Перейти к содержимому

အရှင်သီလာနန္ဒာဘိဝံသ - ပရိတ်ကြီးအကြောင်းသိကောင်းစရာ (၁/၄)

eDhamma

0:00 / 0:00

အရှင်သီလာနန္ဒာဘိဝံသ - ပရိတ်ကြီးအကြောင်းသိကောင်းစရာ (၁/၄)

750 просмотров · 2 г. назад
eDhamma
125 тыс. подписчиков
750 просмотров · 2 г. назад
(အခွေအားလုံးနာယူရန်၊ Playlist:)    • အရှင်သီလာနန္ဒာဘိ၀ံသ တရားများ ( အခြေခံဗုဒ္ဓ...   အမေရိကန်ပြည် California ပြည်နယ် Halfmoon Bay မြို့ရှိ ဓမ္မနန္ဒာ၀ိဟာရကျောင်းကြီးကိုတည်ထောင်ခဲ့သူ အရှင်သီလာနန္ဒာဘိဝံသ ဟောကြားတော်မူသော အခြေခံဗုဒ္ဓဘာသာ (၂၃/၂၆) - ပရိတ်ကြီးအကြောင်းသိကောင်းစရာ (၁/၄) တရားတော်ဖြစ်ပါသည်။​ အရှင်သီလာနန္ဒာဒာဘိဝံသသည် ချမ်းမြေ့ဆရာတော်ကြီး အရှင်ဇနကာဘိ၀ံသ၊ ဆယ်မိုင်ကုန်းဆရာတော်ကြီး ဦးပဏ္ဏိတ တို့နည်းတူ မဟာစည်ဆရာတော်ကြီး၏ တပည့်အရင်းတစ်ဦးဖြစ်ပြီး ဆရာတော်ကြီး အမေရိကားသို့ သာသာနာပြုကြွစဥ် California ပြည်နယ် San Francisco Bay Area တွင် သာသနာဆက်လက်ပြုရန် ထားရစ်ခြင်းခံခဲ့ရသူဖြစ်ပါသည်။​ ဆရာတော်သည် အပြည်ပြည်ဆိုင်ရာ သာသနာ့တက္ကသိုလ်၏ ပထမဆုံးသောပါမောက္ခချုပ်လည်းဖြစ်ပါသည်။ စာချရာတွင်လည်းတော်လှသည်ဟုနာမည်ကြီးသူဖြစ်ပြီး ​ မန္တလေးမစိုးရိမ်တိုက်သစ်ဆရာတော် ဦးရာဇဓမ္မဘိဝံသ စသူတို့နင့်ခေတ်ပြိုင်ဖြစ်ပါသည်။ အင်္ဂလိပ်စာလည်း ကျွမ်းကျင်လှသဖြင့် နိုင်ငံခြားသားများ ဗုဒ္ဓဘာသာအကြောင်းအရာများကို ပြန်ဆိုမှုအမှားများကို မကြာခဏထောက်ပြလေ့ရှိသည်ကို ပါချုပ်ဆရာတော်ကြီးပင်ဟောပြောဖူးပါသည်။​ မဟာစည်ဆရာတော်ကြီး၏ ထေရုပ္ပတ္တိကိုလည်း ရေးသားပြုစုခဲ့သူဖြစ်ပါသည်။​ တင်ပြပေးမည့်တရားများမှာ....အခြေခံဗုဒ္ဓဘာသာ ၂၆ ပိုင်း ဖြစ်ပါသည်။​