🇲🇲 ပအို့ဝ်ဒေသ စျေးနေ့ ရှမ်း/တောင်။ Market Day in the Mountain Village of Shan 26/06/2026
Unique Life In Myanmar 🇲🇲
0:00 / 0:00
🇲🇲 ပအို့ဝ်ဒေသ စျေးနေ့ ရှမ်း/တောင်။ Market Day in the Mountain Village of Shan 26/06/2026
84 122 просмотра · 2 месяца назад
Unique Life In Myanmar 🇲🇲
75,1 тыс. подписчиков
84 122 просмотра · 2 месяца назад
ဤရိုက်ကူးမှုသည် ကျနော်တို့နေထိုင်ရာ ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသ ၆ မှ ကျေးရွာစျေးနေ့ အပြေးကလေး စျေးဝယ်ထွက်ရင်း မဂ်လာ မနက်ခင်းချိန် ဒေသခံပြည်သူများရဲ့ ရိုးသားအေးချမ်း ဖော်ရွေသည့် အငွေ့အသက်များ ခံစားရသည့်အတွက် ကျနော့်ကိုအားပေးကြသော ပြည်တွင်းပြည်ပမှ ချစ်မိတ်ဆွေများကိုလည်း ကြည်နူးမှုဝေမျှချင်လို့ စီစဥ်တင်ဆက်လိုက်ရပါသည်။
ခေတ်ရေစီးကြောင်းအရ တဟုန်ထိုး ထိုးတက်လာသော ကုန်စျေးနှုန်းများအကြောင်းလည်း အတတ်နိုင်ဆုံး ရိုက်ကူးထားသည်ခင်ဗျာ။
ဒေသခံ လူကြီးမင်းများ၏ အရာရာ စည်းကမ်းတကျ ထိန်းကြောင်းပေးနိုင်မှုကလည်း အတုယူစရာကောင်းပါသည်။
ရိုးသား ကြိုးစား ရွှေပအိုဝ့်တို့နှင့် ဟန်ချက်ညီညီ အတူ နေထိုင်၊ လုပ်ကိုင်၊ စားသောက်မှုများသည်လည်း လွန်စွာ အေးမြသည်လို့ ခံစားမိပါသည်။
ဤဌာနေ၊ ဤကျေးရွာများ ထာဝရတည်မြဲခိုင်ခံ့မြဲမြံပါစေကြောင်း အစဥ်ဆုတောင်းနေပါသည်ခင်ဗျာ။ 🥰🇲🇲✌️