Перейти к содержимому

တော်လှန်ရေးထဲက အိပ်မက်ဆိုး - ပါဂျောင် ကျောင်းသား သ_တ် ဖြတ်မှုများ

Myanmar Archive

0:00 / 0:00

တော်လှန်ရေးထဲက အိပ်မက်ဆိုး - ပါဂျောင် ကျောင်းသား သ_တ် ဖြတ်မှုများ

69 351 просмотр · 3 мес. назад
Myanmar Archive
123 тыс. подписчиков
69 351 просмотр · 3 мес. назад
၁၉၈၈ ခုနှစ် ရန်ကုန်လမ်းမတွေပေါ်ကနေ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ ကျောင်းသားလူငယ်တွေဟာ တောထဲကို ရောက်သွားတဲ့အခါ ABSDF (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး) ကို တည်ထောင်ခဲ့ကြပါတယ် ။ ဒါပေမဲ့ ပါဂျောင်စခန်းရဲ့ ဝေးလံခေါင်ဖျားမှု၊ ဆက်သွယ်ရေး ခက်ခဲမှုနဲ့ စစ်ရေးဖိအားတွေကြားမှာ "စခန်းထဲမှာ ထောက်လှမ်းရေးတွေ ဝင်နေတယ်" ဆိုတဲ့ ကြောက်စိတ်နဲ့ သံသယတွေ အမြစ်တွယ်လာခဲ့ပါတယ်... ၁၉၉၁ ခုနှစ် ဩဂုတ်လကစပြီး "ထောက်လှမ်းရေး" စွပ်စွဲချက်တွေနဲ့ ကျောင်းသားရဲဘော်တွေကို စတင်ဖမ်းဆီးခဲ့ရာ ၁၉၉၂ ခုနှစ်အစပိုင်းမှာ ဖမ်းဆီးခံရသူ (၁၀၆) ဦးအထိ ရှိလာခဲ့ပြီး စနစ်တကျ ညှဉ်းပန်းနှိပ်စက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ် ။ အဆိုးရွားဆုံးကတော့ ၁၉၉၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက် (ပြည်ထောင်စုနေ့) မှာ အပြစ်မဲ့ ကျောင်းသားရဲဘော် (၁၅) ဦးကို စနစ်တကျ သတ်ဖြတ်ခဲ့တဲ့ ဖြစ်ရပ်ပဲ ဖြစ်ပါတယ်... ဒီဗီဒီယိုမှာတော့ Truth and Justice Committee (TJC) ရဲ့ Dignity အစီရင်ခံစာ နဲ့ မှတ်တမ်းတွေကို ကိုးကားပြီး ပါဂျောင်ရဲ့ အမှောင်ဖုံးခဲ့တဲ့ သမိုင်းကြောင်းကို ပြန်လည် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်... ပါဂျောင်ဟာ သမိုင်းထဲက အနာဟောင်းတစ်ခုကို ပြန်တူးဆွဖို့ မဟုတ်ဘဲ၊ အာဏာနဲ့ သံသယ ပေါင်းစပ်သွားတဲ့အခါ ဘယ်လောက်အထိ အန္တရာယ်ကြီးမားနိုင်တယ်ဆိုတာကို သင်ခန်းစာယူဖို့အတွက်သာ ဖြစ်ပါတယ် သမိုင်းကြောင်းဆိုင်ရာ မှတ်တမ်း (Archive) တွေကို စိတ်ဝင်စားတယ်ဆိုရင် Like နဲ့ Subscribe လုပ်ထားဖို့ မမေ့ပါနဲ့ဦး။ #ပါဂျောင် #StudentRevolution #HumanRights #MyanmarArchive