Перейти к содержимому

Khit Thit သတင်းဌာန၏ မတ် ၂၆ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Khit Thit Media

0:00 / 0:00

Khit Thit သတင်းဌာန၏ မတ် ၂၆ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

747 543 просмотра · 1 год назад
Khit Thit Media
3,27 млн подписчиков
747 543 просмотра · 1 год назад
Khit Thit သတင်းဌာန၏ မတ် ၂၆ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ မတ် ၂၆ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ -အာရက္ခတပ်တော် AA နဲ့ PDF ပူးပေါင်းတပ်တွေ ထိုးဖောက်ဝင်ရောက်နေတဲ့ ဧရာဝတီ တိုင်း ထဲမှာ လေးမျက်နှာမြို့အနီးအထိ AA နဲ့ PDF တပ်တွေရဲ့ ထိုးစစ်တွေ ရောက်ရှိလာပြီဖြစ်တဲ့အတွက် စစ်ကောင် စီ ဘက်က ငဝန်တံတားအဆင်း ရွှေသစ်စု ကျေးရွာမှာ ခံစစ်ပြင်ဆင်နေရသလို ပြည်သူ တွေကိုပါ သူတို့ စစ်သားတွေအတွက် ထင်မင်းနဲ့ဟင်းတွေ ခြိမ်းခြောက် ချက်ခိုင်းပြီးတော့ သူတို့ဆီကို အတင်းအဓ္ဓမ ပို့ဆောင်ခိုင်းနေတယ်လို့ ဒေသခံပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာအမြစ်တွယ်နေတဲ့ စစ်အာဏာရှင်စနစ်တစ်ခုလုံး ချေမှုန်း သုတ်သင်နိုင်ရေးအတွက် တော်ရုံဇွဲသတ္တိ၊ တော်ရုံအားထုတ်မှုနဲ့ မရနိုင်သလို ၊ ၊အပင်ပန်းခံရမှာတွေ ၊ အဆင်းရဲခံရမှာတွေ ရှိမယ့်အပြင် စစ်ကောင်စီတပ်ကို ခြေမှုန်း သုတ်သင်တဲ့နေရာမှာလည်း စိတ်နဲ့ခန္ဓာ မာကြောနေရမယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောလိုက်ပါတယ်။ အကြမ်းဖက် စစ်ကောင်စီက မြန်မာနိုင်ငံမှာ စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ လူငယ်တွေကို ပြည်ထွက်ခွင့် ပိတ်ပင်ထားရုံတင်မက နောက်ထပ် ပြည်ပကို သွားရောက် အလုပ်လုပ်ကိုင်မှုတွေအတွက် လစဉ် အရေအတွက် အကန့် အသတ်နဲ့ ပိတ်ပင်လိုက်ပြီးတဲ့နောက်မှာပဲ ပြည်တွင်းမှာသာ အလုပ်လုပ်ကြဖို့ အကြမ်းဖက် မင်းအောင်လှိုင်က ပြောဆိုလာတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။