ဘုံ၌ ခမည်းတော်တစ်ပါး၊ နှုတ်ကပတ်တော်တစ်ပါး၊ သန့်ရှင်းသော ဝိညာဉ်တော်တစ်ပါး၊ သက်သေခံသုံးပါးရှိ၍ ထိုသုံးပါးတို့သည် တစ်လုံးတစ်ဝတည်း ဖြစ်တော်မူ၏။- ၁ ရှင်ယောဟန် 5:7 မြေကြီးပေါ်၌လည်း ဝိညာဉ်တော်တစ်ပါး၊ ရေတစ်ပါး၊ အသွေးတစ်ပါး၊ သက်သေခံသုံးပါးရှိ၍ ထိုသုံးပါးတို့သည် တညီတညွတ်တည်း ဖြစ်၏။- ၁ ရှင်ယောဟန် 5:8 ထာဝရဘုရားသည် သေစေသောအခွင့်၊ အသက်ရှင်စေသောအခွင့်၊ မရဏနိုင်ငံသို့ နှိမ့်ချသောအခွင့်၊ ထမြောက်စေသောအခွင့် ရှိတော်မူ၏။ ဆင်းရဲစေခြင်းငှာလည်းကောင်း၊ ရတတ်စေခြင်းငှာလည်းကောင်း၊ ထာဝရဘုရားပြု၍၊ နှိမ့်ချသောအခွင့်၊ ချီးမြှောက်သောအခွင့် ရှိတော်မူ၏။ ၁ ဓမ္မရာဇဝင် 2:6-7 အသက်ရှင်သော သတ္တဝါအပေါင်းတို့၏ ဇီဝအသက်နှင့် လူသတ္တဝါခပ်သိမ်းတို့၏ ထွက်သက်ဝင်သက်သည် ဘုရားသခင့်လက်တော်၌ ရှိ၏။ ယောဘ 12:10 နာမ်ဝိညာဉ်ကိုအစိုးရ၍ ချုပ်ထားနိုင်သောလူ တစ်ယောက်မျှမရှိ။ သေချိန်ရောက်သောအခါ တန်ခိုးမရှိ။ ထိုစစ်မှုထဲက ထွက်စရာအခွင့် မရှိ။ ဒုစရိုက်ကိုပြုသော်လည်း၊ ဒုစရိုက်သည် ထိုအမှုထဲက မကယ်မနုတ်နိုင်။ ဒေသနာ 8:8 ကိုယ်တော်ကို ကြောက်ရွံ့စရာအကြောင်း ရှိစေခြင်းငှာ၊ အပြစ်လွှတ်ခြင်းအခွင့်ကို ပိုင်တော်မူ၏။ဘုရားသခင်မူကား၊ ဉာဏ်သတ္တိ၊ အစွမ်းသတ္တိနှင့် ပြည့်စုံတော်မူ၏။ ပညာသတ္တိကို ပေးနိုင်သောအခွင့် ရှိတော်မူ၏။ ယောဘ 12:13 ထာဝရဘုရားသည် မောရှေရှေ့၌ကြွသွားတော်မူလျက်၊ ထာဝရဘုရား၊ ထာဝရဘုရား၊ ချစ်သနားခြင်းမေတ္တာကရုဏာနှင့် ပြည့်စုံ၍ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ သစ္စာစောင့်ခြင်းနှင့် ကြွယ်ဝတော်မူထသော၊ ထွက်မြောက်ရာ 34:6 ငါတို့သည် အပြစ်ရှိစဉ်ပင်၊ ခရစ်တော်သည် ငါတို့အတွက်ကြောင့် အသေခံတော်မူသည်ဖြစ်၍၊ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက် ချစ်တော်မူသည်ကို ငါတို့အား ထင်ရှားစွာပြတော်မူ၏။- ရောမ 5:8 ဆာလံ 130:4 ကိုယ်တော်ကိုမုန်းသောသူတို့ကို ဖျက်ဆီးခြင်းငှာ၊ သူတို့မျက်မှောက်၌ အပြစ်ပေးသောဘုရား ဖြစ်တော်မူကြောင်းကို သိမှတ်လော့။ ကိုယ်တော်ကို မုန်းသောသူတို့ကို အားမနာဘဲ၊ သူတို့မျက်မှောက်၌ အပြစ်ပေးတော်မူမည်။ တရားဟောရာ 7:10