ပုလဲမြို့ပေါ်မှာ ကင်းလှည့်နေတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရလို့ ၁ ဦးသေဆုံး
Myaelatt Athan
0:00 / 0:00
ပုလဲမြို့ပေါ်မှာ ကင်းလှည့်နေတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရလို့ ၁ ဦးသေဆုံး
9 395 просмотров · 3 г. назад
Myaelatt Athan
371 тыс. подписчиков
9 395 просмотров · 3 г. назад
ပုလဲ၊ မေ၈၊ ၂၀၂၃။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်က ပုလဲ-ဂန့်ဂေါကား လမ်းမပေါ်မှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်သားတွေ မေလ၈ရက် မနက် ၉နာရီကျော်လောက်မှာ တိုက်ခိုက်ခံရတာကြောင့် စစ်သား ၁ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားခဲ့ကြတယ်လို့ PDFတာဝန်ရှိသူကပြောပါတယ်။
စစ်ကောင်စီတပ်သား အင်အား ၁၀၀ကျော်ကို ၃ဖွဲ့ခွဲပြီးကင်းလှည့်နေကြချိန် PDF ၅ဖွဲ့က သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဟိန္နက Local People Defence Force-YMB မြို့ပြပျောက်ကြားတပ်ဖွဲ့ရဲ့ ခေါင်းဆောင် ကိုဂန့်ကပြောပါတယ်။
စစ်ကောင်စီဘက်ကလည်း PDFတွေရဲ့ ထွက်ပေါက်လမ်းတွေကို ပိတ်ဆို့ပြီးတော့ ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် အပြန်အလှန်ထိတွေ့တိုက်ခိုက်မှု ၁၅မိနစ်ကြာမြင့်ခဲ့ပြီးနောက် ရဲဘော်တွေအထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ ကိုဂန့်က ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကို ဟိန္နက Local People Defence Force-YMB မြို့ပြပျောက်ကြားတပ်ဖွဲ့၊ Thakhin Brown Peocack PDF၊ B21 PDF၊ Pale Local PDF၊ မုဆိုးလေးအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
သတင်း- အောင်စိုး၊ တည်းဖြတ်- ငြိမ်းဇော်
#မြေလတ်အသံ