Перейти к содержимому

အိမ်ကြီး တကျိကျိမြည်အောင်ချစ်ကြတဲ့ အိမ်ငှားစုံတွဲ

Myanmar Pra Channel

0:00 / 0:00

အိမ်ကြီး တကျိကျိမြည်အောင်ချစ်ကြတဲ့ အိမ်ငှားစုံတွဲ

227 295 просмотров · 1 год назад
Myanmar Pra Channel
23,9 тыс. подписчиков
227 295 просмотров · 1 год назад
ရုံးပိတ်ရက် ကျနော်တို့လင်မယားရယ်၊သားလေးရယ်၊ ယောက်ခမ နှစ်ယောက်လုံးရယ် ထမင်းဝိုင်းဖွဲ့ စားနေကြတယ်။ အဲလိုဝိုင်းဖွဲ့စားနေကြချိန်မှာ သားလေးက- "ဟင် ငလျှင်လှုပ်တယ်၊ ငလျှင် လှုပ်တယ်" ဆိုပြီး ထမင်းလုတ်တန်းလန်းနဲ့ ထအော်လိုက်တယ်။ ကြည့်လိုက်တော့ တန်းမှာ ချိတ်ထားတဲ့ သားလေးရဲ့ကျောင်းလွယ်အိတ်က ခါရမ်းလို့နေတယ်။ အိမ်ကလည်း သိမ့်ကနဲ ငြိမ့်ကနဲ နဲ့ ကြိကြိ ကြိတ်ကြိတ် အသံတွေ မြည်နေလို့နေတယ်။ အိမ်ပေါ်ထပ်က အိမ်ငှားလင်မယား ချစ်တင်းနှောနေတာပဲဆိုတာ ကျွန်တော် သိလိုက်တယ်။ မိန်းမက ဇက်ကလေးပု၊ လျှာလေးတစ်လစ်ထုတ်ပြီး ထမင်းပန်းကန်ကိုဆွဲကာ ရှက်ရှက်နဲ့ အပြင်ထွက်သွားတယ်။ ယောက်ခမ နှစ်ယောက်စလုံးကလည်း မျက်နှာတွေ နီရဲပြီး စားလက်စ ပန်းကန်တွေသိမ်းကာ ထွက်သွားကြတယ်။ ခက်တော့နေပြီ။ ဒါ လူ့အခွင့်အရေး၊ လင်မယားအခွင့်အရေး ဆိုတာ ကျနော် သဘောပေါက်လိုက်ပါပြီ။ ကျနော့်အိမ်လေးက စောစောကပြောခဲ့ လို ခြေတံရှည်လေး အောက်ထပ်ကို အုတ်ပတ်ကားတက်လိုက်ရင်တော့ ငလျှင် မလှုပ်နိုင်။ ခုတော့- ဒုက္ခ ကစပြီ၊ အဲ လို အဖြစ်မျိုး နှစ်ခါသုံးခါကြုံရပြီဗျာ။ ကျနော်ဘာလုပ်ရမလဲ၊ ပြောရခက်ပါဘိနော်။ ဒါက ရပ်ကွက်မှာ ဆိုးသွမ်းပြီး အော်ဟစ်သောင်းကျန်းနေတာလည်းမဟုတ်၊ လင်မယားရန်ဖြစ်ပြီး မကြားဝံ့မနေသာဆဲဆို မိုက်ရိုင်းနေကြတာလည်းမဟုတ်၊ ဒုက္ခတော့ကျပြီ၊ ယောက်ခမ အဖွါးကြီးက ရိပ်သာရက်ရှည်ဝင်သွားတယ်၊ အဖိုးကြီး ကလည်း မရောက်တာကြပြီဆိုပြီး အကြောင်းပြကာ ရွာပြန်သွားလေရဲ့- ကျနော်တို့မြန်မာလူမျိုးက ဒါမျိုးကိစ္စတွေမှာ တကယ်အရှက်အကြောက်ကြီးကြတယ် မို့လား ပြီးတော့ ဒါ လူသားတစ်ယောက်၊လင်မယား နှစ်ယောက်ရဲ့ လွတ်လပ်တဲ့ အခွင့်အရေး ဆို‌ပေ မယ့်- အရှက်နဲ့ လူလုပ်ကြရတဲ့ ပတ်ဝန်းကျင်မှာ လူ့ကျင့်ဝတ်ဆိုတာ အရေးကြီးတယ်လို့မြင်မိပါတယ်ဗျာ။ ဒါ လူ့ကျင့်ဝတ်ကို မထီမဲ့မြင်လို့ ယူဆမိတယ်ဗျာ။ မှန်လား မှားလား မသိ၊ ကျနော်- ဘာလုပ်ရရင်ကောင်းမလဲ ဗျာ- ဘဝသရုပ်ဖော်၊ ဟာသ အချစ်ဇာတ်လမ်း ကြိုက်နှစ်သက်သူအတွက် စာရေးသူ အောက်စီဂျင်(ခေတ္တလုပြည်) ရဲ့ "အိမ်ရှင်ဒုက္ခ၊ အိမ်ငှားဒုက္ခ" ဆိုတဲ့ ဝတ္ထုတို ဇာတ်လမ်းလေး ကို မြန်မာပရချန်နယ် မှ တင်ဆက်သူ "ရွှေသဲ" မှ ဖတ်ပြထားပါတယ်။ အဆုံးထိ နားဆင်ပေးပါဦး။ @MyanmarPraChannnel #ဘဝသရုပ်ဖော် #အချစ် #horror #သရဲ #myanmarhorrorstories #သရဲတစ္ဆေအသံဇာတ်လမ်း #myanmaraudiobook #ghost #myanmarhorrorstory #myanmarghoststory #myanmarghoststories