မဟာပဒုမဇာတ်တရားဒေသနာတော် - မင်းကွန်းတိပိဋကဆရာတော်ဘုရားကြီး
Dhamma Thitsar
0:00 / 0:00
မဟာပဒုမဇာတ်တရားဒေသနာတော် - မင်းကွန်းတိပိဋကဆရာတော်ဘုရားကြီး
20 625 просмотров · 1 год назад
Dhamma Thitsar
78,4 тыс. подписчиков
20 625 просмотров · 1 год назад
မဟာပဒုမဇာတ်တရားဒေသနာတော် - မင်းကွန်းတိပိဋကဆရာတော်ဘုရားကြီး
နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် တိတ္ထိတို့သည် လာဘသက္ကာရမှ ဆုတ်ယုတ်သည်ဖြစ်၍ စိဉ္စမာနဝိကာအား မြတ်စွာဘုရားကို မဟုတ်မမှန်စွပ်စွဲဖျက်ဆီးရန် တိုက်တွန်းကုန်၏။
စိဉ္စမာနဝိကာလည်း တိတ္ထိတို့တိုက်တွန်းသောအတိုင်း မြတ်စွာဘုရားကို ဖျက်ဆီးလိုသဖြင့် ညအခါ ဇေတဝန်ကျောင်းတော်သို့သွား၍ အိပ်ဟန်ပြုကာ သစ်သားပျဉ်ချပ်ဖြင့် ကိုယ်ဝန်ဆောင်ဟန်ပြု၍ ညချမ်းအခါ တန်ဆာဆင်အပ်သော တရားဟောပလ္လင်ထက်၌ တင့်တယ်စွာတရားဟောတော်မူစဉ် လာလတ်၍ မြတ်စွာဘုရားကိုစွဲ၍ ကိုယ်ဝန်ရကြောင်း ပရိသတ်လေးပါးတို့အလယ်တွင် မဟုတ်မမှန်ကြံဖန်စွပ်စွဲလေ၏။
ထိုအခိုက် သိကြားမင်းသည် နတ်သားလေးယောက်နှင့်တကွ လာပြီးလျှင် ကြွက်ငယ်အဟန် ဖန်ဆင်းစေ၍ သစ်သားပျဉ်ချပ်တွင် ဖွဲ့ချည်သောကြိုးတို့ကို ကိုက်ဖြတ်စေ၏။ ထိုအခါ ကိုယ်ဝန်ဆောင်အဟန်ပြုလုပ်ထားသော ပျဉ်ချပ်သည် စိဉ္စမာနဝိကာ၏ ခြေဘမိုးပေါ်သို့ကျသဖြင့် ခြေဖျားနှစ်ဘက်တို့သည် ပြတ်ကုန်၏။ လူတို့သည် ပျဉ်ချပ်ကိုမြင်လျှင် ထ၍ စိဉ္စမာနဝိကာအား “ဟယ်-အယုတ်မ... နင်အဘယ်ကြောင့် မြတ်စွာဘုရားကို မဟုတ်မမှန်စွပ်စွဲဘိသနည်း” ဟု ကြိမ်းမောင်းလျက် ဦးခေါင်းထက်၌ တံတွေးထွေးပြီးလျှင် ဇေတဝန်ကျောင်းတော်မှ နှင်ထုတ်ကုန်၏။ စိဉ္စမာနဝိကာလည်း မြတ်စွာဘုရားမြင်တော်မူရာ ဥပစာကိုလွန်လျှင် မြေမျို၍ အဝီစိငရဲသို့ ကျလေ၏။
ရဟန်းတို့သည် တရားသဘင်၌ စိဉ္စမာနဝိကာ အကြောင်းကို စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ သိတော်မူလျှင်– “ရဟန်းတို့ စိဉ္စမာနဝိကာသည် ယခုအခါ၌သာ ငါဘုရားကို မဟုတ်မမှန်စွပ်စွဲသဖြင့် ကြီးစွာသော ပျက်စီးခြင်းသို့ ရောက်သည်မဟုတ်၊ ရှေးအခါ၌လည်း ရောက်ဘူးပြီ”ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။
တရားများနာကြားပြီး အသိထူး၊အသိဉာဏ်များတိုးတက်နိုင်ပါစေ။ဗုဒ္ဓမြတ်စွာဘုရားရဲ့အဆုံးမတရားများဝေမျှကုသိုလ်ပွားများနိုင်ကြပါစေ
တရားချစ်ခင် တရားတော်များကို နာယူကြသော ဓမ္မမိတ်ဆွေ သူတော်စင် အပေါင်းတို့အား တရား ဓမ္မများကို နေ့စဉ် နေ့တိုင်း အမြဲမပျက် တင်ဆက်ပေးလျှက်ရှိပါသည်။ အသစ်တင်သော တရားတော်များအား သိရှိနိုင်ရန် Subscribe လုပ်ထားပေးရန် တောင်းဆိုအပ်ပါသည်။
သဗ္ဗဒါနံ_ဓမ္မဒါနံ_ဇိနာတိ
#တရားတော်များ #မြန်မာတရား #tayardaw